မိဘများသတိမမူမိတတ်ကြတဲ့ ဆယ်ကျော်သက်ကလေးများရဲ့ ကာကွယ်ဆေး


မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ကလေးကို ကာကွယ်ဆေးထိုး ဖို့ လိုအပ်တာနဲ့ ပတ်သက်ပြီး ရင်ခွင် ပိုက်အရွယ်မှာ သတိထားကြပေမဲ့၊ အထက်တန်းအရွယ်ကိုရောက်ချိန် မှာတော့ ကလေးတွေကို ကာကွယ် ဆေးထိုးပေးဖို့ကို လုံးဝမေ့လျော့နေ ကြတယ်လို့ နိုင်ငံတော်အဆင့် သုတေသနအသစ်တစ်ခုက ဖော်ပြခဲ့ ပါတယ်။ မီချီဂန်တက္ကသိုလ်မှ သုတေသီတွေလုပ်ခဲ့တဲ့ သုတေသန အသစ်တစ်ခုအရ ဆယ်ကျော်သက် ကလေးမိဘ သုံးပုံတစ်ပုံလောက်က ၎င်းင်းတို့ကလေး ထိုးရမဲ့ကာကွယ်ဆေး အချိန်ကာလကို မမှတ်မိသလို၊ အချို့ကတော့ ကလေးဆရာဝန်က အကြောင်းကြားလိမ့်မယ်လို့ လွဲမှား စွာ မှတ်ယူထား တာကို တွေ့ရှိရပါ တယ်။ ယခုကောက်နှုတ်ချက်ကို တစ်နိုင်ငံလုံးက လူတန်းစားအားလုံး ကို ကိုယ်စားပြုတဲ့ အသက် ၁၃ မှ ၁၇ ကြား ဆယ်ကျော်သက်ကလေး တွေရဲ့ မိဘ ၆၁၄ ဦး ပါဝင်ခဲ့ပါ တယ်။

ကလေးငယ်ရွယ်စဉ်မှာ ကလေးအထူးကုတွေက ကာကွယ် ဆေးထိုးရမဲ့ကာလကို သေချာကြပ် မတ်ညွှန်ကြားကြပေမဲ့ ကလေးကြီး လာတာနဲ့ အမျှ ကလေးနဲ့ တွေ့ဆုံမှု အကြိမ်နည်းလာပြီး ထိခိုက်ဒဏ်ရာ ရမှုတွေကလွဲလို့ ကာကွယ်ဆေးထိုးဖို့ ပြောလေ့မရှိတော့ပါဘူး။ ဆယ်ကျော် သက်ကလေး အများစုဟာ ၎င်းင်းတို့ ထိုးရမဲ့ အရေးကြီးကာကွယ်ဆေးတွေ ကို မိသားစုက သတိမထားမိတာ ကြောင့် လွဲချော်နေရတာ တွေ့ရပါ တယ်။
ရောဂါကာကွယ်တားဆီးထိန်း ချုပ်ရေးဗဟို (CDC) မှ အချက် အလက်တွေအရ ဆယ်ကျော်သက် ၃ ပုံ ၁ ပုံလောက်သာ အသက် ၁၇ နှစ်မှာ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး ထိုးရလေ့ရှိပြီး၊ အသက် ၁၃ နှစ် မှ ၁၇ နှစ်ကြား ယောကျာ်းလေး ၅၀ % အောက်သာ HPV ကာကွယ်ဆေးထိုးရလေ့ရှိပြီး၊ ဆယ်ကျော်သက် ထက်ဝက်လောက် သာ နှစ်စဉ် တုတ်ကွေးကာကွယ်ဆေး ထိုးရလေ့ရှိတာ တွေ့ရပါတယ်။

 နိုင်ငံအ၀န်း ကာကွယ်ဆေးထိုးတဲ့ အရေအတွက် နည်းနေပေမဲ့၊ ကလေးမိဘ ၉၀% ကျော်က မိမိတို့ ကလေးတွေက အသက်အရွက် အလိုက် ကာကွယ်ဆေးကို အပြည့် အ၀ထိုးထားတယ်လို့ ယူဆနေပါ တယ်။ ယခုတွေ့ရှိချက်အရ ဆယ် ကျော်သက်ကာကွယ်ဆေးထိုးသည့် အရေအတွက်နဲ့ မိဘတွေယူဆချက် အကြား ကြီးမားတဲ့ကွာဟချက်ကို တွေ့ရှိခဲ့ရပြီး၊ ယင်းအချက်ကပင် မိဘတွေရဲ့ မိမိကလေးတွေမှာ လိုအပ်တဲ့ကာကွယ်ဆေးနဲ့ ပတ်သက် ပြီး မရှင်းလင်းတာကို တွေ့ခဲ့ရပါ တယ်။ ဒါကြောင့် သုတေသီတွေက ကျန်းမာရေး စောင့်ရှောက်သူတွေ အနေနဲ့ မိမိတို့ရဲ့ ဆယ်ကျော်သက် လူနာတွေအပေါ် ပိုအာရုံစိုက်ပြီး မိဘတွေကိုလည်း ကာကွယ်ဆေးတွေ နဲ့ ပတ်သက်လို့ သတိထားမိအောင် လုပ်ဆောင်သင့်တယ်လို့ အကြံပြုခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ