လေ့လာမှုစွမ်းရည် အခက်အခဲရှိနေတဲ့ကလေးများအတွက် ဦးနှောက်လှုံဆော်မှုပေးခြင်း


ကျန်းမာတဲ့ သက်လက်ပိုင်း အရွယ်တွေမှာ သချာင်္ဆိုင်ရာ လေ့ လာမှုစွမ်းရည်ကို တိုးတက်စေဖို့ အကြံပြုထားခဲ့ကြတဲ့ ဦးနှောက်ကို လှုံဆော်မှုပေးတဲ့ နည်းလမ်းဟာ လေ့လာမှုစွမ်းရည် ပြဿနာရှိနေတဲ့ ကလေးတွေရဲ့ လုပ်ဆောင်မှုကို ပိုမို တိုးတက်လာစေနိုင်တယ်လို့ အောက် စဖို့ဒ်နဲ့ ကမ်းဘရစ်ဂ်ျ တက္ကသိုလ်မှ သုတေသီတွေက ဆိုထားပါတယ်။လေ့လာမှုမှာတော့ သချာင်္ဆိုင်ရာ လေ့လာမှု အခက်အခဲရှိနေတဲ့ အသက် (၈) နှစ်နဲ့ (၁၁) နှစ်ကြား ကလေးငယ် (၁၂) ယောက် ပါဝင်ခဲ့ ကြပါတယ်။အဆိုပါကလေး (၁၂) ယောက်ကို ခြောက်ယောက်နှစ်အုပ် စု ခွဲခြားပြီး အုပ်စုတစ်စုကို ပေါ့ပါးပီး ဘက်ထရီနဲ့ ဆက်စပ်ထားတဲ့ ဦးထုပ် ကို ၀တ်ဆင်စေကာ ထိုမှတစ်ဆင့် dorslateral prefrontal cortices လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်း ရဲ့အပေါ်၊ နဖူးရဲ့ ဘယ်နဲ့ညာနှစ်ဘက် ကို ပမာဏနည်းတဲ့ လျှပ်စစ်လှိုင်းပေး ကာ ဆန်းစစ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။

အဆိုပါ ဦးနှောက်အစိတ်အ ပိုင်းဟာ သချာင်္ဆိုင်ရာလေ့လာမှုကို ပြုလုပ်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါ တယ်။ Transcranial random noise stimulation (TRNS) လို့ အမည်တွင်တဲ့ အဆိုပါနည်းလမ်းကို တစ်နေ့မိနစ် (၂၀) ကြာတဲ့ အပိုင်း (၉) ခုနဲ့ (၅) ပတ်ကြာ ပြုလုပ်ခဲ့တာ ဘဲဖြစ်ပါတယ်။အခြားအုပ်စုကတော့ သာမန်ဦးထုပ် တစ်ခုကိုသာဝတ်ဆင် ကာ မည့်သည့်လုံဆော်မှုမျိုးတဲ့ မပေး ဘဲ နှိုင်းယှဉ်လေ့လာ ခဲ့ကြပါတယ်။

အဆိုပါ စမ်းသပ်မှု ပြုလုပ်စဉ်ကာလ မှာ ဂဏန်းသချာင်္ဆိုင်ရာ လေ့ကျင့် ပေးတဲ့ ဂိမ်းတစ်ခုကို ကစားစေခဲ့ပီး က လေးငယ်ရဲ့ ဦးနှောက်စွမ်းရည် တိုးတက်လာမှုပေါ်မူတည်ပီး ဂိမ်းရဲ့ Level ကိုပြောင်းလဲပေးခြင်းဖြင့် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ပါ တယ်။ လေ့လာမှုပီးသွားတဲ့အခါ TRNS ပေးတဲ့ကလေးတွေဟာ ဘာလှုံဆော်မှုမှမပေးတဲ့ ကလေး ငယ်တွေထက်စာရင် ဦးနှောက်ရဲ့ သချာင်္ဆိုင်ရာ လေ့လာမှုစွမ်းရည် သိသာစွာ တိုးတက်လာတာကို တွေ့ရပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ