Nose Plastic Surgery နှာခေါင်း လှချင်သူ


ဆရာရေ Plastic Surgery (Nose) အကြောင်းသိချင်လို့ပါ။ အရင်က ဆရာရေးထားတာ Plastic Surgery အကြောင်း ပြန်ရှာလို့ မတွေ့တော့လို့ပါ။ ဆိုးကျိုး၊ ကောင်းကျိုးလေးတွေ သိချင်လို့ပါ။

• နှာခေါင်းကို အမေမွေးတဲ့အတိုင်း မဟုတ်ဘဲ၊ ကိုယ်လိုချင်သလို ပြုပြင်ပေးနည်းကို ဆေးစာနဲ့ Rhinoplasty လို့ ခေါ်တယ်။ Nose job လို့လဲ ခေါ်တယ်။
• သေးနေလို့ ကြီးချင်၊ ကြီးနေတာ သေးချင်၊ လန်နေတာ-ကောက်နေတာ ဘာဖြစ်နေနေ စိတ်ကြိုက်ရအောင် ခွဲစိတ်ပြုပြင်တာ ဖြစ်တယ်။

• လျှောက်လွှာ တင်ရင် -
- ကိုယ်ခံကျန်းမာရေး ကောင်နေရမယ်၊
- စိတ်ကျန်းမာရေး ကောင်နေရမယ်၊
- ဖြစ်နိုင်တာကိုသာ မျှော်မှန်းသူလဲ ဖြစ်ရမယ်။

• စံပြလူနာဆိုတာ -
- မိန်းကလေး ၁၅-၁၆ နှစ်၊ အရင်တခါမှ ဒီလိုမခွဲစိတ်ရသေးသူ။
- ယောက်ျားလေး ၁၇-၁၈ နှစ်၊ အရင်တခါမှ ဒီလိုမခွဲစိတ်ရသေးသူ။
- ခွဲပြီးနောက် အားကစားလိုမျိုးလုပ်ဘို့ နားနေနိုင်သူ။

• မွေးရာပါချို့ယွင်းနေသူတွေဟာလဲ လက်ရွေးစဉ်လူနာတွေ ဖြစ်ကြတယ်။
• နှာခေါင်းဟာ ယောက်ျား-မိန်မ မတူတာတွေ ရှိလို့ Rhinoplasty for Men ဆိုပြီး သပ်သပ်ရှိတယ်။
• Ethnic Rhinoplasty ဆိုတာ လူမျိုးအရ သတ်မှတ်ချက်နဲ့ ညီစေအောင် ပြုပြင်တာကို ခေါ်တယ်။
• မခွဲစိတ်ဘဲ ဆေးထိုးနည်းနဲ့ ပြုပြင်တာလဲ ရှိပါသေးတယ်။ Facial filler ခေါ်တယ်။
• အဆိုတော် ဖြစ်နေရင် အသံကို ပြောင်းစေနိုင်တယ်။
• မခွဲခင် Computer imaging နည်းနဲ့ လုပ်ပြတာ ကြိုတင်သိထားနိုင်တယ်။
• နှာခေါင်း ပြုပြင်တာဟာ သာမန်အဆင့် Plastic surgery သာဖြစ်တယ်။

• ဘယ်ခွဲစိတ်နည်းမှာမဆို နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ မကင်းကြပါ။
- ပိုးဝင်တာ၊
- သွေးယိုတာနဲ့
- မေ့ဆေးဒဏ်တွေသာ ဖြစ်ပါမယ်။

• မေ့ဆေး၊ ထုံဆေး၊ ငြိမ်ဆေးတွေ သုံးနိုင်တယ်။
• ခွဲနည်း ၂ မျိုး Closed approach နဲ့ Open approach ရွေးရတယ်။
• အပေါ်က အရေပြားကို အောက်ခံ ပုံဖေါ်ပေးထားတဲ့ အရိုးနဲ့ အရိုးနုတွေကနေ ခွါထုတ်ရတယ်။ ပြုပြင်မယ်။
• ပုံမှန်ဆိုရင် ခွဲစိတ်ရတာ ၂-၃ နာရီ ကြာတတ်ပါတယ်။
• ခွဲတဲ့နေ့နဲ့ ၂၄ နာရီအတွင်း ခေါင်းကိုက်မယ်၊ နာကျင်မယ်၊ မျက်နှာဖေါင်းနေမယ်။
• ၂ ရက်ဆိုရင် ထနိုင်၊ လျှောက်နိုင်ပါပြီ။ အလှအပတွက် ခွဲစိတ်ရသူတိုင်း နလံထ အချိန်ပိုယူကြရပါတယ်။
• လိုအပ်သူတွေဆိုရင် Chin augmentation မေးရိုးပြင်တာနဲ့ တွဲရတယ်။
• မေးရိုး၊ ပါရိုး၊ အစားထိုတာလဲ လုပ်ချင်လုပ်ဘို့ လိုနိုင်တယ်။
• အနာကို (တိပ်) နဲ့ ၇ ရက်ကပ်ထားမယ်။
• သာမန်အလုပ်မျိုးကို ၃-၄ ရက်အတွင်း ပြန်လုပ်နိုင်မယ်။ ခေါင်းပိုင်ကို အမြင့်မှာ အတတ်နိုင်ဆုံး ထားရမယ်။
• မျက်စိနားတဝှိုက် ရောင်ပြီး ညိုပြာပြာဖြစ်နေတာတွေ ၁ဝ ရက်ဆိုပျောက်ပြီ။ အအေးကပ်ပေးတာ သက်သာစေမယ်။
• အခုအခံ တပ်ပေးထားတာပါရင် ၃-၅ ရက်မှာဖြုတ်ပေးမယ်။
• ၅-၇ ရက်မှာ ချုပ်ရိုးဖြေတယ်။
• ၂ ပါတ်ဆိုရင် အရောင်တွေ ပုံမှန်ဖြစ်ပြီ။
• နှာခေါင်းကို မထိဘို့၊ နှပ်မညှစ်ဘို့ ၂ ပါတ် သတိထား ထိန်းရအုံးမယ်။
• နေကာမျက်မှန်ကို (တိပ်) နဲ့ ကပ်ပေးထားချင်ထားမယ်။ ထုံနေတဲ့နေရာ ရှိနေနိုင်တယ်။
• ခွဲပြီးပြီးချင်း စိတ်တိုင်ကျ တခါထဲ ဖြစ်ချင်မှ ဖြစ်မယ်။ ရောင်နေအုံးမယ်။ ၃ လ ဒါမှမဟုတ် ၁-၂ နှစ်ကြာမှ အကဲဖြတ်တာ အမှန်ဆုံးဘဲ။
• နှာခေါင်းဆိုတာ မျက်နှာမှာ အသိသာ အထင်ရှားဆုံး နေရာဖြစ်လို့ နဲနဲလေး ပြုပြင်တာကိုက သိသာတယ်။
• နှာခေါင်းပြုပြင်တာနဲ့အတူ အနေအထိုင်၊ အမူအယာ၊ အသုံးအဆောင်၊ အဝတ်အစားကအစ အသစ်ပြုပြင်နိုင်တာ ပိုကောင်းတယ်။

• နာမည်ကြီးတွေထဲက Ashlee Simpson, Britney Spears, Halle Berry, Marylin Monroe, Salma Hayek, Winona Ryder တို့ဟာ Nose job လုပ်ထားသူတွေ ဖြစ်ကြတယ်။ Taylor Armstrong ကတော့ Dermal fillers ဆေးထိုးပြီး နှာခေါင်းလှအောက် လုပ်ထားတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ