အ၀လွန်သူနဲ့ ဆီးချိုသွေးချိုရောဂါသမားတွေ တစ်ရက်ကို ဘယ်နှစ်ကြိမ်စားသင့်ပါသလဲ


သွေးတွင်းသကြားဓာတ် မြင့် တက်နေတဲ့ ဝေဒနာရှင်တွေမှာ ဆီး အများအပြားသွားခြင်း (polyuria) လက္ခဏာကို ခံစားနေရလေ့ရှိပြီး နောက်ဆက်တွဲအနေနဲ့ ရေငတ်ခြင်း၊ ဆာလောင်ခြင်းတွေကို ခံစားရလေ့ ရှိပါတယ်။့ University of Athens, Attikon University နဲ့ Harokopio University တို့မှ သုတေသီတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ တဲ့ သုတေသနအသစ်တစ်ခုအရ အ၀လွန်နေသူတွေ၊ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားနေသူတွေနဲ့၊ ဆီးချို သွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ တွေမှာ စုစုပေါင်းကယ်လိုရီပမာဏ ကို ပုံသေထားပြီးနောက်၊ တစ်ရက်ကို သုံးကြိမ် ခွဲစားခြင်းထက်၊ ခြောက် ကြိမ်ခွဲ၍ စားခြင်းက သွေးတွင်း သကြားဓာတ် ထိန်းချုပ်မှုကို အထောက်အကူ ဖြစ်စေသလို၊ ဆာ လောင်မှုကိုလည်း ထိန်းရာရောက် တယ်လို့သိရပါတယ်။

ဆီးချိုသွေးချို ရောဂါဟာ သွေးတွင်းသကြားဓာတ် မြင့်မားနေတဲ့နာတာ ရှည်ရောဂါ တစ်ခုဖြစ်ပြီး၊ နေ့စဉ်စားသောက် သည့်အကြိမ်ရေကိုမြှင့်၍ အချိန်မှန် စားပေးခြင်းအားဖြင့် အ၀လွန်နေသူ တွေ၊ ဆီးချိုသွေးချိုဝေဒနာရှင်တွေနဲ့ ကနဦးအဆင့် ဆီးချိုသွေးချိုဖြစ်ပွား နေသူတွေကို ကုသရာမှာ အထောက် အကူဖြစ်စေနိုင်ပါတယ်။ သုတေသန မှာ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီကို ပုံသေထားပြီးနောက်၊ တစ်ရက်ကို ၃ ကြိမ်ခွဲ၍စားခြင်းနဲ့ ၆ ကြိမ်ခွဲ၍ စားခြင်းရဲ့ ရလဒ်ကို နှိုင်းယှဉ်ကြည့်ခဲ့ ပါတယ်။ သုတေသနမှာ အ၀လွန်သူ ၄၇ ဦးပါဝင်ခဲ့ပြီး ၎င်းင်းတို့ကို ဆီးချို သွေးချိုရောဂါ ကနဦးအဆင့် ဖြစ်ပွား နေသူအုပ်စု (၂) စုနဲ့ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားနေသူ အုပ်စု (၁) စု စုစုပေါင်း (၃) စုခွဲခဲ့ပါ တယ်။


ယင်းနောက် ကိုယ်အလေး ချိန်ထိန်းသိမ်းဖို့ အထူးပြုလုပ်ထားတဲ့ အစားအသောက်ပုံစံအတိုင်း ၂၄ ပတ်တာ စားသုံးစေပါတယ်။ ယင်း ၂၄ ပတ်တာကာလအတွင်း ၁၂ ပတ်ခြားတခါ တစ်ရက် ၃ ကြိမ် စားတဲ့ပုံစံနဲ့ တစ်ရက် ၆ ကြိမ် စားတဲ့ပုံစံကို လဲလှယ်စားသုံးစေခဲ့ပါ တယ်။ ပါဝင်သူတွေရဲ့ ကိုယ်အလေး ချိန်ကို ၂ ပတ်တစ်ခါတိုင်းပြီးနောက် ၎င်းင်းတို့ရဲ့ အစာစားလိုစိတ်၊ ကျေနပ် စိတ်နဲ့ ဆာလောင်မှု စတာတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးမြန်းခဲ့ ပါတယ်။

သုတေသနတစ်လျှောက်လုံး ၎င်းင်းတို့ရဲ့ ကိုယ်အလေးချိန်က ပြောင်းလဲမှုမရှိပေမဲ့ တစ်ရက် ၆ ကြိမ် စားတဲ့သူတွေမှာ HbA 1C နဲ့ စားပြီးနောက် သွေးတွင်းသကြား ဓာတ် စစ်ဆေးမှုမှာ သွေးတွင်း သကြားဓာတ်တွေ ကျလာတာကို တွေ့ရပါတယ်။ ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်ဖြစ်ပွားနေတဲ့ အုပ်စု မှာတော့ တစ်ရက် ၆ ကြိမ် ခွဲစား ခြင်းအားဖြင့် ဂလူးကို့စ်စားပြီး နောက် သွေးတွင်းအင်ဆူလင် ပမာဏ ပုံမှန်မဟုတ်ပဲ မြင့်တက်လာ မှုနဲ့ သွေးတွင်းသကြားဓာတ် အမြင့် ဆုံးရောက်သည့်အချိန် နှောင့်နှေး ခြင်းတို့ ကြုံတွေ့ရနိုင်ခြေ လျော့နည်း သွားစေပါတယ်။ ပါဝင်တဲ့သုံးဖွဲ့စလုံး ဆာလောင်မှု သိသိသာသာ လျော့ နည်းသွားယုံသာမက အစားစားလို စိတ်ပါ တစ်ရက် ၃ ကြိမ်စားသော အုပ်စုထက် ပိုလျော့နည်းသွားတာကို တွေ့ရပါတယ်။ ယင်း သုတေသနကို ပေါ်တူဂီမှာကျင်းပတဲ့ ဥရောပဆီးချို သွေးချိုဆိုင်ရာ သုတေသနအဖွဲ့ အစည်း EASD ရဲ့ နှစ်ပတ်လည်မှာ ဖော်ပြခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ