ဆယ်ကျော်သက်အရွယ်တွင် ဆေးလိပ်သောက်သူများ အရိုးပါးရောဂါဖြစ်နိုင်ခြေများ
ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်သူတွေဟာ အရိုးထုစုဆောင်းမှု နည်းစေတာကြောင့် ကြီးလာရင် အရိုးပါးရောဂါဖြစ်နိုင်ခြေ မြင့်မားကြောင်း အမေရိကန်မှ လေ့လာမှုအရ တွေ့ရှိတာကို အရွယ်ရောက်သူများဆိုင်ရာ ကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားပါတယ်။ သုတေသနပြုသူတွေက အရိုးပါးရောဂါရှိတဲ့ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ အရိုးကျိုးနိုင်ခြေများတဲ့ ခါးရိုးနဲ့ပေါင်နေရာရဲ့ အရိုးသိပ်သည်းဆကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။
မိန်းကလေးတွေရဲ့ ပထမဆုံးဓမ္မတာ စက်ဝန်းပေါ်ပြီး နှစ်နှစ်အတွင်းမှာ အရိုးသိပ်သည်းဆ မြင့်မားပြီး အသက်၃၀အရွယ် နောက်ပိုင်းမှာ အရိုးထုတွေစတင် ဆုံးရှုံးတတ် ပါတယ်။ လေ့လာသူတွေက အသက်၁၁နှစ်မှ ၁၉နှစ်ကြား ဆေးလိပ်နဲ့ အရက်သောက်ပြီး စိတ်ကျဝေဒနာ လက္ခဏာရှိသူ မိန်းကလေးတွေရဲ့ အရိုးသိပ်သည်းဆကို လေ့လာခဲ့ပါတယ်။
အသက် ၁၁နှစ်မှ ၁၉နှစ်ကြား ဆေးလိပ်မကြာခဏ သောက်သူတွေရဲ့ ခါးရိုးအောက်ပိုင်းနဲ့ ပေါင်ရိုးရဲ့ အရိုးသိပ်သည်းဆ နည်းပါးကြောင်းနဲ့ စိတ်ကျဝေဒနာရှိသူတွေရဲ့ အသက်အရွယ်မရွေးမှာ ခါးရိုးအောက်ပိုင်း အရိုးသိပ်သည်းဆနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရိုးသိပ်သည်းဆ ဆက်စပ်မှုမရှိကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin