သွေးလွှတ်ကြောမကြီး ဖောင်းချင်းအတွက် ရောဂါရှာဖွေစမ်းသပ်ခြင်းအတွက် လမ်းညွှန်သစ်


Abdominal Aortic Aneurysm (AAA) ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ အဓိကသွေးလွှတ်ကြော မကြီး aorta ရဲ့ ၀မ်းဗိုက် အတွင်းပိုင်း တစ်နေရာရှိ သွေးကြောမကြီး နံရံ အားနည်းနေတဲ့ နေရာကနေ သွေးဖိအားကြောင့် ဖောင်းလာတဲ့ သွေးကြောမောင်းကြီးကို ဆိုလိုပါ တယ်။ အချိန်ကြာလတာနဲ့ အမျှ တစတစ ကြီးလာပြီး ကွဲထွက်သွား တဲ့အခါ အသက်သေဆုံးသည်အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ယင်း သွေးလွှတ်ကြောမကြီး သွေးကြော ဖောင်း (AAA) ခြင်းဟာ အဖြစ် လည်းများပါတယ်။ အထူးသဖြင့် အမျိုးသားတွေ၊ အသက် ၆၅ နှစ် ကျော်သူတွေနဲ့ ခန္ဓာကိုယ်ရဲ့ ခြေလက် တွေဆီသွားတဲ့သွေးကြော တွေမှာ ရောဂါဖြစ်နေတဲ့သူတွေမှာ ပိုဖြစ် တတ်ပါတယ်။ Canadian Task Force on Preventive Health Care (CTFPHC) မှ AAA အတွက် ရောဂါရှာဖွေစီစစ် ဆေးကု ထုံးလမ်းညွှန်မှာ အသက် ၆၅ နဲ့ ၈၀ ကြား အမျိုးသားတွေအနေနဲ့ အနည်းဆုံး တစ်ကြိမ်တော့အာထရာ ဆောင်း ပုံရိပ်ဖော်စက်နဲ့ စစ်ဆေးမှု ခံယူသင့်တယ်လို့ လမ်းညွှန်ထားပါ တယ်။

ယင်းလမ်းညွှန်ကို Canadian Medical Association ဂျာနယ် (CMAJ) မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ရောဂါပိုဆိုးစေတဲ့ အချက်တွေက တော့ အမျိုးသားဖြစ်တာ၊ ဆေးလိပ် သောက်တာ၊ အသက်ကြီးတာနဲ့၊ မိသားစုတွင်း ရောဂါရာဇ၀င်ရှိဖူးတဲ့ သူတွေ စတဲ့အချက်တွေပဲဖြစ်ပါ တယ်။ အသက် ၆၅ နဲ့ ၈၀ ကြား ရွယ်တူအမျိုးသားနဲ့ အမျိုးသမီး နှိုင်း ယှဉ်ကြည့်ပါက အမျိုးသားတွေက ၄ ဆ ၅ ဆ လောက် ပိုများတာ တွေ့ရ ပါတယ်။ AAA ရောဂါအတွက် စီစစ်ရှာဖွေဆေး ကုထုံးညွှန်ကြားချက် အနေနဲ့ (၁) အသက် ၆၅ မှ ၈၀ ကြား အမျိုးသားတွေအနေနဲ့ အာထရာဆောင်းပုံရိပ်ဖော်စစ်ဆေး မှုကို AAA အတွက် ရည်ရွယ်ပြီး အနည်းဆုံးတစ်ကြိမ် ရှာဖွေသင့်ပါ တယ်။ (၂) အသက် ၈၀ အထက် အမျိုးသားတွေမှာတော့ အာထရာ ဆောင်းစစ်ဆေးမှု လုပ်ဆောင်ဖို့မ လိုပါဘူး။ (၃) အလားတူပဲ အမျိုးသမီးတွေမှာလည်း လုပ်ဆောင် ဖို့ မလိုပါဘူးလို့ ညွှန်ကြားထားပါ တယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ