သစ်ကြံပိုးခေါက်က ဦးနှောက်ရဲ့စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်


သစ်ကြံပိုးဟာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူငယ်တွေအတွက် အဖြေတစ်ခုဖြစ်လာနိုင်စရာ ရှိပါတယ်။

ဘာလို့လိုဆိုတော့ ကြွက်တွေနဲ့ လေ့လာနေတဲ့ လေ့လာချက်တစ်ရပ်အရ သစ်ကြံပိုးခေါက်ဟာ ဦးနှောက်ရဲ့ သင်ယူနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။

သစ်ကြံပိုးကိုစားသုံးထားတဲ့ ကြွက်တွေဟာ ဝင်္ကပါတွေကို ပိုမိုမြန်မြန်ဆန်ဆန်မှတ်သားနိုင်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။ ဒါဟာဆိုရင်သူတို့ရဲ့ ဦးနှောက်စွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသုတေသနကို အမေရိကန် ကျန်းမာရေးနဲ့ အယ်လ်ဇိုင်းမား အဖွဲ့အစည်းက မတည်ပြုလုပ်ခဲ့တာဖြစ်ပြီး သစ်ကြံပိုးခေါက်ရဲ့စွမ်းရည်ကြောင့် ဒိုင်နိုဆောတွေရဲ့ ဦးနှောက်အရည်အသွေးပိုမိုမြှင့်မားခဲ့ပြီး စွမ်းဆောင်ရည်တွေ တိုးမြှင့်ခဲ့တယ်ဆိုတဲ့ သီအိုရီအပေါ်အခြေခံပြုလုပ်ခဲ့တာပါ။

Neuroimmune Pharmacology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ဖော်ပြချက်အရ သုတေသီတွေဟာ သင်ယူမှုစွမ်းရည် နှေးကွေးတဲ့ ကြွက်တွေကို သစ်ကြံပိုးနဲ့ ကုသခဲ့ပြီး တစ်လအကြားမှာ ကြွက်တွေဟာ ဝင်္ကပါပေါက်ထဲကို ကုသမှုမခံယူခင်က သွားခဲ့တဲ့အချိန်ရဲ့တစ်ဝက်နဲ့ ရောက်အောင်သွားနိုင်ခဲ့တာကို တွေ့ရှိခဲ့ရတာပါ။

( Beauty Syh )


#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref :UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ