မျက်လုံးအလှအပအတွက် အထောက်အပံ့များ
သခွားသီးစိတ်
သခွားသီးကိုစိတ်၍ မျက်လုံး ပေါ်အုပ်ခြင်းဖြင့်သခွားသီး၏အေးမြ သော အာနိသင်ကြောင့် မျက်လုံး သွေးကြောများကျဉ်းစေပြီး ရောင်ရမ်း မှုလျော့ကျစေသည် ။ တစ်နေကုန် မျက် စိအားစိုက် အလုပ်လုပ်ရသူများအနေနှင့် အနားယူချိန်တွင် သခွား သီးစိတ်ပြီး မျက်လုံးပေါ်အုပ်ထား နိုင်သည် ။
အစားအသောက်
လက်ဖက်စိမ်း၏ ဓါတ်တိုးဆန့် ကျင်ပစ္စည်း များက မျက်စိရောင်ရမ်းမှု လျော့ကျစေသည် ။ ငါးတွင်ပါဝင် သော astaxanthin ဓါတ်က မျက်ခွံ အရေပြားကို တင်းတင်းရင်းရင်းဖြစ် စေသည် ။ မျက်ခွံမို့ခြင်းကို ကာကွယ် ပေးသည် ။
Concealer သုံးခြင်း
မျက်ကွင်းညိုခြင်း၊ မျက်ရစ်ပေါ် ခြင်းများအတွက် Concealer အသုံး ပြုပြီး ခေတ္တဖျောက်ထားနိုင်သည် ။ သို့သော်ခေတ္တသာဖျောက်ထားနိုင် ပြီးရေရှည်အာနိသင်မရှိပေ ။
နှာခေါင်းအစက်ချဆေးများ
နှာစေးနှာပိတ်နေပါက မျက် လုံးမှနှာခေါင်းတွင်း စီးဝင်သော သွေးပြန်ကြောများပါပိတ်ဆို့ပြီး မျက်ကွင်းညိုတတ်သည် ။ ရေသန့် အနည်းငယ်ကို နှာခေါင်းတွင်းအ စက်ချပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်း မှသက်သာစေသည် ။ ရေသန့်သည် အကောင်းဆုံးချွဲပျော်ဆေးဖြစ်သည် ။ စတီးရွိုက်အမျိုးအစားအစက်ချဆေးများ၊ ဟစ္စတာမင်းဆန့်ကျင် (antihistamine) ဆေးများဖြင့် လည်း နှာ ခေါင်းပိတ်ခြင်းကို သက်သာစေနိုင် သည် ။
သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin