ကလေးငယ်ရဲ့ အလေးချိန်တက်မှုဟာ မိခင်ကိုယ်ဝန်ဆောင်နေစဉ် အလေးချိန်နဲ့ ဆက်နွယ်နေ


မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတွင်းသကြားဓါတ်မြင့်တက်လာမှု သို့ အလေးချိန်တက်လာမှုဟာ ကလေးငယ်ကို အ၀လွန်စေခြင်း ပိုမိုဖြစ်ပွားမှုနှုန်း များကြောင်း လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 “ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းသကြားဓါတ် မြင့်တက်လာပြီး အလေးချိန်ပိုတိုးလာတဲ့အခါ သန္ဓေသားရဲ့ ဇီဝဖြစ်ပျက်မှုပုံစံတွေပြောင်းလဲသွားပြီး မွေးဖွားပြီးနောက် ကလေးငယ်ဘ၀မှာ အ၀လွန်စေဖို့ အဆင်သင့်ပြင်ပေးထားသလို ဖြစ်နေတတ်ပါတယ်”  လို့ Portland, Ore ရှိ Kaiser Permanente Center for Health Research မှ Senior Investigator ဖြစ်သူ သုတေသနခေါင်းဆောင် Dr. Teresa Hillier က ဆိုပါတယ်။

ကိုယ်ဝန်ဆောင်စဉ် မိခင်ဖြစ်သူမှာ ပုံမှန်သွေးတွင်းသကြားဓါတ်ရှိတဲ့ ကလေးငယ်တွေထက် မိခင်ဖြစ်သူမှာ သွေးတွင်းသကြားဓါတ်မြင့်တဲ့ ကလေးငယ်တွေမှာ အသက် ၁၀ နှစ်ရောက်တဲ့အချိန် အ၀လွန်နိုင်ချေ အနည်းဆုံး ရာခိုင်နှုန်း ၃၀ ခန့် မြင့်မားတာကို လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပေါင်ချိန် ၄၀ ထက်မကျော်သင့်ဘူးလို့ Institute of Medicine က အကြံပေးထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ