ပန်းနာရင်ကြပ်လူနာတိုင်းမှာ စတီးရွိုက်က အသုံးမ၀င်နိုင်


ပန်းနာရင်ကြပ်ရောဂါဆိုတာ ဘ၀တစ်သက်တာလုံး ကြုံတွေ့နေ ရနိုင်တဲ့ လေပြွန်ရောင်ရမ်းသည့် အခြေအနေတစ်ခုဖြစ်ပြီး အသက်ရှူမ ၀ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စတဲ့ လက္ခဏာတွေ ခံစားနိုင်ရပါ တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ လူဦးရေ ၁၀% လောက်ဖြစ်ပွားနေကြပြီး၊ အမေရိကန်တစ်နိုင်ငံတည်းမှာပင် ရောဂါဖြစ်ပွားနေသူ သန်း ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။ ကော်တီကိုစတီးရွိုက်ရှူဆေးတွေက လေပြွန်ရောင်ရမ်းမှုကို သက်သာ စေပေမဲ့ ပြင်းထန်ပန်းနာရင်ကြပ် ဝေဒနာရှင်တွေရဲ့ ၅-၁၀% လောက် အပေါ်ကိုတော့ ယင်းရှူဆေးတွေက သက်ရောက်မှုမရှိပါဘူး။

 လက်ရှိ ကုထုံးတွေက တကယ်တမ်း ပြင်းထန် ပန်းနာရင်ကြပ် ဝေဒနာရှင်တွေ အတွက် လုံလောက်မှုမရှိပါဘူး။ ဒါကြောင့် ပြင်းထန်ပန်းနာရင်ကြပ် ဝေဒနာရှင်တွေရဲ့ ရောဂါဇစ်မြစ်ကို ပိုသိရဖို့နဲ့ ဘာကြောင့် စတီးရွိုက်ကို တုန့်ပြန်မှုနည်းလည်းဆိုတာကို ရှာ ဖွေပြီး ကုထုံးသစ်တွေ တွေ့ရှိဖို့ University of Pittsburgh မှ သုတေသီတွေက သုတေသနလုပ်ခဲ့ ကြပါတယ်။ ပြီးခဲ့တဲ့ သုတေသနတွေ အရ ပြင်းထန်ပန်းနာရင်ကြပ် ဝေဒနာရှင်တွေရဲ့ ထက်ဝက်လောက် မှာ ၎င်းင်းတို့ရဲ့ လေပြွန်ဆဲလ်များထဲ၌ ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ ပရိုတင်း interferon-gamma ပမာဏတွေ မြင့်တက်နေတာကို တွေ့ရပြီး၊ ယင်းအတွက်ကြောင့်ပဲ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာ ညံ့ဖျင်းရတာကို တွေ့ခဲ့ရပါတယ်။

သုတေသန အသစ်မှာတော့ interferon-gamma အချက်ပြမှုက ပြင်းထန် ပန်းနာရင်ကြပ်ဝေဒနာရှင် တွေမှာ စတီးရွိုက်တုန့်ပြန်မှု အား နည်းရခြင်းရဲ့ အဓိကအချက်အလက် ကို သုတေသနလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် interferon-gamma ရဲ့ လှုံ့ဆော်မှုကြောင့် ထွက်ပေါ်လာပြီး၊ ခုခံအားစနစ်ဆဲလ် တွေကိုစုဆောင်းကာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ CXCL 10 ပရိုတင်းကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ ဃဌဃူ ၁၀ ပရိုတင်း ပမာဏက ပြင်းထန် ပန်းနာရင်ကြပ်ရောဂါရှိပြီး၊ ကော်တီကိုစတီးရွိုက်ပမာဏ အများ ကြီးသုံးကာ ကုသနေရတဲ့ ဝေဒနာရှင် တွေရဲ့ ထက်ဝက်လောက်မှာ မြင့် တက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် CXCL 10 က ပြင်းထန် ပန်းနာရင်ကြပ်ဝေဒနာရှင်တွေမှာ ထက် ပြင်းထန်အဆင့်နိမ့်ပြီး စတီးရွိုက်ဆေးတွေနဲ့ ကုသမှုခံယူနေ တဲ့သူတွေမှာ ပိုပြီးမြင့်တက်နေတာကို တွေ့ရပါတယ်။

သုတေသီတွေက CXCL 10 ပရိုတင်းမြင့်နေတဲ့အုပ်စု နဲ့ မမြင့်တဲ့အုပ်စုဆိုပြီး ခွဲကြည့်လိုက် ရာ CXCL 10 မြင့်နေတဲ့ အုပ်စုက ရောဂါထိန်းချုပ်ရဖို့ ခက်ခဲပြီး အရေး ပေါ်ဌာနတွေကို မကြာခဏ သွားရ ကာ၊ ရောဂါဖောက်တဲ့အချိန် ပိုများ တာကို တွေ့ရပါတယ်။ နောက်တဆင့် သုတေသီတွေက စတီးရွိုက်အနေနဲ့ CXCL 10 ပရိုတင်းကို ဖိနှိပ်နိုင်ခြင်း မရှိတာကို တွေ့ခဲ့ရပါတယ်။ အကြောင်းကတော့ စတီးရွိုက်က CXCL 10 ထုတ်လုပ်မှုကို လှုံ့ဆော် ပေးတဲ့ interferon- gamma အချက်ပြတွေကို တည်ငြိမ်စေတာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ CXCL 10 ကို စတီးရွိုက်တုန့်ပြန်မှု အားနည်းတဲ့ လူနာတွေကို ရှာဖွေရာမှာသုံးမဲ့ ဇီဝ အမှတ်အသားအဖြစ် လာမည့်နှစ် အနည်းငယ်အတွင်း သုံးလာနိုင်မယ် လို့ သိရပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ