ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးကုသမှု့ ဖြစ်
လူ့ခန္ဓာကိုယ့်သည် ပြောင်းလွဲနေသည့် ဥတုရာသီအနေအထားအလိုက် လိုက်ဖက်စွာနေထိုင်သင့်သလို လိုအပ်သောဗီတာမင်များလည်း ပြန်လည်ဖြည့်ဆည်းစားသောက့်ရပါမယ် ဒါမှသာ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါသည် ။
ဥတုကအေးလာချိန်တွင် ခန္ဓာကိုယ်အပူချိန်လည်းလိုက်ပါကျဆင်းလာပါတယ် ။ အပူရှိန်ကျဆင်းနေသည့်အချိန်ကာလမှ မိမိကထပ်မံပြီးကျဆင်းစေအောင် အေးအောင် ပြု့လုပ်လာမည်ဆိုပါက အအေးပတ်ခြင်းဖြစ်ပေါ်လာစေနိုင်သလို မူလတည်းက သွေးတိုးရောဂါအခံရှိသူဖြစ်ပါက ဌင်းအအေးပတ်ခြင်းအကျိုးဆက်ပိုများပြီး နာမကျန်းဖြစ်စေပါလိမ့်မည် ။
အအေးပတ်ခြင်းကြောင့် -
ကိုယ်လက်မအီမသာဖြစ်ခြင်း
ခေါင်းကိုက်နေခြင်း
နှာစေးခြင်း
အဆုတ်ပွ ချောင်းဆိုးလာခြင်း
အကြောတက်နေထိုင်ခက်ခြင်း
ကိုယ်ခန္ဓာအပူအအေးမမျှခြင်း
အကြောကပ် လှုပ်ရှားနာကျင်ခြင်း
နားစည်ရောင်တက်ခြင်း
အစရှိသည့် လက္ခဏာများဖြစ်ပေါ်လာတက်ပါသည် ။
မိမိကိုယ်တိုင် အအေးပတ်ခြင်းမဖြစ်အောင် သတိထားရန် လိုအပ်ပါသည် ။
ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ဖျားနာကင်းဝေးစေဖို့တွက် ဗီတာမင် စီ များသော လိမ္မော် ၊ သံပုရာသီး သံပုရာအရည် သင်္ဘောသီး အစရှိသော အသီးများ ဖျော်ရည်များသောက်သုံး စားသောက်ရန်လိုပါသည် ။
အအေးပတ်မှု့အတူ အကြောအားနည်းနေပါက ပိုမိုဆိုးဝါးနေရခက်ပါလိမ့်မည် ။
မဖြစ်ခင်ကြိုတင်ကာ ဖြည်ဆည်းနေပါက ကောင်းမွန်စေပါမယ် ဗီတာမင်ဘီ1အုပ်စု ပါဝင်များသော အသား ၊ ပဲပင်ပေါက် ၊ နို့ ၊ ပေါင်မုန့်၊ အခွံမာသောအသီးအဆန်များ ၊ ထမင်းရည် ၊ ငါး ၊ ဌက်ပျောသီး အသီးအနှံများ စားရပါလိမ့်မည် ။
ကြိုတင်အသိ ကာကွယ်ခြင်းဖြင့် စားသောက်နေထိုင်ခြင်းသည် မိမိခန္ဓာကျန်းမာဖို့ များစွာ အထောက်အကူပြု့ပါသည် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin