တွေးတွေးပြီး မလုပ်ဖြစ်တဲ့ဘ၀ကနေ ရုန်းထွက်လိုက်ပါ
သင်ဟာ လူတွေစိတ်ဆိုးမှာကိုကြောက်တယ် ၊ သူတို့ ဘာပြောပြော လုပ်ပေးတယ် ၊ ကိုယ့်မိသားစုအတွက် စီစဉ်ထား တာတွေကို တခြားလူတွေအတွက် ဖျက်တယ်ဆိုရင် လူတွေက သင့်ကို တိုးတိုးပြီး အသုံးချလာ မှာဖြစ်ပြီး သင့်မိသားစု ကတော့ သင့်ကို ပိုပိုပြီးစိတ်ပျက်သွားလို့  သင်မရှိလည်း ရပ်တည်နိုင်အောင် ကြိုးစား ကြတော့မှာမို့  ကြာလာရင် သင်ဟာ ဘာမှမရှိတဲ့ အထီးကျန်သူတစ်ဦး ဖြစ်သွားနိုင်ပါတယ် ။ ဒီတော့ မိမိကိုယ်ကိုယ်ပြန်လည် ဝေဖန်ဆန်းစစ်ရင်း သင်မေ့လျော့နေလောက်တဲ့ အကျင့်ကောင်းလေးတွေကို စုစည်းတင်ပြလိုက်ပါတယ် ။
ကိုယ့်ကိုယ်ကိုယ် အရင်ဂရုစိုက်ပါ ။ လူဆိုတာကလည်း ကိုယ့်ရှင်သန်မှုအတွက် တပါးသူအပေါ် မှီခိုလေ့ ရှိပါတယ် ။ ငွေကြေးကဏ္ဍမမှီခိုတောင် လူတွေက ကိုယ့်ကိုလက်ခံပေးတာ ၊ ကိုယ့်ကို အဆက်အသွယ် လုပ်တာ ၊ ဂရုစိုက်ပေးတာ အစရှိတာတွေကို လိုချင်ကြပါတယ် ။ ကိုယ်လိုချင်တာရဖို့  ကိုယ့်ဘက် ကလည်း ပေးရတော့ လူတွေကိုလိုက်လျော ရင်းနဲ့  ကိုယ့်ကိုယ်ကိုယ် လျစ်လျူရှုမိသွားတတ်ပါတယ် ။ အခြားလူတွေကို သင်တစ်ကယ်ဦးစားပေးချင်တယ် ၊ ကူညီ ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ဂရုစိုက်ပါ ။ တစ်ညလုံးကားမောင်းရမယ့်လူဟာ ခရီးသည်တွေကိုဘေးကင်း စေချင်ရင် အရင်အိပ်ထားဖို့ လိုပါလိမ့်မယ် ။
သင် အနည်းဆုံးတော့ မနက်နိုးနိုးချင်း (၂)နာရီကို ကိုယ့်ဘ၀တိုးတက် ရာ တိုးတက်ကြောင်းလေးတွေ လုပ်သင့်ပါတယ် ။ ဟန်ချက်ပြန်ထိန်းပါ ။ ကိုယ့်ရဲ့ လိုအပ်ချက် ၊ ကိုယ့်ရဲ့ ဆန္ဒ ၊ ကိုယ့်ရဲ့ ဘ၀ ကို အာရုံမစိုက်နိုင်တော့ဘူး ဆိုရင် သင် ဟန်ချက်ပြန်ထိန်းဖို့  လိုနေပါပြီ ။ ဒါကလည်း ကလေးဘ၀က စလာတဲ့ပြဿနာဖြစ်နိုင်ပါတယ် ။ ငယ်ရွယ်စဉ်ကလေး ဘ၀မှာ ချစ်ခြင်းမေတ္တာငတ်ခဲ့တယ် ၊ နွေးထွေး မှုပေးသူတွေနဲ့ ဝေးခဲ့ရတယ် ၊ အမှားလေးတစ်ခုအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ခံခဲ့ရဖူးတယ်ဆိုရင် အဲဒီကလေးဟာ လူတွေကိုမငြင်းရဲတော့ဘဲ လူတွေပြောသမျှ လိုက်လျောပေး လိုက်လေ့ရှိပြီး ကြီးလာတဲ့ အခါမှာလည်း လူတကာရဲ့ အသုံးချခံရသူ ဖြစ်သွားနိုင်ပါတယ် ။ မိဘများဆင်ခြင်ဖို့ ပါ ။ ဒီနေ့  သင့်အတွက် လိုအပ်တာတွေ လုပ်ပြီးပြီလား ။ အလုပ်ပဲဖိလုပ်နေရတယ်ဆိုရင် သင်ဟန်ချက်ပျက်နေပါတယ် ။ သင်အလုပ် မလုပ်နိုင်တော့တဲ့တစ်နေ့ မှာ သင့်အလုပ်တွေကို နောက်တစ်ယောက်က ၀င်လုပ် သွားပါလိမ့်မယ် ။ သင်သည်သာ ဒဏ်ရာဒဏ်ချက်များစွာနဲ့  အထီးကျန်ခဲ့ပါလိမ့်မယ် ။
 အိမ်ထောင် ရှင်တွေဖြစ်လာပြီး သင်အလုပ်ပဲဖိလုပ်နေမယ်ဆိုရင် အိမ်ထောင်ဖက်က သင့်ကို ချီးကျူးမှာမဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်သူလို့ တောင် မြင်လာပါလိမ့်မယ် ။ ဒီတော့ အကန့် အသတ်ရှိဖို့ လိုပါတယ် ။ သင်တစ်နေကုန် အလုပ်လုပ်တာ မိသားစုအတွက်ပဲ ။ တစ်ညလုံး အပင်ပန်းခံအလုပ်လုပ်တာလည်း မိသားစုအတွက်ပါပဲ ။ ဒါပေမယ့် မိသားစုအတွက်ဆိုပြီး မိသားစုနဲ့ ဝေးနေမှတော့ ဖြစ်တဲ့နည်းနဲ့  မိသားစုနဲ့ ကိုယ်နဲ့  အပြန်အလှန်နွေးထွေးချိန် ထား ရပါလိမ့်မယ်။ အနည်းဆုံး ညစာအတူစားပြီး အိပ်ချိန်အထိကို အတူတူဖြတ်သန်းသင့်ပါတယ်။
 ကဲ။ သင့်ကိုသင် ပြုပြင်ပြောင်းလဲမယ်ဆိုပါစို့ ။ ဘယ်ကစမှာလဲ ။ အစကနေ ဖြည်းဖြည်းချင်းစပါ ။ တစ်ပတ်ကို တစ်နာ ရီလောက်ပဲဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ်လုပ်ပါ ။ တရားထိုင်ပါ ။ သီချင်းကို ဇိမ်ခံပြီးနားထောင်ပါ ။ ကျန်းမာရေးလှုပ်ရှား ပါ ။ သင်ကြိုက်တဲ့ဇာတ်လမ်းလေးတွေကိုကြည့်ပါ ။ သင်လန်းဆန်းကြည်လင်သွားရင် သင့်မိသားစုအတွက် ပိုကောင်း တဲ့သင့်ကိုသင် ပေးအပ်နိုင်မယ်လေ ။ သင့်ကိုလို သမျှခိုင်းနေတဲ့လူတွေ အတွက်လည်း သင်ပိုပြီးလုပ်ပေးနိုင်မှာပေါ့ ။ အဲ ဒီလိုနဲ့  ဖြည်းဖြည်းခြင်း ကိုယ့်ဘ၀ကို ဟန်ချက်မျှတအောင် ပြန်ပြီးပြုပြင်ယူပါ ။ လက်တွေ့ ကျကျ စီမံခန့် ခွဲတတ်ရပါမယ်။ သင်ဟာ အလုပ်လည်းပိနေတယ် ၊ သားလေးရဲ့ အိမ်စာကိုလည်း ကူလုပ် ပေးချင်တယ် ၊ နေမကောင်းတဲ့ အမေ့ကိုလည်း ခြေဆုပ်လက်နယ်သွားလုပ်ချင်တယ် ၊ ဇနီး-ခင်ပွန်းသည်ကိုလည်း အချိန်ပေးချင်တယ် ၊ သူငယ်ချင်းတွေနဲ့ လည်း အရေးကြီးတဲ့တွေ့ ဆုံမှုတွေလုပ်ချင်တယ် ၊ သူများလို Facebook လည်း သုံးချင်တယ် ၊ ဒီကြားထဲ အားကစားကလည်းလုပ်ချင်သေးတယ် ၊ ဒါတောင် သင့်အ၀တ်အစားတွေ ၊ သင့် ကားတွေ ၊ သင့်အသုံးအဆောင်ပစ္စည်းတွေကို သန့် ရှင်းရေးလုပ်ရတာ ၊ ဆေးရတာ ၊ လျှော်ဖွပ်ရတာတွေ မပါသေးဘူး ။ ဒီလိုအချိန်မှာ သင်ဟာ လက်တွေ့ ကျကျ စီမံခန့် ခွဲတတ်ရပါမယ် ။
ယာဉ်စက်ပစ္စည်းတွေတောင် နားချိန်တန်မနားရင် ပျက်စီးသည်ကဲ့သို့  ကျွန်တော်တို့ လူသားတွေမှာလည်း များများမလိုဘူး ၊ မွေးကတည်းက မနားတမ်းခုန်နေရရှာတဲ့ နှလုံး…မိနစ်ပိုင်းလေး ရပ်သွားဖို့ ပဲလိုတယ် ဆိုတာ ဂရုပြုရပါမယ် ။ ဒီတော့ သင် စီမံခန့် ခွဲတတ်ဖို့ လိုပါလိမ့်မယ် ။ အား လုံးကို ဟုတ်ပြီဟုတ်ပြီ ၊ လုပ်ပေးမယ်လုပ်ပေးမယ် လိုက်ပြောနေရင် သင်စိတ်ဖိစီးမယ် ၊ လူတွေက တစ်ကယ်လုပ် မပေးနိုင်တဲ့သင့်ကို လူလိမ်လို့ စွပ်စွဲမယ် ၊ အကျိုးမရှိပါဘူး ။ ကိုယ့်ရဲ့  စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ ။ လူတိုင်းကို ဂရုစိုက်ပေးတတ်သူဟာ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်တတ် ဖို့  လိုပါတယ် ။ လူတွေကို တယုတယလုပ်နေရတဲ့အခါ သင့်ခွန်အားတွေပြန်ပြည့်လာတယ်ဆိုရင် ဟုတ်ပါပြီ ။ ဆက် လုပ်ပါ ။ ဒါပေမယ့် စိတ်မရှည်တော့ဘူးဆိုရင်တော့ များနေလို့ ပါ ။ နည်းနည်းလျှော့ဖို့ လိုပါမယ် ။ ကိုယ့်ရဲ့ ခံစားချက် ရဲ့  ပြောစကားကို နားထောင်ပါ ။ သင်ပျော်ရွှင်တာလေးတွေကိုလည်း လုပ်ပေးပါ ။ သင့်စိတ်ကျန်းမာမှ သူများကျန်း မာဖို့  သင် ဂရုစိုက်နိုင်မှာပါ ။ မိန်းကလေးတွေ ဘာဖြစ်လို့ စကားများလဲ ၊ ဆံပင်သွား သွားပြင်လဲ သိလား ။ ဘ၀တစ်လျှောက်လုံး သူများကိုပဲ ပြုစု ၊ အမိန့် နာခံ ၊ ဒေါသကိုမြိုသိပ် ၊ သူများကိုပဲ ဦးစားပေးရင်း ကိုယ်ဘာဟင်းကြိုက်တယ်ဆိုတာတောင် မေ့နေရှာပြီဖြစ်တဲ့ သူတို့ လေးတွေမှာ လွတ်လပ်စွာလုပ်လို့ ရတာ တစ်ခုပဲရှိပါတယ် ။ စကားပြောတာပါ ။ ဒါကြောင့် သူတို့ ပြောပါတယ် ။ ဘယ်လိုတားတား ၊ တားမရအောင် စကားပြောပါတယ် ။ နောက်ပြီး အသက်ကြီး လာရင် ပြင်လို့ ရတာ ဆိုလို့  ဆံပင် ပဲရှိတဲ့အတွက် ဟုတ်ကဲ့ ၊ ဆံပင်သွားသွားပြင်ပါတယ် ။ အဲဒီလို စကားပြောခွင့် ၊ ဆံပင်ပြင်ခွင့် ရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ယုံကြည်မှုရှိသွားတော့ မိသားစုအတွက် ၊ သူနဲ့ ပါတ်သက်နေသူ မှန်သမျှအတွက် ပိုကောင်းတာပဲလေ ။ အဲဒီ အခွင့်အရေးလေးတွေကို မျှမျှတတ ပေးသင့်ပါတယ် ။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ