ဥစားခြင်းက စိတ်ဖောက်ပြန်မှုကို ကာကွယ်နိုင်



ဥစားရင် မှတ်ဉာဏ်ဆုံးရှုံးတာ၊ စိတ်ဖောက်တာတွေကို တားဆီးနိုင်၊ မတားဆီးနိုင်ဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်တွေက စစ်ဆေးလေ့လာနေပါတယ်။

လေ့လာမှုမှာ ပါဝင်ကူညီသူတွေဟာ ၆လအတွင်း ဥ တစ်နေ့၂လုံး စားရမှာဖြစ်ပြီး ဥမစားဘဲ နေတဲ့သူတွေနဲ့ လေ့လာနှိုင်းယှဉ်မှာပါ။

အုပ်စုနှစ်စုလုံးကို မှတ်ဉာဏ်၊ ကျိုးကြောင်းဆက်စပ် စဉ်းစားမှု၊ နှုတ်သွက်မှု နဲ့  အချိန်ကြာ အာရုံစိုက်နိုင်မှု စတာတွေကို တိုင်းတာပြီး လေ့လာနှိုင်းယှဉ်မှာဖြစ်ပါတယ်။

ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်မှုအများဆုံး အစားအစာတွေထဲမှာ ဥဟာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အာရုံကြော အားကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပေါ့။
အမေရိက တက္ကသိုလ် တစ်ခုဖြစ်တဲ့ Tufts က သုတေသီတွေ လေ့လာမှာဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ