ကျန်းမာရေးနှင်ကောင်းမွန်သောကိုယ်အလေးချိန်ဝိတ်ချခြင်း


ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြု့လုပ်ပါ
( ဥပမာ လမ်းလျှောက်ခြင်း အိပ်ထမတင်ကစားခြင်း အိမ်တွင်းမိမိအဆင်ပြေကစားနိုင်သော ကာယလေ့ကျင့်ခန်း တစ်ခုခု ) သွေးသာလည်ပတ်ကောင်းမွန်ပြီး ခန္ဓာကိုယ်အချိုးအဆစ်ညီမျှမှု့အတွက်ပါ အကျိုးများစေသည်၊

အိပ်ရေးဝအောင် အိပ်စက်ရန်လိုအပ်ပါသည်
။ အိပ်ရေမဝခြင်း အိပ်ရေးပျက်တာကြောင့် ခုခံအားစနစ်ကျဆင်းစေခြင်း ၊ အရေပြား အတွက် ကော်လာဂျင် ထုတ်လှုပ်မှု ကို နှေးစေးပြီး မိမိအရေပြား အရေးကြောင်းဖြစ်ပေါ်ခြင်းနှင့်အတူ အသည်းနှင့်သည်းခြေ၏ဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်စေသည့်အတွက် အိပ်ရေဝဝ အိပ်စက်ရန်လိုအပ်ပါသည် ။

ရေများများသောက်ရန်လိုအပ်ပါသည်။
ရိုးရိုးရေ ( ရေခဲရေ အေးနေသောရေ ရှောင်ပါ )
ရေသောက်မနည်းစေဘဲ မိမိအစာမစားခင် ရေအနည်းငယ်သောက်ပေးပြီးမှ စားသောက်ရန်လိုအပ်ပါသည် ။ ရေများများသောက်ခြင်းသည်လည်း ကယ်လိုရီလျော့ကျစေနိုင်ပါသည် ။

မလိုအပ်သောစားသုံးမှုများကို ထိန်းသိမ်းပြီး တက်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည် ။ အစားအစာများကို နည်းနည်းခြင်းစား များများဝါးပေးပါ ။
ငါးအသားနှင့် အသီးအရွက်များ ပိုမိုစားသင့်ပြီး
အဆီအဆိမ့်ပါသော အသား ၊ မုန့်သရေစာများ ရှောင်ရှားပေးပါ ။
လက်ဖက်ရည် နှင့် ကော်ဖီများကို လျှော့၍ သောက်သုံးပေးသင့်ပြီး အချိုဓာတ်များသော အစားအစာများ စားသုံးခြင်းမှလည်း ရှောင်ကြဉ်ပါ ။

စိတ်ဖိစီးမှု့မများရန်လိုအပ်ပါသည်။
စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ သင့်ခန္ဓာကိုယ်က ကော်တီဇော ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက အဆီထုတ်လုပ်မှုကို တိုးစေပြီး အစာစားချင်စိတ်ပါ ပိုများ စေပါတယ်။
အဆီသည် ဗိုက်တစ်ဝိုက်တွင်စုစည်းများသဖြင့် ဗိုက်ခေါက်ထူခြင်း ဗိုက်ပူဗိုက်ဆူထွက်လာခြင်းကို သိသိသာသာ ဖြစ်ပေါ်စေပါသည် ။ ဒါကြောင့်မိမိတွင်
စိတ်ဖိစီးမှု့နည်းရန်လည်း လိုအပ်ပါသည် ။

အပြင်အစားအသောက်များ လျော့နိုင်သမျှ လျှော့ခါ စားပါ ။ အချိုမှုန့်သုံးစွဲပါဝင်မှု့လွန်ကဲခြင်းနှင့်အတူ အကြိမ်ကြိမ်အပူများထားသောဆီများဖြင့် ကြော်လှော်ချက်ပြုတ်တက်ကြသဖြင့် အပြင်အစားအစာများကိုသာ စားသောက်မှု့များလာပါက ကျန်းမာရေးအတွက် ရေရှည်တွင် ဆိုးကျိုးများလာနိုင်သဖြင့် လျှော့လျရန်လည်းလိုပါသည် ။ အသီးအနှံ သစ်သီးသစ်ရွက်ဟင်း ၊ အရည်များ ပိုမို စားသောက်ပေးပါ။

မိမိခန္ဓာကိုယ်အလေးချိန်တိုးခြင်း ဝဖြိုးခြင်းတို့သည် ချက်ခြင်းတိုး ဝဖြိုးလာခြင်း မဟုတ်သဖြင့် ကိုယ်အလေးချိန်ချက်ခြင်း ကျစေနိုင်သော နည်းလမ်းများသုံးခြင်းထက် တဖြေးဖြေးလျှော့ကျစေသည့် အပြင်
မိမိကျန်းမာရေးအတွက်ပါ အကျိုးများစေသည့်ဖော်ပြပါ အချက်အလက်များကို အလေ့အကျင့်ဖြင့်
နေထိုင်စားသောက်ခြင်းသည်သာ
အကောင်းဆုံးဖြစ်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ