ကိုယ်လက်လှုပ်ရှားမှုအတွက် မိခင်ဝမ်းဗိုက်ကတည်းက ကြိုတင်သိရှိနိုင်


ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ခြင်း ကိုနှစ်သက်သူတွေ အတွက်လေ့ကျင့်ခန်းလုပ်ဖို့ အထူးတလည် မလိုပေမယ့်အချို့သော သူများအတွက်မှု အလွန်ပင် ဖိအားပေးပြောဆိုမှ သာ လေ့ကျင့်ခန်း လုပ်ဖြစ်ကြပါသည် ။

မိခင်ရဲ့ သားအိမ်အတွင်း နေခဲ့ရစဉ်က အတွေ့အကြုံများက ကိုယ်လက်လှုပ်ရှားမှုရှိ မရှိ ကိုဖြစ်စေနိုင်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုက ဆိုပါသည် ။ လေ့လာမှုအား တက်ဆပ်စ်ကလေး ဆေးရုံမှ ပါမောက္ခဒေါက်တာရောဘတ်မှ ဦးဆောင်ပြု လုပ်ခဲ့ခြင်း ဖြစ်ပြီး လေ့လာ မှုအား The FASEB ဂျာနယ်တွင် ပါဝင်ဖော်ပြခဲ့ခြင်းဖြစ်သည် ။

ဓာတ်ခွဲခန်းတွင် အပြေးသန်သော ကြွက်မများအား အုပ်စုနှစ်စုခွဲ က တစ်အုပ်စုအား အပြေးဘီး ရှိသည့်နေရာတွင် ထားကာအခြားအုပ်စုကိုမူ အပြေးဘီးမရှိသည့်နေရာတွင် ထား ခဲ့သည် ။ ကိုယ် ၀န်မဆောင်မီ ကတည်း က စောင့်ကြည့်ခဲ့ပြီး ကြွက်မများ သည်တစ်နေ့ ၁၀ ကီလိုမီတာ ခန့်ပျမ်းမျှပြေး ခဲ့ကြောင်း သိရသည် ။ ရလဒ်များမှာ ကိုယ်ဝန်ဆောင်နေစဉ် လှုပ်ရှားမှုများပြုလုပ်သည့် ကြွက်မိခင် မှမွေးဖွားသောကြွက်များသည် လေ့ကျင့်ခန်း မပြုလုပ်သည့်ကြွက်များ  မှမွေးသည့် ကြွက်များနှင့်နှိုင်းစာပါက ၅၀ % ပိုမိုကိုယ်လက် လှုပ်ရှားမှုပြုလုပ်လေ့ရှိကြောင်း တွေ့ရှိရသည် ။ အများ ယူဆထားသလို အားကစားလေ့လာ လိုက်စားသူခြင်း ၊ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်နိုင်ချေသည် မျိုးရိုးဗီဇကြောင့် သာမက ပတ်ဝန်းကျင် အကြောင်းအရာကလည်း အရေးပါကြောင်း ဖော်ညွှန်းခြင်းဖြစ်သည် ဟု သိရှိရပါသည် ။

ဒိုင်မလေး (ဆေး ၁)
Health Updates Journal.
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ