တစ်နှစ်အောက် ကလေးငယ်လေးများအား သစ်သီးဖျော်ရည် မတိုက်သင့်


အသက် တစ်နှစ်မပြည့်ခင် အထိ ကလေးငယ်များအား သစ်သီး ဖျော်ရည်များတိုက်ခြင်းအား ရှောင် ရှားသင့်ကြောင်း မိဘများအနေဖြင့် ဆရာဝန်များ ညွှန်ကြားမှသာလျှင် တိုက်ကျွေးသင့်ကြောင်း ၊ အဘယ် ကြောင့်ဆိုသော် တစ်နှစ်အောက် ကလေးငယ်များကို သစ်သီးဖျော်ရည် များတိုက်ကျွေးခြင်းမှ အာဟာရဖြည့် တင်းမှု အကျိုးကျေးဇူးများ မရရှိသည့် အပြင် ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်သည်အထိ ဖြစ်နိုင်ချေ ရှိကြောင်းကို American Academy of Pediatrics (AAP) အမေရိကန် ကလေးဆေးပညာဌာန အဖွဲ့အစည်း ကြီး၏ အသစ်ထုတ်ပြန်လိုက်သော အကြံပြုချက်များတွင် ဖော်ပြလိုက် ပါသည်။

AAP ချက်များတွင် ခြောက်လအောက် အရွယ် ကလေးငယ်များကို သစ်သီး ဖျော်ရည်များ မတိုက်သင့်ကြောင်း ဖော်ပြထားပြီး ယခုအခါ မတိုက်ကျွေး သင့်သည့်သက်တမ်းကို တိုးမြှင့် လိုက်ခြင်းဖြစ်သည်။

မိဘများအနေဖြင့် သစ်သီး ဖျော်ရည်များဟာ ကျန်းမာရေး အတွက် သင့်တော်မည်ဟု ယူဆထား ကောင်း ယူဆနေပါမယ်။ ဒါပေမဲ့ သစ်သီး လတ်လတ်ဆတ်ဆတ် စား သုံးခြင်းကလိုတော့ အစားထိုးဖို့ မရနိုင်ပါဘူးလို့ APP အဖွဲ့ဝင်တစ် ယောက်ဖြစ်သူ ကြေငြာချက်ပူးတွဲ ရေးသားသူ ဒေါက်တာမဲယ်ဗင် ဟေးမန်းက ပြောကြားခဲ့ပါသည်။ အသက် ၁ နှစ် မှ ၃ နှစ်အရွယ် ကလေးများအတွက်မူ နေ့စဉ် သစ်သီးဖျော်ရည် ၄ အောင်စထက် ပိုမသောက်သင့်ကြောင်းလည်း ဖော် ပြထားပါသည်။

ကလေးငယ်များအား သစ်သီးဖျော်ရည်များထက် သစ်သီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးများကို AAP အဖွဲ့ကြီးမှ ပြောကြားပညာ ပေးသင့်ပြီး သစ်သီးစားသုံးခြင်းကို အားပေးသင့်ကြောင်းလည်း ထည့် သွင်းအကြံပြုထားပါသည်။

Dr.A.Z
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ