ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ တစ်နေ့ ကို ခြောက်နာရီကျော်ထိုင်ခြင်းက မိခင်ကော ကလေးကိုပါ ထိခိုက်စေနိုင်





ကိုယ်ဝန်ဆောင်စဉ်မှာ အထိုင်များတဲ့အမျိုးသမီးတွေအနေနဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်ပါရဂူတွေက သတိပေးပြောကြားလိုက်ပါတယ်။ 

Warwick ဆေးကျောင်းက ဆေးသုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုယ်ဝန် ၄လ၊၅လ၊ ၆လ ရှိပြီဖြစ်တဲ့အမျိုးသမီးတွေအနေနဲ့ တစ်နေ့ ကို ခြောက်နာရီကျော် ထိုင်ခြင်းက ကိုယ်ဝန်ဆောင်စဉ် အတွင်းမှာ ကိုယ်အလေးချိန်တိုးခြင်းနဲ့ သွေးတိုးဆီးချိုတို့ ရနိုင်ပြီး ဒီအခြေအနေတွေကြောင့် မွေးဖွားစဉ်မှာ အခက်အခဲတွေ တွေ့ နိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ်တွေ့ ရှိမှုအရ စိတ်မချမ်းသာ၊အားငယ်မှုခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပို အထိုင်များတတ်ပြီး ကိုယ်အလေးချိန်တိုးမှုနဲ့ ကိုယ်ဝန်ဆောင်ချိန်ဆီးချိုရောဂါတွေ ရနိုင်ခြေ ပိုများပါတယ်။ 

အရင်ကဆီးချိုမရှိပါဘဲနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာမှ သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး သွေးတိုးဖြစ်ပေါ်မှု Gestational diabetes ကြောင့် မီးဖွားစဉ်မှာ မီးဖွားချိန်ကြာမြင့်ခြင်း၊ မီးဖွားမည့်ဆဲဆဲ သနေသား အနေအထား မူမမှန်မှု စတဲ့ birth complications တွေ တွေ့ စေနိုင်ပါတယ။ ဒါကြောင့်မို့ လို့ ဒီ အန္တရာယ် ကိုလျှော့ချနိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့  အထိုင်လျော့ပေးဖို့ အရေးကြီးပါတယ်” လို့ လေ့လာမှုကို ဦးဆောင်ခဲ့သူ Dr Nithya Sukumar က ပြောကြားခဲ့ပါတယ်။ 

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ