Stomach cancer အစာအိမ်ကင်ဆာ


၁။ ဆရာခင်ဗျာ ရိုသေလေးစားစွာဖြင့် မေးလိုပါတယ် ကျွန်တော်၏ဖခင် အသက် ၅၈နှစ် Biopsy အဖြေက INVASIVE POORLY DIFFERENTIATED ADENOCARCINOMA STOMACH လို့ပြောထားပါတယ်။ ခွဲစိတ်ဆရာဝန်ကြီ့း့ (ရန်ကုန်) နဲ့ ခွဲစိတ်ထားတာပါ။ အစာအိမ် ၃ပုံ ၂ပုံ ဖြတ်ထားပါတယ်။ နောက်ထပ် ဆေးရည်သွင်း(chemo) ကုသ၍ ကောင်းနိုင်မလားဆိုတာ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။

၂။ ဆရာရှင့် လူနာအမည် ဒေါ့်။ အသက်၇၂နှစ်။ အစာအိမ်အနာအသားစအဖြေများကြည့်ပေးစေချင်ပါတယ်ရှင်
လွန်ခဲ့သော ၂၀၁၂ခုနှစ်တုန်းကလဲ အစာအိမ်မှာအနာတွေ့၍ တဝက်နီးပါးဖြတ်ထုတ်ခဲ့ပြီးပါပြီရှင်

ဆေးစစ်ချက်တွေ ဖတ်ရတာခက်ခဲ။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ရောဂါအမည် ပြောပါမယ်။ ဆရာက မသိသေး။ ဆောရီး။ ရောဂါအမည်သိရင် ဘလော့မှာ ဖတ်နိုင်။

ကင်ဆာလို့ပြောပါတယ်ဆရာ ဟုတ်မဟုတ်သိချင်လို့ပါ။ အစာအိမ်ရဲ့တဝက်ကျော်ကျော်က ၂၀၁၂ကဖယ်ထုတ်ခဲ့ပြီးပါပြီ။ ခုဗိုက်ပြန်အောင့်နေလို့ မှန်ပြောင်းပြန်ကြည့်တာပါ။ အစာအိမ်ကိုဖယ်ထုတ်ပစ်ရင်ရော ရေရှည်ရပ်တည်နိုင်ပါသလားဆရာ။

၃။ အခု အစာအိမ်ကင်ဆာဖြစ်နေလို ဘာဆေးသုံရာမှာလည် ပြိခဲတယ် ၃ရက်လောက်ကာသိတယ် အခုဖြစ်ခါစာ ဆရာ ဆေညွန်ပြာလိုရာလာ မိန်ကကလေ အသက်၃၅နနှစ် ဘေလိုလုပ်ရာမှာလည်

၎။ ဆရာရှင့် အားကိုးစွာ မေးမြန်းလိုပါသည်။ ကျွန်မ၏ဖေဖေ အစာအိမ်ကင်ဆာဆို၍ Sakura ဆေးရုံတွင် Tumor ခွဲထုတ်ရပါသည်။ ဆရာဝန်က Chemo သွင်းရမည်ပြောပါသည်။ ခံယူသင့်ပါသလား။ ဆိုးကျိုးရှိပါသလား။ (လူနာမှတ်တမ်း၊ ကျား၊ ၈၂နှစ်၊ ဆေးလိပ် အရက် မသောက်ပါ၊ ဆီးချို သွေးတိုး မရှိပါ။)

၅။ ဆရာ အစာအိမ်ရောဂါ တိကျတဲ့အဖြေရလာတာက ကင်ဆာရောဂါဆိုလို့။ အစာအိမ်ကင်ဆာကို ပျောက်အောင် ကုသလို့ရပါသလားဆရာ။

၆။ ကျွန်တော့် အမေရဲ့အစာအိမ်ကင်ဆာနဲ့ပါတ်သက်လို့ မေးချင်ပါတယ်။ အမေက ပြီးခဲ့တဲ့လက အစာအိမ် ထုတ်ထားပါတယ်။ Chemo ဆေးတွေနဲ့ပါတ်သက်လို့ လက်ရှိအနေအထားကနေ Chemotherapy မလုပ်သင့်လုပ်သင့် ဆရာ့အမြင်ကိုသိချင်ပါတယ်။ ခွဲတဲ့ဆရာကလုပ်ပါ၊ မလုပ်နဲ့ အတင်းမတိုက်တွန်းပါ၊ OT note ထဲကအတိုင်းဆိုရင် လုပ်သင့်တယ်၊ စာထဲမှာပါတယ်ဘဲပြောပါတယ်။ သူခွဲခဲ့ဘူးတဲ့သူတွေထဲမှာ တစ်ယောက်ကလည်း အမေ့လိုဘဲ ၇ဝ ကျော်ပါပြီ။ လွန်ခဲ့တဲ့ ၆ နှစ်က ခွဲခဲ့တာ၊ Chemotherapy မလုပ်ဘဲ ဒီအတိုင်းနေတာ ခုထိ ကောင်းနေပါတယ်တဲ့။ Diagnosis လုပ်တဲ့ ဆရာမကတော့ အခုဆေးမသွင်းသေးဘဲနဲနဲ fit ဖြစ်လာတော့မှ Chemo Pill ပေးမယ် ပြောပါတယ်။ ဆရာရေးတဲ့ အစာအိမ်ကင်ဆဆေးစာကိုဖတ် ပြီးပါပြီ။ ကံတရားနဲ့ နောင်တကြားထဲမှာ မဝေခွဲနိုင်ပါ။ Side Effet နဲတဲ့ ဆေးတွေတော့ လက်လှမ်းမီပါတယ်။ ဆရာရဲ့အမြင်ကို သိချင်ပါတယ်။

အစာအိမ်ကင်ဆာကို Gastric cancer လို့လည်းခေါ်တယ်။ ဖြစ်တာနှေးပါတယ်။ အစာအိမ်နေရာ အမျိုးမျိုးမှာဖြစ်နိုင်တယ်။ ဘေးကိုလည်းပြန့်တာ အမျိုးမျိုးဖြစ်နိုင်တယ်။ အနီးအနားအင်္ဂါတွေ၊ တက်စေ့တွေ၊ အသည်း အဆုပ်၊ အရိုး။

အမျိုးအစားတွေလည်းရှိတယ်။
Adenocarcinoma အမျိုးအစားက ၉ဝ-၉၅% မှာဖြစ်တယ်။
Lymphoma အမျိုးအစားက ၄% မှာဖြစ်တယ်။
Gastrointestinal stromal tumor (GIST) လည်းရှိတယ်။
Carcinoid tumor အမျိုးအစားက ၃% မှာဖြစ်တယ်။

ရောဂါအမည်တပ်ခြင်း
Medical history and physical exam ရောဂါရာဇဝင် + စမ်းသပ်ခြင်း၊
Upper endoscopy အင်ဒိုစကုပ်ကြည့်ခြင်း၊
Endoscopic ultrasoundအင်ဒိုစကုပ် အာလ်ထွာဆောင်း၊
Biopsy အသားစဖြတ်ယူစစ်ဆေးခြင်း၊
Computed tomography (CT or CAT) scan စကန်၊
MRI scans စကန်၊
Positron emission tomography (PET) scan စကန်၊
Chest x-ray ဓါတ်မှန်၊
Laparoscopy လက်ပရိုစကုပ်၊
Lab tests ဓါတ်ခွဲနည်းတွေလုပ်နိုင်တယ်။

အစာအိမ်ကင်ဆာကုသနည်းတွေ
Surgery ခွဲစိတ်နည်း၊
Chemotherapy ဆေးပေးနည်း၊
Targeted therapy ဆေးပေးနည်း၊
Radiation therapy ဓါတ်ကင်နည်းတွေရှိတယ်။

အစာအိမ်ကင်ဆာ လူနာအများစုကို ဆေးပေးကုသမှုလုပ်တယ်။ ကင်ဆာဆဲလ်တွေကို သတ်ဘို့ပါ။ မခွဲခင်ပေးတာရှိသလို ခွဲပြီးမှလဲပေးတယ်။ အများအားဖြင့် သွေးပြန်ကြောထဲကနေ သွင်းပေးနည်း ဖြစ်တယ်။ ဆေး ၁ မျိုးထဲမကလဲ တွဲသုံးတယ်။ အပြင်လူနာ၊ အတွင်းလူနာအနေနဲ့ လုပ်နိုင်တယ်။

သုံးနိုင်တဲ့ဆေးတွေ -
• 5-FU (fluorouracil), often given along with leucovorin (folinic acid)
• Capecitabine (Xeloda®)
• Carboplatin
• Cisplatin
• Docetaxel (Taxotere®)
• Epirubicin (Ellence®)
• Irinotecan (Camptosar®)
• Oxaliplatin (Eloxatin®)
• Paclitaxel (Taxol®)

လူနာအခြေအနေ၊ ရောဂါအဆင့်စတာတွေကိုကြည့်ပြီး ဆေးကို တမျိုးတည်းဖြစ်ဖြစ်၊ ဆေးအတွဲဖြစ်ဖြစ်ပေးတယ်။
• ECF (epirubicin, cisplatin, and 5-FU)
• Docetaxel or paclitaxel plus either 5-FU or capecitabine
• Cisplatin plus either 5-FU or capecitabine
• Paclitaxel and carboplatin

နောက်ကျတဲ့ အစာအိမ်ကင်ဆာဆိုရင် -
• DCF (docetaxel, cisplatin and 5-FU)
• Irinotecan plus cisplatin
• Irinotecan plus 5-FU or capecitabine
• Oxaliplatin plus 5-FU or capecitabine

ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ပျို့-အန်။ အစားပျက်။ ဆံပင်ကျွတ်။ ဝမ်းပျက်။ ပါးစပ်အနာပေါက်။ ရောဂါပိုးဝင်လွယ်။ သွေးထွက်လွယ်။ အားယုတ်။ အသက်ရှူခက်။ တချို့ဆေးတွေကြောင့် အရေပြားမှာ အနီပြင်ထွက်တယ်။ ခြေ-လက် ထုံကျင်နေမယ်။

Cisplatin, oxaliplatin, docetaxel နဲ့ paclitaxel ဆေးတွေက အာရုံကြောကိုထိခိုက်စေနိုင်တယ်။ Doxorubicin, epirubicin နဲ့ တချို့ဆေးတွေက နှလုံးကိုထိခိုက်စေနိုင်တယ်။ Capecitabine or 5-FU ဆေးကနေ ခြေ-လက်နာ ဖြစ်စေနိုင်တယ်။

ရောဂါရဲ့ အလားအလာဟာ
ဆေးကုတဲ့အချိန်မှာ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာအပေါ် မူတည်တယ်။ အစာအိမ်အောက်ပိုင်း နေရာတခုတည်း ကွက်ဖြစ်ရင် ၅ဝ% ကျော်ပျောက်သွားနိုင်တာက အကောင်းဆုံးအလားအလာဖြစ်တယ်။ အမေရိကားမှာ ၁ဝ-၂ဝ% လောက်သာ အဲဒီအဆင့်မှာ သိကြရတယ်။ တခြားကိုပြန့်နေသူ ဝ% ရှိတယ်။ အစာအိမ် အထက်ပိုင်းကင်ဆာ = ၁ဝ-၁၅% ရှိတယ်။ ကင်ဆာဆေးနဲ့အတူ လိုအပ်ရင် (ခွဲစိတ်လို့ အကုန်မထုတ်နိုင်ရင်) ဓါတ်ကင်တာလဲ လုပ်နိုင်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ