ဆားခါးနှင့် အသည်းပျက်စီးမှု အန္တရာယ်


ဗြိတိန် ဆေးပညာဂျာနယ် BMJ မှာတင်ပြခဲ့တဲ့ သုတေသနအရ အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ သည်းခြေကျောက်တည် ခြင်းကိုကုသဖို့အတွက် ဆားခါး (epsom salts) ကို သုံးစွဲခဲ့ပြီးနောက် အသည်းပြင်းထန်စွာ ပျက်စီးမှုဖြစ် ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဟာ အသားတွေဝါလာပြီး အစားအသောက်တွေ ပျက်လာတဲ့ အတွက် အသည်းရောဂါနဲ့ ပတ်သက် တဲ့ စစ်ဆေးမှုတွေလုပ်ခဲ့ရာ အဖြေ အားလုံးကောင်းနေပါတယ်။ ဒါပေမဲ့ အသည်းကို အသားစနမူနာယူကြည့် တဲ့အခါမှာတော့ ပျက်စီးနေတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပါတယ်။ ဆားခါးကို အများအပြားစားခြင်း အားဖြင့် ၀မ်းလျောခြင်း၊ နှလုံးခုန်မ မှန်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ မူလရှိပြီးသား အသည်းအခြေအနေ ကိုပါ ပိုဆိုးသွားစေခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်ပုံမှာ ၎င်းင်းဝေဒနာရှင်က သည်းခြေကျောက် တည်နေသည့် အတွက် သည်းခြေကျောက်ပျော်သွား စေရန်အတွက် ဆေးမသုံးပဲ ဓာတ်စာ ဖြင့်ကုသောသူတစ်ဦးမှ လမ်းညွှန်၍ ဆားခါးစားပွဲတင်ဇွန်း ၃ ဇွန်းကို ရေကြက်သီးနွေးမှာ ဖျော်ပြီး ၁၅ ရက်ခန့် သောက်ခဲ့တယ်လို့ သိရပါ တယ်။ ယင်းအတွက်ကြောင့်ပဲ နှစ် ပတ်အတွင်းမှာ အသည်းအမာရွတ် ထင်ခြင်း fibrosis က အလျင်အမြန် ဆိုးလာတာဖြစ်တယ်လို့ တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ဆရာဝန်တွေက အချို့အခြေအနေတွေက ဆားခါးနဲ့ တွေ့ခဲ့အခါ အသည်းပျက်ဆီးခြင်းကို ဆိုးဆိုးဝါးဝါးဖြစ်စေတယ်လို့ သတိ ပေးခဲ့ပါတယ်။ ယင်းလူနာကို ဆားခါးများသုံးစွဲမှု ရပ်တန့်ရန် အကြံပေးခဲ့ပြီး၊ အရည်များများ သောက်သုံးစေပြီးနောက် အသည်း ဆက်လက်မပျက်စီးစေဖို့ ဆေးဝါး တွေကုသပေးခဲ့ပါတယ်။ ၆ ပတ် ခန့်ကုသပြီးတဲ့နောက်မှာ အသည်း လုပ်ငန်းဆောင်ရွက်မှု ပုံမှန်ပြန်ဖြစ် လာတယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ