ကယ်လ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတွေက အိပ်ပျော်စေနိုင်ရန် ကူညီနိုင်


လေ့လာမှုအသစ် ၁ ခုမှာ(Ca) ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုခဲ့ ပါတယ် ။ သုတေသနမှာ အိပ်စက်မှု က အာရုံကြောခေါင်း (Neurons) တွေမှာရှိတဲ့ Ca ရဲ့ လှုပ်ရှားမှုပေါ် မူတည်နေတာကို တွေ့ခဲ့ပါတယ် ။ ဒါ့ အပြင် ၎င်းင်းတို့က Ca Ions ထိန်းညှိခြင်းအားခြင့် အိပ်စက်ချိန် ပေါ် ထိန်းချုပ်နိုင်မယ့် ဖြစ်စဉ်ကို သရုပ်ပြခဲ့ပါတယ် ။

ယင်းတွေ့ရှိမှုကို Newron လို့ခေါ်တဲ့ ဂျာနယ်မှာ အိပ်စက်ချိန် ပြဿနာများကို ပိုမို နားလည်စေရန်နှင့် ကုထုံးများဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံနှိပ်ဖော်ပြခဲ့ပါတယ် ။ Sleep Disorders လို့ခေါ်တဲ့ အိပ် စက်ချိန်မှာ တွေ့ကြုံရတဲ့ပြဿနာ တွေမှာ ညဖက်အိပ်မပျော်ခြင်း;(Inso- mnia) အိပ်နေစဉ်ဟောက်ခြင်း(Sleep Apnea) နဲ့ အခြားအသက် ကြီးလို့ ပျက်စီးလာတဲ့ ရောဂါတွေ ပါဝင်ပါတယ် ။ တိရစ္ဆာန်တွေမှာ ရော လူသားတွေမှာပါ အသက်ကြီး လာတာနဲ့အမျှ အိပ်စက်ချိန် လိုအပ် မှု လျှော့နည်းလာပါတယ် ။

အိပ်စက် ခြင်းက ခန္ဓာကိုယ်ကို နေ့စဉ်ဖြတ် သန်းခဲ့ရတဲ့ အခြေအနေတွေကနေ ပြန်လည် အားဖြည့်ပေး ပါတယ် ။ ဥ ပမာ ဦးနှောက်က အညစ်အကြေး တွေ ဖယ်ရှားပေးခြင်း၊ ခုခံအားစနစ် ကို ပြန်လည် ကြံခိုင်စေခြင်း ၊ အဖြစ် အပျက်တွေကို မှတ်ဥာဏ်သိုလှောင် သိမ်းဆည်းပေးခြင်းတို့ကို အိပ်စက် ချိန်မှာ လုပ်ဆောင်ပေးပါတယ် ။ ဒါ ပေမယ့် အိပ်စက်ရန်အတွက် လိုအပ် တဲ့ အခြေခံအချက်တွေ ၊ အိပ်စက် ချိန်ကို ထိန်းညှိပေးတဲ့ဖြစ်စဉ်အများ စုကိုတော့ မသိကြသေးပါဘူး ။ သုတေသီတွေက အိပ်စက်ချိန် ဖြစ် စဉ်ပေါ် သက်ရောက်မှုရှိတဲ့ ဗီဇ ၇ မျိုး ထုပ်လုပ်ခဲ့တဲ့ ဗီဇ မျိုးကွဲပါဝင် တဲ့ ကြွက်တွေက အခြားကြွက်မျိုး ၂၁ မျိုးထက်ပိုပြီး အိပ်တာကို တွေ့ ခဲ့ရပြီး၊ အာရုံကြောခေါင်းတွေထ မှာ Ca ၀င်ရောက်ခြင်းက ကြွက်တွေ အိပ်စက်ဖို့လိုအပ်ပြီး ပြန်နိုးဖို့အတွက် လည်းCa တွေ ပြန်ထွက်သွားဖို့ လိုတာ တွေ့ခဲ့ရပါတယ် ။ ယင်းတွေ့ ရှိချက်ပေါ် မူတည်ပြီးအိပ်စက်ချိန် မမှန်မှုနဲ့တွဲပြီး ဖြစ်တတ်တဲ့စိတ်ရောဂါ ဝေဒနာရှင်တွေမှာ ကုသဖို့ဆေးသစ် ပေါ်ထွက်လာနိုင်တယ်လို့ အဆိုပြုခဲ့ ပါတယ် ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ