Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ


ဓါတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကတော့ ဖုန်မှုန့် ၊ ပန်းဝတ်မှုံ  စသဖြင့် အမျိုး မျိုးရှိပြီးအဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ် ။ အဲဒီလိုအခါမှာတော့လေနဲ့ ထိတွေ့တာနဲ့တင် ဓါတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ် ။ ( ဥပမာ မျက်စိ ၊နှာခေါင်း နှင့် အဆုတ်စသည် ) ဓါတ်မတည့်မှုကြောင့်ဇြစ်တဲ့ နှာမွှန်ခြင်း(Allergic Rhinitis) ကို hay fever လို့ အသိများ ပြီးနှာခေါင်းအတွင်းမအီမသာဖြစ်ခြင်း ၊ နှာချေခြင်း ၊ ယားယံခြင်းနဲ့မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ ရှူသွင်းလိုက်တဲ့ဓါတ်မတဲ့စေတဲ့အရာတွေကြောင့် လေပြွန်ပေါက်တွေကျဉ်းမြောင်းပြီး အသက်ရှူ
ကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။

အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus(အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း ၊ အသက်ရှုမ၀ခြင်းချောင်းဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ် ။

အစားအသောက်တွေ ၊ အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်ခြင်းမျိုးကိုတော့
Aspirin (သို့မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ကုသနိုင်ပါတယ် ။ အစားအသောက်ကြောင့်ဓါတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဗိုက်ဖောခြင်း ၊ အန်ခြင်း ၊၀မ်းသွားခြင်း ၊အရေပြားယားယံခြင်းနဲ့ အရေပြားယောင်ရမ်းခြင်းမျိုး ဖြစ်စေ နိုင်ပါတယ် ။
အစားအသောက်ကြောင့် ဓါတ်မတည့်ခြင်းမျိုးမှာ အသက်ရှူလမ်းကြောင့်ဆိုင်ရာ (ဥပမာ
ရင် ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ် ။

အင်ဆက်ပိုးမွှားကိုက်ခဲခံရခြင်း ၊ ပိုးသတ်ဆေးများနဲ့ အချို့သော ဆေးများကြောင့် စနစ်အလိုက်
ဓါတ်မတည့်ခြင်းမျိုး (Systemic allergic response) များဖြစ်စေနိုင်ပြီးဒါကို Anaphylaxis လို့ ခေါ်ပါတယ် ။ ခန္ဓာကိုယ်ရှိ အတွင်းအဂါင်္များထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ၊ အသက်ရှူလမ်းကြောင်း ၊
သွေးလည်ပတ်မှုလမ်းကြောင်းတို့ ပါဝင် ပါတယ် ။ ပြင်းထန်မှုနှုန်းအပေါ်မှုတည်ပြီးအရေပြားယောင်ရမ်းခြင်း ၊ လေပြွှန်ကျဉ်းမြောင်းခြင်း ၊ ခြေလက် ရောင်ခြင်း ၊သွေးပေါင်ချိန်ကျခြင်း ၊ သတိလစ်မေ့မျောခြင်း နဲ့ နောက်ဆုံးအသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒီလိုဓါတ်မတည့်မှုမျိုးကတော့
ရုတ်တရက်ချက်ခြင်းဇြစ်ပေါ်စေနိုင်သလို အချိန်ကြာပြီးတော့မှလည်းဖြစ်ပေါ်နိုင်ပါတယ် ။ တခါတရံ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ် ။

ရာဘာစေးကဲ့သို့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေပြားကို ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ်တဲ့
ဓါတ်မတည်းမျိုးမှာ အရေပြားရောင်ရမ်းခြင်း နဲ့ နှင်းခူနာတွေဖြစ်စေနိုင်ပါတယ်
။ အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီကွက်ထွက်ခြင်း ၊ ရောင်ရမ်းခြင်းစသဖြင့်ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိများပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ