Urinary incontinence (UI) in men ယောက်ျားဆီးမထိန်းနိုင်ခြင်း


၁။ အသက် ၂၂၊ အမျိုးသား။ ဆီးမထိန်းနိုင်ပါ။ နာရီဝက်ခန့်တခါဆီးအောင့်တတ်သည်။ ကော်ဖီ၊ ရေ အသောက်များလို့ ဆီးသွားတတ်သော်လည်း နောက်ပိုင်းတွင် ရေတငုံခန့်သောက်သည်နှင့် ဆီးအောင့်တတ်လာသည်။ ညအိပ်လျှင် မကြာခဏ ဆီးထသွားရတတ်သည်။ မည်သည့်အ0စားအစားများအား ဆောင်ရန်ရှောင်ရင်လိုအပ်ပါသနည်း။ ကျေးဇူးတင်ပါသည်ဆရာ။

၂။ ဆရာခင်ဗျား ကျွန်တော် အသက် ၆၃ နှစ်ရှိပါပြီ။ ဆီးမထိန်းနိုင်တာ ဘာဆေးသောက်ရမည်ဆိုတာ အကူအညီ တောင်းပါရစေခင်ဗျာ။

ဆီးကျိတ်ကြီးနေသလား။ ဆီးချိုရှိသလား။

ဆီချိုတော့ရှိပါတယ်။ ဒါပေမယ့် HB, A1c ၇ လောက်ရှိပါတယ်။ ဆီးကျိတ်တော့ ရိုးရိုးစစ်တာ မတွေ့ပါ။

ယောက်ျားဆီးမထိန်းနိုင်တာ အမျိုးမျိုးရှိတယ်။ အမျိုးမျိုးကနေဖြစ်စေနိုင်တယ်။
1. stress incontinence ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ၊ အလေးအပင်မတဲ့အခါ စိတ်ကနေထိန်းမရပဲ ဆီးထွက်ကျတာ။
2. urge incontinence ဆီးအတင်းသွားချင်တာကို စိတ်ကထိန်းမရတာ။
3. overflow incontinence ဆီးတစက်တစ်ကထွက်ကျနေတာ။

ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေ
အာရုံကြောထိခိုက်မှုရှိခြင်း၊ ဆီးချိုတာရှည်ဖြစ်ခြင်း၊ Stroke, Parkinson's disease, and multiple sclerosis ရောဂါတခုခုရှိခြင်း။ Spinal cord injury ခါးရိုးထိခိုက်ထားသူမှာဖြစ်နိုင်တယ်။ ဆီးကျိတ်ရောဂါရှိနေသူမှာလည်းဖြစ်တယ်။ ဆီးကျိတ်ကင်ဆာကြောင့် ဆီးကျိတ်ထုတ်ထားရသူမှာဖြစ်နိုင်တယ်။

Behavioral Treatments အမူအယာပြုပြင်နည်း၊

Kegel exercises ကီဂယ်လေ့ကျင့်ခန်းလုပ်နည်း (ရေးထားပါတယ်)၊

Medicines ဆေးပေးနည်း။
1. Alpha-blockers: Terazosin (Hytrin), doxazosin (Cardura), tamsulosin (Flomax), and alfzosin (Uroxatral)
2. 5-alpha reductase inhibitors: Finasteride (Proscar) and dutasteride (Avodart)
3. Imipramine (Tofranil)
4. Antispasmodics: Propantheline (Pro-Banthine), tolterodine (Detrol LA), oxybutynin (Ditropan XL), darifenacin (Enablex), trospium chloride (Sanctura), and solifenacin succinate (VESIcare)

Surgical Treatments ခွဲစိတ်ကုသနည်းမှာ
1. Artificial sphincter အထိန်းအတုထည့်ပေးနည်းနဲ့
2. Male sling ထည့်နည်းတွေရှိတယ်။

Urinary Incontinence in Children ကလေးဆီးခဏခဏသွားနေခြင်း https://doctortintswe.blogspot.com/2017/09/urinary-incontinence-in-children.html
Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း https://doctortintswe.blogspot.com/2017/02/urinary-incontinence-in-women.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ