ကိုယ်ဝန်ဆောင်များ အတွက် နေ့လည်စာနှင့် ညစာ

 ကိုယ်ဝန်ဆောင်များ အတွက် နေ့လည်စာနှင့် ညစာ စားသင့်တဲ့ အစားအစာ တွေက  အရင်ဆုံး ကိုယ်ဝန်ဆောင်သည် တစ်ယောက် အတွက် စားသင့်တဲ့ အစား စာတွေကို ရွေးချယ်ထားရမှာပါ။ အဟာ ရညီမျှပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေ ဖြစ်တဲ့ ပရိုတင်း၊ ကယ် လ်ဆီယမ်ညီမျှစွာ ပါဝင်တဲ့အစားအစာ၊ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစားအစာ၊ အရည်ရွှမ်းအသီးနဲ့ ဟင်းသီးဟင်းရွက် တွေအပြင် ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီ ညွတ်တဲ့အဆီတွေကို စားရမှာပါ။

ကိုယ် ဝန်ဆောင်သည် စားလိုက်တဲ့ အစားအစာ တွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုါ် မှု၊ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှုအပြင် မွေးဖွားချိန်မှာ ဖြစ်တတ်တဲ့ တခြားရောဂါတွေ မဖြစ်အောင် ကလေးအတွက် ကာကွယ် နိုင်ရုံသာမကဘဲ မိခင်အတွက်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့် သက်ာဖြစ်စေပြီး ကိုယ်ဝန်ဆောင်ချိန် ပျို့ အန်ခြင်းတွေကို သက်သာစေ ပါတယ်။

 ရှောင်သင့်တာတွေက အာဟာရပြည့်ဝဖို့ အစားမရှောင် သင့်ဘူးဆိုပေမယ့် သင့်အတွက်ကျန်းမာ ရေးနဲ့ မညီညွတ် တာမျိုးကိုတော့ ရှောင်ပါ။ ဟော့ဒေါ့နဲ့ ဘာဂါလို အဆီတက်စေမယ့် အစားအစာတွေ၊ အသားနဲ့ ငါးကင်တွေကို ရှောင်သင့်ပါတယ်။

အသားနဲ့ငါးကို သေချာကျက်အောင်ချက်ပြီး စားဖို့လိုပါ တယ်။ ဆားအရမ်းများလွန်းတဲ့ အစားအ စာ၊ ငမန်းသား၊ ပင်လယ်ငါး၊ ကင်းမွန်နဲ့ ငါးအစိမ်းသုပ်တွေ မစားပါနဲ့။ သင်နဲ့အ ရင်က ဒီအစားအစာတွေဟာ တည့်ခဲ့ တယ်ဆိုတောင် ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့်ပါ။

ကိုယ် ဝန်ဆောင်ချိန်ဆေးကုသရာမှာ လိုအပ် တဲ့ဆေးဝါးကို ပေးမယ်ဆိုရင်တောင် က လေးကိုမထိခိုက်အောင် ချင့်ချိန်ပြီးပေးရ တာကြောင့် ကုသရခက်ခဲနေတတ်ပါ တယ်။ အစားအစာတွေကို အပိုပြုလုပ် ပြီးအမြဲထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင် သည်တွေအတွက် အကောင်းဆုံးအစာ တစ်မျိုးက စွပ်ပြုတ်တွေပဲဖြစ်ပါတယ်။ ပဲဟင်းချို၊ ကြက်စွပ်ပြုတ်၊ ငါးနဲ့ဟင်းရွက် ဆန်ပြုတ်စတာတွေဟာ အာဟာရတန် ဖိုးမြင့်မားစွာ ပါဝင်တတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အတွက် အရသာရှိသော စွပ်Soupတစ်ခွက်

ကိုယ်ဝန် ဆောင်ချိန်မှာ ချက်ပြုတ် စားသင့်တဲ့ စွပ်ပြုပ် (Soup) တစ်မျိုးကို ဖော်ပြ ပေးလိုက်ပါတယ်။ အရသာ လည်းရှိပြီး ချဉ်ငန်လေးဖြစ်စေမယ့် စွပ် ပြုတ်(Soup) တစ်ခွက် လောက် ဖန်တီး ကြည့်ပါ။

လိုအပ်တာတွေက

အလတ်စားကြက်သွန်နီတစ်လုံး နုတ်နုတ်စဉ်းထားပါ။ မုန်လာဥနီ (အသေး အမျိုးအစား) ၁၆ အောင်စ၊ ဂျင်းနုတ်နုတ် စဉ်းပြီးသား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆားလျှော့ထားတဲ့ ကြက်သားဆန်ပြုတ် အမှုန့် ဒါမှမဟုတ် ဟင်းရွက်ဆန်ပြုတ်အ မှုန့် ခွက်နှစ်ခွက်စာ၊ သံပုရာရည်အနည်း ငယ်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်း ငယ်၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်နှစ်ဇွန်းလို ပါတယ်။

ချက်ပြုတ်နည်း

အိုးတစ်လုံးထဲမှာ ကြက်သွန်နီ၊ ဂျင်း နဲ့ မုန်လာဥတွေကို နူးသွားတဲ့ အထိပြုတ်ပါ။ နူးသွားရင် ကြိတ်စက်နဲ့ ကြိတ်လိုက်ပါ။ ရေလေးခွက်နဲ့ ဆန်ပြုတ် အမှုန့်တွေကို ဆူအောင်ပြုတ်ပါ။ အပူချိန် အရမ်းမပေးဘဲ မီးအေးအေးနဲ့ ဆူအောင် ထည့်ပါ။

ဆန်ပြုတ်တွေ ဆူလာရင် ကြိတ်ထားတဲ့အ ရာတွေရောထည့်ပြီး ဆားနဲ့ငရုတ်ကောင်း မှုန့်ကို အရသာရှိအောင်အနည်းငယ် ထည့်ပါ။ သံပုရာရည်အနည်းငယ်ညှစ် ထည့်ပြီးမွှေပါ။ ပန်းကန် တစ်လုံးထဲကို ထည့်ပြီး ဒိန်ချဉ်နှစ်ဇွန်းအပေါ်ကနေ စမ်း လိုက်ပါ။ အရသာရှိပြီး အာဟာရလည်း ပြည့်မယ့် စွပ်ပြုတ်ဟာ ကိုယ်ဝန်သည် သင့်အ တွက် ခံတွင်းတွေ့စေမှာ ပါ။

 By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ