ဝက်ခြံပျောက်စေမဲ့ သဘာဝ နည်းလမ်းကောင်းများ


ဝက်ခြံပျောက်ဖို့အတွက် နည်း လမ်းတွေအများကြီးရှိတဲ့ အထဲမှ အချို့ကတော့ သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ပဲ ကုသကြပါတယ်။ ဒီနည်းလမ်းက အရမ်းကောင်းမွန်ကာ အခြားအကျိုးကျေးဇူးတွေပါ များစွာ ရရှိစေပါတယ်။ သဘာဝကရတဲ့ ပစ္စည်းတွေကို လိမ်းပေးမယ်ဆိုရင် တော့ အရေပြားခြောက်သွေ့ခြင်း၊ ကွာခြင်းစတဲ့ အခြားဘေးထွက်ဆိုး ကျိုးတွေ မရှိနိုင်ပါဘူး။

(၁) ရှားစောင်းလက်ပတ်အနှစ်
အသားအရေကို ချောမွေ့စေ ကာ ပိုးမွှားတွေကို သေစေနိုင်စွမ်းရှိ ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား၊ အညစ်အကြေးတွေကို ကင်းစင်စေပါ တယ်။ ရှားစောင်းလက်ပတ်အနှစ်က အရေပြားအတွင်းထဲအထိ စိမ့်ဝင်ကာ အသားအရေကို စိုပြေစေပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ အမာရွတ်၊ အဖုအပိန့်တွေကို ညီညာချောမွေ့စေ ကာ ယားယံမှုကင်းဝေးစေပါတယ်။ တစ်နေ့ကို ၂ ကြိမ်လိမ်းပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ပြန် လည်စိုပြေလာမှာပါ။

(၂) Apple Cider Vinegar
ဝက်ခြံပျောက်စေမယ့် အစွမ်း ထက်ပစ္စည်းဖြစ်ကာ ရောဂါပိုးမွှား တွေကို ရှင်းလင်းပေးပြီး ၀က်ခြံ ကြောင့်ဖြစ်တဲ့ ယားယံမှုကို သက်သာ စေပါတယ်။ ရေနဲ့ဆတူ နီးနီးရောပြီး ရလာတဲ့ အရည်ကို ဂွမ်းသန့်သန့်နဲ့ တို့ပြီး ၀က်ခြံရှိတဲ့ နေရာတွေပေါ်မှာ ပွတ်ပေးပါ။

(၃) ကပ်စေးနဲပင်အမြစ် (burdock root)
အရေပြားမှာဖြစ်တဲ့ နာတာ ရှည်ပြဿနာတွေ အထူးသဖြင့် ၀က်ခြံကို သက်သာပျောက်ကင်းစေ ပါတယ်။ အမြစ်မှာပါတဲ့ အစွမ်းသတ္တိ တွေက ရောဂါပိုးမွှားတွေကို သေစေ နိုင်စွမ်းရှိပြီး ပတ်ဝန်းကျင်က သွေး ကြောတွေထဲမှာလည်း သွေးစီးဆင်း မှုကို အားကောင်းစေပါတယ်။ အဆိပ်တောက်တွေနဲ့ ၀က်ခြံဖြစ်စေ တဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ် ရှားပေးပါတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်း ရှိတာကြောင့် ၀က်ခြံကြောင့် အရေပြားပေါ်မှာ ရောင်ရမ်းမှု၊ ယားယံမှုတွေကို သက် သာစေပါတယ်။ အမြစ်ကို ထုထောင်း ပြီး ရလာတဲ့အနှစ်ကို လိမ်း၍ပဲ ဖြစ်စေ၊ ရေနွေးထဲထည့်ပြီး တစ်နေ့ ၂ ကြိမ် သောက်သုံး၍ဖြစ်စေ အသုံး ပြုနိုင်ပါတယ်။

(၄) ဒုဓလီမြစ် (Dandelion root)
ရေနွေးထဲမှာ ထည့်သောက် နိုင်ကာ ၀က်ခြံနဲ့ အခြားအရေပြား ပြဿနာတွေကို ကုသရာမှာ အသုံး ၀င်ပါတယ်။ ဗီတာမင် A,B,C,D ကြွယ်ဝစွာပါဝင်တာက ၀က်ခြံများတဲ့ အသားအရေကို ကုသရာမှာ သင် တော်ပြီး အဖုအပိန့်၊ အမည်းစက်တွေ ကိုပါ သက်သာပျောက်ကင်းစေပါ တယ်။ ဒုဓလီမြစ်က ၀က်ခြံထွက်စေတဲ့ ဟော်မုန်းတွေကို ထိန်းချုပ်နိုင်ကာ အသည်းကို သန့်စင်စေခြင်း၊ free radicals တွေ ခန္ဓာကိုယ်တွင်းမှာ စုဝေးနေခြင်းကို ဟန့်တားပေးခြင်း တွေ စွမ်းဆောင်နိုင်ပါတယ်။

(၅) နွယ်ချို (Licorice root)
ရောင်ရမ်းမှုသက်သာစေတဲ့ အစွမ်းသတ္တိပါရှိကာ ၀က်ခြံကြောင့် ဖြစ်တဲ့ ယားယံမှု၊ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။ နွယ်ချိုအနှစ်ကို ၀က်ခြံရှိသောအရေပြားပေါ်သို့ လိမ်း ပေးပါက ပိုးသေရုံတင်မက အမည်း စက်၊ အနာအစာတွေကိုပါ သက်သာ လျော့ပါးစေပါတယ်။

(၆)ဲJojoba oil
အသားအရေကို ချောမွေ့စေ ကာ ယားယံမှုသက်သာစေပါတယ်။ အစိုဓာတ်ပါရှိကာ ၀က်ခြံအဖုအပိန့် တွေကို သက်သာစေပါတယ်။ အလွန် အမင်း အဆီပြန်ခြင်းမဖြစ်အောင် ကာကွယ်ပေးကာ ချွေးပေါက်တွေ ဂျီးပိတ်ခြင်းမှ ကင်းဝေးစေပါတယ်။

(၇) လာဗင်ဒါအဆီ (Lavender oil)
ဝက်ခြံများတဲ့ အသားအရေ အတွက် သင့်လျော်ပါတယ်။ နာကျင် တဲ့ဝေဒနာကို သက်သာစေနိုင်စွမ်းရှိ ကာ အသားအရေကို ချောမွေ့အား ပြည့်စေပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်(စ်) တွေကို သေစေနိုင်စွမ်းရှိ ကာ အနာသက်သာစေခြင်း၊ ရောင် ရမ်းနီရဲမှုကို သက်သာစေခြင်း အစွမ်း တွေရှိပါတယ်။ သေသွားတဲ့ အရေ ပြားဆဲလ်တွေနေရာမှာ ဆဲလ်အသစ် တွေ ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။ ၀က်ခြံကို အလျှင်အမြန် ပျောက်ကင်းစေနိုင်စွမ်းရှိကာ အမာ ရွက်၊ အမည်းစက်၊ ပျက်စီးနေတဲ့ အရေပြားကို ပြန်လည်ကောင်းမွန် လာစေပါတယ်။

(၈) Tea tree oil
ကာလရှည်ကြာစွာဖြစ်နေတဲ့ ၀က်ခြံတွေကို ကုသရာမှာ အသုံးဝင် ပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်(စ်) တွေကို သေစေနိုင်စွမ်းရှိ တာကြောင့် ၀က်ခြံကိုကုသဖို့ သင့် တော်ပြီး အဆီကို ၀က်ခြံဖြစ်နေတဲ့ နေရာပေါ်မှာ လိမ်းပေးရမှာဖြစ်ပါ တယ် Tea tree oil မှာပါတဲ့ trepenoids ကရောင်ရမ်းမှုကို သက် သာစေတဲ့အပြင် ရောဂါပိုးမွှားတွေကို ပါ သေစေနိုင်ပါတယ်။

(၉) လက်ဖက်စိမ်း (Green tea)
Green tea ကို ၀က်ခြံပျောက် ဖို့အတွက် သုံးစွဲလာတာ နှစ်ပေါင်း ၄၀၀၀ခန့် ရှိနေပါပြီ။ ကာလကြာ ရှည်စွာ ဖြစ်ပွားနေတဲ့ဝက်ခြံနဲ့ အခြား အရေပြားပိုးဝင်တာမှန်သမျှကို ထိ ရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ Green tea မှာပါတဲ့ Polyphends က အဆိပ်တောက်တွေနဲ့ free radicals တွေကို ခန္ဓာကိုယ်တွင်းမှ ဖယ်ရှားပေးကာ ၀က်ခြံထွက်ခြင်းမှ လည်း ကင်းဝေးစေပါတယ်။

(၁၀) Red clover
အရေပြားပြဿနာအချို့ကို ဖြေရှင်းပေးနိုင်ကာ ယားယံမှု၊ ပိုးဝင် မှုတွေကို ပျောက်ကင်းစေပါတယ်။ သွေးထဲကအဆိပ်အတောက်တွေနဲ့ free radicals တွေကို ဖယ်ရှားပေး နိုင်ကာ ၀က်ခြံဖြစ်ခြင်းမှ ကင်းဝေးစေ ပါတယ်။

(၁၁) သံလွင်ရွက် (Olive Leaf Extract)
ကိုယ်တွင်းဟော်မုန်းပမာဏ ကို ထိန်းညှိပေးကာ အသည်းကို သန့်စင်စေပါတယ်။ Oleuropeins ခေါ်တဲ့ အစွမ်းထက် antioxidant ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက ရောဂါပိုးမွှားတွေကိုပါ ဖယ်ရှားရှင်း လင်းနိုင်စွမ်းရှိပါတယ်။ ပိုးသတ်နိုင် စွမ်းရှိတဲ့အပြင် ဗိုင်းရပ်(စ်)နဲ့ မှိုရောဂါ တွေကိုပါ သေစေနိုင်တာကြောင့် အင်မတန် အသုံးဝင်ပါတယ်။ Olive leaf extract ကို ၀က်ခြံပေါ်မှာ လိမ်းပေးမယ်ဆိုရင် ရောင်ရမ်းမှု၊ ယားယံမှုတွေ လျော့ကျစေမှာပါ။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ