မိန်းကလေးတွေနဲ့ အမျိုးသမီးတွေမှာ ADHD ရောဂါပိုတွေ့လာရ


ADHD ဆိုတာ စိတ်အခြေအနေတမျိုးဖြစ်တယ်။ လွန်ခဲ့တဲ့ (၇) နာရီကထွက်လာတဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ အရင်ကတော့ ယောက်ျားလေးတွေမှာသာ များတယ်လို့ သိထားတာပါ။ Journal of Clinical Psychiatry စိတ်ပညာဂျာနယ်မှာ ၂ဝဝ၃ ကနေ ၂ဝ၁၁ အတွင်း မိန်းကလေးတွေမှာ ၅၅% တွေ့တယ်။ ဒိအရင် (၈) နှစ်က လေ့လာမှုအရ ယောက်ျားလေးတွေမှာ ၄ဝ% တွေ့ခဲ့တယ်။ အခု ၂ဝဝ၈ ကနေ ၂ဝ၁၂ အတွင်းမှာတော့ အမျိုးသမီးတွေမှာ ၈၅% အထိတက်လာတယ်။

သဘာဝအားဖြင့် ယောက်ျားလေးတွေက တခုခုကိုစူးစိုက်မှုထားတာလည်းကြတယ်။ လုပ်ရင်လည်း သေသေသပ်သပ် မရှိကြဘူး။ အခုမိန်းကလေးတွေမှာ အဲလိုလုပ်လာတာကိုပိုတွေ့လာရပါတယ်။ ဒီလိုဖြစ်တာကနေ အစားအသောက် မူမမှန်တာ၊ စိတ်လှုပ်ရှားမှုကဲလွန်တာ၊ ဆက်ဆံရေးတလွဲသုံးတာနဲ့ ကိုယ်ကိုယ်ကိုသတ်သေချင်စိတ်အထိ ဆိုးနိုင်တယ်။

အစဉ်အလာအရ နောက်ချို့ယွင်းမှုတခုဖြစ်တဲ့ Autism မှာလည်း ယောက်ျားလေးတွေမှာသာအတွေ့များထားတယ်။ မိန်းကလေး ၁% သာတွေ့ရတယ်။ အဖြစ်မှန်ထက်ကဲလွန်ပြီးရောဂါအမည်တပ်ထားသလား စဉ်းစားလာရတယ်။
အခုတော့ ငယ်စဉ်ဘဝမှာဖြစ်တာမဟုတ်ပဲ အရွယ်ရောက်မှဖြစ်လာတဲ့ ADHD ဟာ မျက်လုံးပြူးလောက်အောင် ဖြစ်လာတယ်။ အဲလိုအမျိုးသမီးတွေက အောင်မြင်တဲ့ဘဝကိုထူထောင်နိုင်ပေမယ့် ဘဝနဲ့အလုပ်မျှခြေမှာတော့ လွဲချော်ကြတယ်။

ADHD ဆိုတာ လုပ်စရာအလုပ်၊ ပေးထားတဲ့တာဝန်ကို သိပ်တွေးတောဆင်ခြင်မနေပဲလုပ်တာ၊ မလုပ်ပဲထိုင်နေတာမျိုး။ အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာ အခက်အခဲတွေရှိမယ်။ ဘာလို့ဖြစ်သလည်း အကြောင်းခံတိတိကျကျမသိပါ။ မိသားစုလိုက်တာ တွေ့ရတယ်။

အာရုံစူးစိုက်မှုနည်းမယ်။ သူ့ကိုအာရုံပြောင်းအောင်လုပ်ရတာလွယ်ကူတယ်။ အမြဲထိုင်မနေတတ်ဘူး။ သွားလာ၊ ပြေးလွှား၊ လှုပ်ရှားနေမယ်။ လုပ်စရာကို အရင်မတွေးတောပဲ လုပ်ချလိုက်မယ်။ အသံလည်း ကျယ်ကျယ်ပြောမယ်။ စိတ်ပိုတိုမယ်။ သူ့အလှည့်ကျမှာကို မစောင့်ချင်ဘူး။ လူအများနဲ့ လုပ်တာ၊ စားတာ၊ ကစားတာမှာ အခက်အခဲတွေ ဖြစ်စေတယ်။ ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ချတတ်တယ်။ ရေရှည်အတွက် မစဉ်းစားဘူး။ ငွေသုံးတာ လက်ဖွါတယ်။ အလုပ်အကိုင်ခဏခဏပြောင်းချင်တယ်။

• ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/adhd.html
• Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ