Hematuria ဆီးထဲသွေးပါခြင်း


၁။ မင်္ဂလာပါ ဆရာ ကျနော်မသိတာမေးချင်လို့ပါ။ ကျနော့်သူငယ်ချင်းတယောက် ဆီးသွားတာအရောင်က သွေးလိုအရောင်ဖြစ်နေလို့ပါ။ နောက်ပြီးတော့ ဆီးသွားပြီးရင် နာတယ်လို့လဲ ပြောပါတယ်ဆရာ။ အဲ့ဒါ ဘာဆေး သောက်ရမလဲ ဘာဖြစ်တာလဲဆရာ သိချင်ပါတယ်။ သူက မိန်းကလေးမဟုတ်ပါဘူး။ ယောက်ျားလေးပါ။ ဆီးသွားခါနီးလာရင် ဆီးခုန်က အောင့်တယ်လို့လည်း ပြောတယ်ဆရာ 😥

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဟုတ်ကဲ့ မသိလို့ပါ။ အမှားပါရင်တောင်းပန်ပါတယ်ဆရာ။ သူကယောကျာ်းလေးပါ အသက်က ၂၄ပါ။ ၁၆ နှစ်လောက်တုန်း တခါဖြစ်ဖူးပါတယ်တဲ့။

ဆီးခုံလို့ ရေးရ။ မေးခွန်းမှာ မဟုတ်တာ (မိန်းကလေးမဟုတ်တာ)၊ မဖြစ်တာ ထည့်ရေးဖို့ မလိုအပ်ပါ။

၂။ ဆရာ မင်္ဂလာပါရှင် သမီးအသက် ၂၈နှစ်ပါအိမ်ထောင်ကျပြီးနှစ်လအကြာ ကိုယ်ဝန်ကပ်ပါတယ်ရှင်။ အခု ၂၃ ပတ်ထဲမှာပါရှင့်။ ဆီးသွားပြီးတော့သွေးပါလာလို့ပါရှင်။ ကန်တော့ပါရှင့်ဆရာ။ သွေးဆင်းနေတာမျိုးတော့မဟုတ်ပါဘူးရှင့်။ OG နှစ်ပတ်တခါတော့ ပုံမှန်ပြပေးပါတယ်ရှင့်။ ခုမှဖြစ်တာဆိုတော့ စိုးရိမ်မိလို့ပါရှင့်။ ဖြေပေးပါဦးရှင်။ ဆရာကျန်းမာပါစေ။

၃။ ဆရာ အသက် ၅ဝ ကျော် ယောက်ျားတွေမှာ ဆီးထဲသွေးပါတာ ဘာကြောင့်ပါလဲ။

ဆီးထဲသွေးပါခြင်းအကြောင်းရင်းများ
၁။ Urinary tract infections ဆီးလမ်းပိုးဝင်ခြင်း၊
၂။ Pyelonephritis ကျောက်ကပ်ရောင်ခြင်း၊
၃။ Bladder or Kidney stone ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ကျောက်၊
၎။ Enlarged prostate ယောက်ျားဆီးကျိတ်ကြီးနေခြင်း၊
၅။ Kidney disease ကျောက်ကပ်ရောဂါ၊ ဥပမာ Glomerulonephritis ရောဂါ၊ Viral or strep ပိုးဝင်ခြင်း၊ Vasculitis ရောဂါ၊ IgA nephropathy ရောဂါ၊
၆။ Cancer ဆီးလမ်းကင်ဆာ၊
၇။ Sickle cell anemia သွေးအားနည်းရောဂါ၊
၈။ Kidney injury ကျောက်ကပ်ထိခိုက်ခံရခြင်း၊
၉။ Medications ဆေးတချို့၊ ဥပမာ aspirin နဲ့ heparin ဆေး။၊
၁ဝ။ Strenuous exercise လေ့ကျင့်ခန်း အပြင်အထန်လုပ်ခြင်း၊
၁၁။ အကြောင်းရှာမရခြင်း။

အဖြစ်များတဲ့ ယောက်ျားတွေမှာ ဆီးထဲသွေးပါခြင်း အကြောင်းရင်များ
• ကျောက်ကပ်ကျောက်၊ ဆီးအိမ်ကျောက်၊
• ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်း ထိခိုက်ဒဏ်ရာရခြင်းများ၊
• ကျောက်ကပ်ရောဂါများ၊ လိင်ကတဆင့်ကူးစက်ရောဂါများ၊ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း၊ ကင်ဆာ၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ဆီးလမ်းပိတ်နေခြင်း၊
• Phenytoin, Quinine, Rifampin ဆေးတွေကြောင့်ဖြစ်ခြင်း

ရှားပါးတဲ့အကြောင်းရင်းတွေ
• Sickle cell anemia မွေးရာပါ သွေးအားနည်းရောဂါ၊
• Von Hippel-Landau disease မွေးရာပါ ကျောက်ကပ်၊ ကျားအစိနှင့် ခါးဆစ် ရောဂါ၊
• Systemic Lupus Erythatosus (SLE) လူးပတ်စ်ရောဂါ၊

ဆီးထဲသွေးပါနေတာကို ရိုးရိုးမျက်စိနဲ့ မြင်ရတာရှိသလို မှန်ဘီလူးနဲ့စစ်မှသိတာလည်းရှိတယ်။ ဆီးအရောင်နီရဲနေတာ၊ နီညိုနေတာလည်းဖြစ်နိုင်တယ်။

ရောဂါအကြောင်းရင်းအလိုက်တွဲရှိနေတဲ့ရောဂါလက္ခဏာတွေလည်းရှိပါမယ်။

ဖြစ်စေတဲ့အကြောင်းရင်ကို ကုသရမယ်။ ခံစာနေရတာတွေကိုလည်း သက်သာစေရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ