အီဘိုလာရောဂါအား တစ်နှစ်ကြာ ကာကွယ်ပေးနိုင်မဲ့ ကာကွယ်ဆေး


သေမင်းတမန် ရောဂါပိုး အီဘိုလာဗိုင်းရပ်စ်အား တစ်နှစ်ကြာ ကာကွယ်ပေးနိုင်မဲ့ အီဘိုလာကာ ကွယ်ဆေးထိုး လမ်းညွှန်ချက် (two- part Ebola Vaccine Regieme) မှာ လူသားများတွင် စမ်းသပ်ကုသမှု အစောပိုင်းရလဒ်တွေအရ ထိရောက် မှုရှိတာ တွေ့ခဲ့ရပါတယ်။ ကာကွယ် ဆေးထိုးနည်းက ကျန်းမာရေးကောင်း သော အရွယ်ရောက်ပြီးသူများတွင် အီဘိုလာဗိုင်းရပ်စ်အား တစ်နှစ်ဝန်း ကျင် ကာကွယ်ပေးနိုင်လောက်မည့် အခြေအနေထိ ခုခံအားစနစ်ကို လှုံ့ ဆော်ပေးနိုင်ပါတယ်လို့ အမေရိကန် ဆေးပညာအဖွဲ့အစည်းက ထုတ်ဝေ တဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

 စမ်းသပ်ခဲ့တဲ့ ကာကွယ်ဆေးတွင် အပိုင်းနှစ်ပိုင်းပါဝင်ခဲ့ပြီး ပထမ အပိုင်းမှာ ဂျွန်ဆန်အန်ချွန်ဆန်က ထုတ်လုပ်ခဲ့တဲ့ Ad26.ZEBOV ကာကွာဆေးနဲ့ ဒုတိယအပိုင်းမှာ ဒိန်းမတ်အခြေစိုက် ဘာဗေးရီးယန်း နော်ဒစ်က ထုတ်လုပ်ခဲ့တဲ့ MVA- BN- Filo ကာကွယ်ဆေးတို့ ပါဝင်ခဲ့ ပါတယ်။ ကာကွယ်ဆေးနှစ်မျိုးလုံးမှာ အန္တရာယ်ပေးနိုင်စွမ်း မရှိတဲ့ အီဘိုလာဗိုင်းရပ်စ်ရဲ့ ပရိုတင်းတွေကို အသုံးပြုထားတာဖြစ်ပြီး၊ ခန္ဓာကိုယ် ထဲရောက်ပါက ခုခံအားစနစ်ကို လှုံ့ဆော်တာဖြစ်ပါတယ်။

သုတေသန ကုထုံးကို အောက်စဖို့ဒ်တက္ကသိုလ်မှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အသက် ၁၈ နှစ်မှ ၅၀ နှစ်ကြား ဗြိတိန်နိုင်ငံ သားများ ပါဝင်ခဲ့ပါတယ်။
ပါဝင်သူတွေကို ကျပန်းခွဲပြီး တစ်ဖွဲ့ကို two-part regieme အတိုင်း ကာကွယ်ဆေးထိုးပေး၍ ကျန်တစ်ဖွဲ့ကိုတော့ အာနိသင်မဲ့ ဆေးပေးခဲ့ပါတယ်။ ရလဒ်တွေအရ ကာကွယ်ဆေးထိုးထားသောအုပ်စု တွင် ထူးခြားသော ဘေးထွက်ဆိုး ကျိုး တစ်စုံတစ်ရာမရှိပဲ၊ ကောင်း ကောင်း ခံနိုင်ရည်ရှိကာ၊ ခုခံအားစနစ် တုန့်ပြန်မှုကို စတင်ရရှိတာ တွေ့ခဲ့ရ ပါတယ်။ ကာကွယ်ဆေးထိုးပြီး ရက်ပေါင်း ၃၆၀ အထိ ရောဂါ ကာကွယ်ပေးသော ပဋိပစ္စည်း anti-bodies များ ဆက်လက်ထိန်း သိမ်းထားနိုင်တာတွေ့ရတယ်လို့ သိ ရပါတယ်။ သုတေသီတွေအနေနဲ့ တစ်နှစ်နောက်ပိုင်းမှာ ခုခံအားစနစ် ရဲ့ ခံနိုင်ရည်ကို ဆက်လက်စမ်းသပ် ဖို့နဲ့ ကာကွယ်ဆေးကို အားဖြည့်ထပ် ဆောင်း ဘယ်အချိန်မှာ ထိုးပေးဖို့လို မလည်း စတာတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ ဆက်လက်လုပ် ဆောင်ဖို့လိုပါသေးတယ်လို့ ပြော ကြားခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ