Allergy ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလည်း


ဓါတ်မတည့်ခြင်းဖြစ်စေတဲ့အရောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ်ဆိုရင် Host  နဲ့ Environmental factors ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ ၊လိင် အမျိုးအစား ၊ လူမျိုး နဲ့ အသက်အရွယ်စသဖြင့် ပါရှိပါတယ် ။ ဒါပေမယ့်လည်းမျိုးရိုးဗီဇ (Genetic Factors ) တစ်ခုထဲနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ဓါတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ် ။ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ
အဖြစ်များစေတဲ့အကြောင်းအရင်း လေးခုကတော့

-ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious diseases) တွေ ထိတွေ့ခံရခြင်း
-ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
-ဓါတ်မတည့်စေသောအရာ (Allergen Levels)
-အစားအသောက် ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။

Food Allergens များ
-မြေပဲ
-pecan ဟုခေါ်သော ပန်းညိုရောင်အခွံရှိသော စားရသည့်သစ်စေ့
-pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး
-သစ်ကြားသီး
-နှမ်း
-ဘိန်းပန်း စသည်တို့ဖြစ်ပါတယ် ။

ကြက်ဥ ၊ ဘဲဥ စသည်တို့မှ ဓါတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက်
ငါးနှစ်အရွယ်မှာ အယောက် ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ ရှိပါတယ် ။ အဓိက
ဓါတ်မတည့်ခြင်းဖြစ်စေတာကတော့ ကြက်ဥ ၊ ဘဲဥမှ အနှစ်များမဟုတ်ပဲ အဖြူရောင်
ပရိုတိန်းအလွှာပဲဖြစ်ပါတယ် ။ နွားနို့ ၊ ဆိတ်နို့ နှင့် သိုးမှရသော နို့ ၊
ဒိန်ခဲစ သည်တို့ကလည်း Food allergens များပဲ ဖြစ်ပါတယ် ။ အခြား
အစားအသောက်မှ ဓါတ်မ တည့်မှုဖြစ်စေတဲ့အရာတွေကတော့ ပဲပိစပ် ၊ ဂျုံစေ့ ၊ ငါး ၊
shellfish ငါး (အခွံမာရှိ၍စားကောင်းသောငါး ) ၊ သစ်သီး သစ်ရွက်များ နဲ့
အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာ နဲ့ပြုလုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေပဲ
ဖြစ် ပါတယ် ။

Non-food protein allergen များ
-ကြက်ပေါင်စေး ၊ ရာဘာစေး
-ကီဝီသီး
-ထောပတ်သီး
-သစ်အယ်သီး
-ငှက်ပျောသီး စသည်တို့ ဖြစ်ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ