သွေးဆိပ်တက်ခြင်းအတွက် ကုထုံးသစ်


ခန္ဓာကိုယ်က နေရာတစ်ခုခုမှာ ကူးစက်ရောဂါပိုး တစ်ခုခုကြောင့် သွေးဆိပ်တက် (Sepsis) တဲ့အခါ ခုခံအားစနစ်က တုန့်ပြန်မှုတွေက မတူညီတော့ပဲ ဆဲလ်တွေက ဖရီးရာဒီ ကယ်တွေ (တက်ကြွအောက်ဆီဂျင်) နဲ့ ဓာတ်ပြုမှုပိုများလာကာ၊ ပျက်စီးမှု တွေ ပိုဖြစ်လာစေပါတယ်။ တကယ် လို့ ဒီအသက်အန္တရာယ်ဖြစ်စေနိုင် လောက်တဲ့ ရောင်ရမ်းမှုဖြစ်စဉ်ကိုသာ နှောင့်ယှက်ခဲ့မယ်ဆို ကုထုံးသစ် တစ်ခု ထွက်ပေါ်လာနိုင်လောက်ပါ တယ်။ သွေးဆိပ်တက်ခြင်းက ရောဂါ ပိုးဝင်ရောက်တဲ့ ဒဏ်ရာကို ခုခံအား စနစ်က အဆုံးမရှိတဲ့ရောင်ရမ်းမှုဖြစ်စဉ်တွေနဲ့ တုန့်ပြန်တဲ့အခါ ဖြစ်ပေါ် လာတဲ့ အခြေအနေတစ်ခုဖြစ်ပါ တယ်။

ရလဒ်ကတော့ သွေးပေါင် ချိန်တွေ ထိုးကျခြင်းနဲ့ ကိုယ်တွင်းအင်္ဂါ တွေ ပျက်စီးခြင်းတို့ ဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေကို တုန့်ပြန်မှု နည်းလာတာနဲ့အမျှ သိပ္ပံပညာရှင် တွေက ရောင်ရမ်းခြင်းလမ်းကြောင်း ကို ပစ်မှတ်အဖြစ်ထားပြီး တိုက်ခိုက် နိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောင်ကိုရီး ယားနိုင်ငံ ဆိုးလ်အမျိုးသားတက္က သိုလ်မှ သုတေသီတွေက Ceria နာနိုမှုန်ငယ်လေးတွေရဲ့ ရောင်ရမ်းမှု ဖြစ်စဉ်မှာ အဓိကကျတဲ့ တက်ကြွ အောက်ဆီဂျင်မျိုး စိတ်တွေကို ဖျက်ဆီးနိုင်စွမ်းကို တွေ့ရှိခဲ့ကြပါ တယ်။ Ceriaion တွေက ဖရီးရာဒီကယ်တွေဖြစ်တဲ့ Super- oxide anion, hydroxyl radical anion သာမက hydrogen peroxide တွေကိုပါ ထိန်းချုပ်ပြီး ဖျက်ဆီးနိုင်းစွမ်းကို လျော့ကျစေပါ တယ်။
ဒါပေမဲ့ သက်ရှိဆဲလ်တွေထဲမှာ ဆိုရင် အခြေအနေနှစ်ခုနဲ့ ပြည့်စုံမှ Ceria ion တွေက ယင်းကဲ့သို့ လုပ် ဆောင်နိုင်တာဖြစ်ပါတယ်။ ယင်း အခြေအနေကတော့ ပေါင်းစည်းရမဲ့ အမှုန်တွေရဲ့ အရွယ်အစားနဲ့ သဘာဝပဲဖြစ်ပါတယ်။ Ceria ion တွေဆဲလ်တွေထဲဝင်ပြီး၊ ၎င်းင်းအထဲမှာ ကြာကြာနေနိုင်ဖို့အတွက် သေးငယ် တဲ့ ၂ နာနိုမီတာအရွယ်အစားရှိတဲ့ ရေမှာပျော်ဝင်နိုင်သော Poly connected phospholioid အခွံ လေးတွေလိုအပ်ပါတယ်။

ဒုတိယ အချက်အနေနဲ့ Cerion ion က နာနိုအမှုန်တွေရဲ့ မျက်နှာပြင်မှာ အလွယ်တကူ 3+ ဓာတ် လျော့နိုင်ဖို့ လိုအပ်ပြီး၊ ဓာတ်ပြုပြီးပါကလည်း ပြန်လည် ထုတ်လုပ်နိုင်ဖို့အပ်ပါ တယ်။ ယင်းအခြေအနေနှစ်ရပ်ကို ထောက် ပံ့နိုင်ဖို့ zirconium ion က ကူညီပေး နိုင်တာကို သုတေသီတွေက တွေ့ခဲ့ကြပါတယ်။ ဒါကြောင့် Cerion ion ရဲ့ တက်ကြွအောက်ဆီ ဂျင်တွေကို ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ဖို့ အတွက် နာနိုအမှုန်တွေကို ceria နဲ့ zirconium ions တွေကို ရော၍ တည်ဆောက်ပြီး ဓာတ်ခွဲခန်း ထဲမှာ သာမက သတ္တ၀ါတွေအပေါ် မှာပါ စမ်းသပ်ခဲ့ပါတယ်။ ရလဒ်က တော့ ceria zirconium နာနိုမှုန် တွေကို တစ်ကြိမ်သုံးရုံနဲ့ သွေးဆိပ် တက်ချိန်မှာ ဖြစ်ပွားတဲ့ မပြီးနိုင်တဲ့ ရောင်ရမ်းမှုဖြစ်စဉ်ကြီးကို ရပ်တန့်နိုင် တာ တွေ့ရပြီး၊ အသက်ရှင်နိုင်ခြေပါ မြင့်တက်လာတာ တွေ့ခဲ့ရပါတယ်။

ဖိုးသောကြာ
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ