ကမ္ဘာ့ပထမဆုံး ဓာတ်ရောင်ခြည်နည်းပညာသစ် စတင်သုံးစွဲ


Penn Medicine မှာကမ္ဘာ လုံးအတိုင်းအတာအရ ဦးခေါင်းနှင့် လည်ပင်းကင်ဆာဝေဒနာရှင်တွေကို ကုထုံးပုံစံအသစ်တစ်မျိုးဖြစ်တဲ့ The Varian Halcyon စနစ်နဲ့ ကုသပေး တဲ့ ပထမဆုံးဌာနတစ်ခုဖြစ်လာခဲ့ပါ တယ်။ ယင်းစနစ်က လက်ရှိကုသနေ တဲ့စနစ်တွေထက် ကုသချိန် ထက်ဝက်မက သက်သာစေ မှာဖြစ်သလို၊ နည်းပညာကလည်း ကျွမ်းကျင်သူ တွေအတွက် အလွယ်တကူရင်းနှီးနိုင် တဲ့ပုံစံမျိုးဖြစ်ပြီး ပညာရှင်အသစ်တွေ ကို အလွယ်တကူမွေးထုတ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 The Varian Halcyon စနစ်မှာ Penn ရဲ့ ဓာတ်ရောင်ခြည်နည်းပညာသစ် တစ်ခုဖြစ်ပြီး ဓာတ်ရောင်ခြည်ကို ပိုပြီး တိတိကျကျပို့လွှတ်ပေးနိုင်မှာ ဖြစ်ကာ၊ လက်ရှိသုံးလျက်ရှိတဲ့ စနစ် တွေထက် နှစ်ဆခန့် ပိုမြန်မှာ ဖြစ်တယ် လို့ သိရပါတယ်။ ၂၀၁၅ လောက်က စပြီး Penn က Varian နဲ့ ပူးပေါင်းပြီး နည်းပညာသစ် ဖွံ့ဖြိုးမှုနဲ့ တရားဝင် ဖြစ်ဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ အဓိကရည် ရွယ်ချက်ကတော့ ကျွမ်းကျင်သူတွေ သုံးစွဲရ ပိုမိုလွယ်ကူစေဖို့ ဖြစ်ပါတယ်။ ယင်း platqarm အသစ်မှာ ယခင်က သမားရိုးကျ ဓာတ်ရောင် ခြည်ကုထုံး platqarm တွေလို အဆင့် ၃၀ ကျော်အစား အဆင့် ၉ ဆင့်သာပါဝင်တော့တယ်လို့ သိရပါ တယ်။

စမ်းသပ်မှုတွေကို Penn မှာ လုပ်ဆောင်ခဲ့ပြီး သမားရိုးကျ ဓာတ် ရောင်ခြည်ကုသမှုနဲ့ နှိုင်းယှဉ်ခဲ့ရာ ဓာတ်ရောင်ခြည်ထိရောက်မှု ပိုပြီး တိကျလာသလို၊ ကြာချိန်မှာလည်း ၂ ဆလောက် ပိုပြီး သက်သာလာတာ တွေ့ခဲ့ရပါတယ်။ ယင်းကဲ့သို့ သုံးစွဲရလျှင် မြန်တဲ့အတွက် လူနာ အနေနဲ့လည်း ကုသချိန်တစ်ချိန် အတွက် ကြာချိန်ပိုနည်းလာပါတယ်။ ပထမဆုံး ကုသမှုခံယူခဲ့တဲ့လူနာတွင် ကုထုံးအခန်းကို ပြင်ဆင်ရန် လူနာ ပုံရိပ်ယူရန်၊ ဓာတ်ရောင်ခြည်လွှတ် ရန်၊ ပစ္စည်းကိရိယာများ ပြန်ဖြုတ် ရန်အတွက် အချိန် ၁၃ မိနစ်သာ လိုခဲ့ပါတယ်။ လူနာအနေဖြင့် ဓာတ် ရောင်ခြည်နဲ့ ထိတွေ့ချိန် ၃ မိနစ် အောက်သာ ရှိခဲ့ပါတယ်။

 အခြား ဓာတ်ရောင်ခြည် နည်းပညာများနှင့် ဆိုလျှင် ဓာတ်ရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ချိန် ၁၀ မိနစ်အပါ အ၀င် မိနစ် ၂၀ ကျော် ကြာနိုင်မယ်လို့ သိရပါတယ်။ Penn မှ သမားတော် များက Halcyon စနစ်ကို ဦးနှောက် နှင့် လည်ပင်ကင်ဆာများသာမက ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာများနှင့် အခြားနေရာများမှ ပြန့်လာတဲ့ ကင်ဆာအကျိတ်များတွင် လည်းသုံးနိုင်ရန် စီစဉ်လျက်ရှိတယ် လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ