သဘာဝညလိမ်းခရင်၏ ကောင်းခြင်းလက္ခဏာ


သံလွင်ဆီက အသားအရေ ကို တင်းရင်းစေပြီး အရေပြားကို ထိန်းညှိပေးသည့်အပြင် မျက်နှာတွင် ဖြစ်တတ်သော အသားရောင် မညီပဲ မဲညိုအကွက်များထွက်ခြင်းကို လျော့ ချပေးသည်။ သဘာဝက ဖန်တီး ပေးသော အစိုဓာတ်ထိန်းဓာတ်ကို ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွတ် သော fats နှင့် အင်တီအောက်ဆီး ဒင့်ဓာတ်တို့ ကြောင့် အရွယ်ကျသော အသားအရေ ဖြစ်ပေါ်မှုကို နှောင့် နှေးစေသည့်အကျိုးကို ရရှိစေသည်။ ပြင်ဆင်ရန်မှာ-

- သံလွင်ဆီစစ်စစ် ၁^၄ ခွက်ကို လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ အုန်းဆီ၊ beewax (ပျားဖယောင်း) လက်ဖက်ရည်ဇွန်း (၁) ဇွန်းနှင့် ရော၍ ဒယ်အိုးပြားထဲထည့်၍ (သို့) ၂ ထပ်ပေါင်းအိုးအပေါ်ဖက်တွင် ထည့်ပြီး ပျော်သွားအောင် အပူပေး ပါ။

- အေးသွားအောင် အအေးခံပြီး ခရင်အနှစ်ကို ဗီတာမင်E capsules (၂) တောင့်ထဲမှ အဆီနှင့်ရောပြီး မိမိကြိုက်နှစ်သက်ရာ အမွေးနံ့ဆီ များဖြစ်သည့် သံပုယို၊ tea tree၊ လာဗင်ဒါ အစရှိသည့် အဆီအစက် အနည်းငယ်ထည့်ပါ။

- လုံးဝ သန့်ရှင်း၍ ပေါင်းထားသော ပုလင်းဘူးထဲထည့်ပြီး ခြောက်သွေ့ သော နေရာတွင်ထားပါ။ အဆီသည် ခဲတတ်သဖြင့် စိုစွတ်သော နေရာမျိုး ၌ သိမ်းပါ။

အသုံးပြုပုံ
- မျက်နှာကိုစင်အောင် သုတ်ပြီး မျက်နှာသုတ်ပုဝါနှင့် ဖွဖွသုတ်ပါ။

- အသားပေါ်ကိုလိမ်း၍ စက်ဝိုင်း ပုံနှိပ်ပေးပါ။

- နောက်တစ်နေ့နံနက်တွင် သန့်စင် ဆေးအပျော့စားဖြင့် မျက်နှာကို သစ် ပါ။ ခြောက်သောအသားအရေများ အတွက် ပို၍သင့်တော်သည်။
ညဖက် အိပ်ရာဝင်ခါနီး၌ ညလိမ်းခရင်လိမ်းအိပ်ခြင်းဖြင့် သွေး လည်ပတ်မှုကို ကောင်းစေသည်။ အ သားအရေ လျော့တွဲခြင်းကို ကာ ကွယ်ပေးသည်။ ဆဲလ်များ အသစ် တစ်ဖန် ဖြစ်စေပြီး အရေပြားကို အာဟာရ ဖြည့်တင်းပေးသည်။ ည အချိန်၌ အရေပြား၏ စုပ်ယူမှုက နေ့အချိန်ထက် ပို၍ကောင်းသည်။
night cream မလိမ်းမီ အောက်မှ toner ကိုခံ၍ လည်း အသုံးပြုနိုင်သည်။ night cream ညစဉ်ပုံမှန်သုံးပြီး skin care ပြုလုပ်ခြင်း၏ ရလဒ်က သိသာစေ သည်။ များသောအားဖြင့် ညလိမ်း ခရင်သည် နေ့လိမ်းခရင်များထက် ဈေးကြီးတတ်သဖြင့် အထက်ဖော်ပြ ပါ သဘာဝညလိမ်းခရင်မျိုး ပြုလုပ် ၍ အသုံးချနိုင်သည်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ