Broccoli ( ပန်းဂေါ်ဖီစိမ်း) သို့မဟုတ် ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာ




သင်ဟာ Broccoli ( ပန်းဂေါ်ဖီစိမ်း) ကို ကြိုက်နှစ်သက်ပါသလား??? သူဟာ သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာဖြစ်တယ်ဆိုတာရော သင်သိပါသလား???

လူအများစုက ပန်းဂေါ်ဖီစိမ်းလို့ခေါ်တဲ့ ( Broccoli )  ကိုသင်ဟာ ကျက်နေအောင် ပြုတ်စားမယ်ဆိုရင် သင့်ရဲ့သွေးတွင်း cholesterol ကို အများဆုံးလျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဘာကြောင့်လည်းဆိုရင်  Broccoli ( ပန်းဂေါ်ဖီစိမ်း) ဟာ သင့်ရဲ့ အစာလမ်းကြောင်းထဲ ရောက်ရှိတဲ့ အချိန်မှာ သည်းခြေက ထုတ်ပေးတဲ့ အက်စစ်တွေနဲ့ ပေါင်းစပ်တယ်လို့ သိရပါတယ်။ အဲ့လို အက်စစ်တွေနဲ့ ပေါင်းစပ်ခြင်းဟာ သင့်ရဲ့သွေးတွင်း cholesterol ကို လျှော့ချပေးတဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။

Broccoli ( ပန်းဂေါ်ဖီစိမ်း) ဟာ ကိုယ်တွင်းကအဆိပ်ဓာတ်တွေကို လျှော့ချပေးတဲ့နေရာမှာလည်း အလွန်အသုံးဝင်လှပါတယ်။  Broccoli ( ပန်းဂေါ်ဖီစိမ်း) ထဲမှာ ပါဝင်တဲ့ glucose  ဒြပ်ပေါင်းသုံးမျိုးဟာ လူတွေရဲ့ လှုပ်ရှားခြင်း ၊ အာဟာရပြုခြင်း ၊ အညစ်အကြေးစွန့်ခြင်း စတဲ့ ခန္ဒာကိုယ်လုပ်ဆောင်မှုတွေမှာ မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ရှင်းထုတ်နိုင်တယ်လို့ သိရပါတယ်။

 Broccoli ( ပန်းဂေါ်ဖီစိမ်း) ဟာ ဗီတာမင် D အားနည်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ဟန့်တားပေးနိုင်တယ်လို့လည်း သိရပါတယ်။  ဗီတာမင် D အများဆုံးပါဝင်တဲ့ အစားအစာကိုပြပါလို့ဆိုရင်  Broccoli ( ပန်းဂေါ်ဖီစိမ်း) ကို လက်ညှိုးညွှန်ရပါလိမ့်မယ်။

လတ်တလော သုတေသနပြုချက်တွေအရ Broccoli ( ပန်းဂေါ်ဖီစိမ်း) မှာပါဝင်တဲ့  kaempferol လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ  မိမိကိုယ်တွင်းမှာ ဓာတ်မတည့်ဖြစ်စေတတ်တဲ့ ပစ္စည်းတွေကို လျှော့ချပေးနိုင်တယ်လို့လည်း သိရပါတယ်။ သုတေသနပြုချက်တွေအရ ကလေးအများစုဟာ Broccoli ( ပန်းဂေါ်ဖီစိမ်း) ကို ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။  Broccoli ( ပန်းဂေါ်ဖီစိမ်း) နွမ်းနေအောင်ကြော်ခြင်းဟာ သူ့မှာပါဝင်တဲ့ အာဟာရရော အရသာပါ ဆုံးရှုံးစေနိုင်လို့  ခပ်စိမ်းစိမ်းကြော်စားတာက ပိုသင့်တော်တယ်လို့ အကြံပြုထားပါသေးတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: whfoods.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ