Uric Acid လျော့နည်းစေသော smoothies များနှင့် ရှောင်ရန် အစားအစာများ


သခွားသီးဟင်းချိုအေး

သခွားသီးခပ်လတ်လတ် (၂) လုံးကို အစေ့ထုတ်ပြီး ဖျော်ရည်စက် နှင့် ညက်နေအောင် ကြိတ်ပြီး အရည်စစ်ပါ။ ကောင်းကောင်းမွှေ ထားသော ဒိန်ချဉ်ခွက်၏ ၁^၄၊ မင်သော်ရွက် (သို့) ပူစီနံရွက်အနည်း ငယ်၊ သံပုယိုရည် အနည်းငယ်၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း၏ ၁/၄ ထည့် အားလုံးရော၍ အေး အေးလေး သောက်ရန်ဖြစ်သည်။

နာနတ်သီး
နာနတ်ရည်ဖန်ခွက်၏ ၃^၄ ကို အဆီထုတ်ထားသော နို့ဖန် ခွက်၏ ၁^၄၊ ရေခဲတုံးအသေး (၄-၅) တုံး၊ သကြားလက်ဖက်ရည်ဇွန်း (၁) ဇွန်း နှင့် ရော၍ ဖျော်ရည်စက်၌ မွှေ ၍သောက်ရန် ဖြစ်သည်။

သံပုရာသီး၊ မင်သော်(သို့) ပူစီနံရွက် အဖျော်
သံပုရာသီး အကြီး (၃) လုံး၊ မင်သော်(သို့) ပူစီနံရွက်ကိုချေ၍ ဆားအနည်းငယ်နှင့်ရောပြီး ဖျော်ပါ။ အချိုကြိုက်ပါက ပျားရည်အနည်း ငယ်ထည့်ပြီး သောက်ပါ။
ယူရစ်အက်ဆစ်များစေသော အစားအစာများအနေနှင့် ဖော်ပြရ လျှင် ပဲအခြောက်များ၊ မှိုများ၊ ဟင်းနု နွယ်ရွက်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ ပဲ တောင့်ရှည်ပဲများ တို့ဖြစ်ပြီး ယူရစ် အက်ဆစ် လျော့လိုလျှင် တစ်ပတ် လျှင် (၂) ကြိမ်ထက် ပိုမစားသင့်သော ဟင်းသီးဟင်းရွက်များ ဖြစ်သည်။
-ကိုယ်တွင်း ကလီစာများ၊ ကျောက်ကပ်၊ အသည်း၊ ဘဲငန်း၊ ခါငှက်၊ အခွံပါသတ္တ၀ါများဖြစ်သော ယောက်သွား၊ ခုံးကောင်၊ ငါးပါးနီနှင့် အခြားခရုများ၊ ပုစွန်ဆိတ်၊ ငါးသ လောက်၊ အရည်ခွံမပါသော ကြက်၊ ကြက်ဆင်၊ ဆယ်မွန်၊ ၀က်သားတို့ကို ချင့်ချင့်ချိန်ချိန် စားသင့်သည်။
-အရက်သေစာ အနေနှင့် ဘီယာနှင့် အခြားအရက်များသည့် Uric Acid Level ကို တက်စေသည်။ အမျိုးသမီးများ အနေနှင့် တစ်နေ့လျှင် တစ်ခွက်သာ သောက်သုံးသင့်သည်။ အလွန် အမင်းသောက်ပါက အမျိုးသမီးများ အနေနှင့် Wine ကိုသာ ရွေးချယ် သင့်သည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ