ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ ဖျော်ရည်များ


ဟင်းသီးဟင်းရွက်ဖျော်ရည် (vegetable juice)- ခရမ်းချဉ်သီး ဖျော်ရည်ထဲမှာ ပါဝင်တဲ့လူကိုပင်း (lycopene) ဓာတ်ဟာ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေး ပါတယ် ။ သကြားမုန်လာရည်မှာဆို ရင်လည်း သွေးပေါင်ချိန်ကို ကျဆင်း စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ချက်စားသ လိုပဲ ဖျော်သောက်လို့ရတဲ့ ဟင်းသီး ဟင်းရွက် ဖျော်ရည်တွေဟာဆိုရင်လဲ ကယ်လိုရီနည်းနည်း၊ သကြားဓာတ် နည်းနည်းသာပါဝင်တဲ့အတွက်သစ် သီးဖျော်ရည်တွေထက်ပိုသောက်သုံး သင့်ပါတယ် ။

သလဲသီး (pomengranate)ဖျော် ရည်- နေ့စဉ်ပုံမှန်တစ်ခွက် သောက် ပေးရင် ဓာတ်တိုးဆန့်ကျင် အာနိသင် တွေ တိုးပွားလာတာကြောင့် ကင်ဆာ ရောဂါများကို ကာကွယ်နိုင်ပြီး ဦး နှောက်ရဲ့မှတ်ဥာဏ်ကို ရင့်သန်စေ ပါတယ်။ ၈အောင်စပမာဏရှိတဲ့ သလဲသီးရည်ကို နေ့စဉ်သောက်သုံး ပေး မယ်ဆိုရင် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်ပါတယ် ။

ခရန်ဘယ်ရီ (cranberry)ဖျော်ရည်- ခရန်ဘယ်ရီဖျော်ရည်ဟာ ဗီတာ မင်စီတွေ ကြွယ်ဝစွာပါဝင်နေပြီး ခုခံအား စနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ် ။ ဒါ့အပြင် ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကိုလဲ လျော့ပါးစေပါ တယ် ။

ဘလူးဘယ်ရီ (blueberry)ဖျော်ရည် -ဘလူးဘယ်ရီသီးတွေဟာ ဦးနှောက် စွမ်းရည်ကို မြှင့်တင်ပေး နိုင်ပြီး အထူး သဖြင့် အသက်၇၀ကျော် ဘိုးဘွား တွေမှာ မှတ်ဥာဏ်ချို့ယွင်း လာခြင်းတွေကို ကာကွယ်ပေး နိုင်ပါတယ် ။ သောက်သုံးပေးသူ တွေမှာဆိုရင် လေ့လာမှုနဲ့ မှတ်ဥာဏ် ဆိုင်ရာ စစ်ဆေးမှုတွေကို ပိုပြီးအမှတ် ကောင်း ကောင်းနဲ့ ဖြေဆိုနိုင်တာကို တွေ့ရပါတယ် ။

ချယ်ရီသီး(ခ့နမမပ)ဖျော်ရည်- ချယ်ရီသီးမှာလည်း ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိတွေ၊ ရောင်ရမ်း မှုဆန့်ကျင် ဂုဏ်သတ္တိတွေ ပါဝင်နေ တဲ့အတွက် ချယ်ရီသီးအရည်သောက် ပေးခြင်းဟာ လေ့ကျင့်ခန်းပြုလုပ် တာများလို့  ကြွက်သားနာကျင် ကိုက်ခဲခြင်းကို သက်သာစေနိုင် ပါတယ်။

ဆီးသီးရည်-ဆီးသီးရည်ဟာ ဝမ်းချုပ်ခြင်း ကို သက်သာစေနိုင်ပြီး အမျှင် ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါ တယ်။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ