သွားတွေကို သဘာဝအတိုင်း သန့်ရှင်းဖြူဖွေးလာစေမဲ့ အစားအစာများ


သွားတွေကို စွန်းထင်းစေတဲ့ အစားအစာတွေက ကော်ဖီ၊ လက် ဖက်ရည်၊ ၀ိုင်အနီနဲ့ ဆိုဒါတွေဖြစ်ကြ ပြီး အရောင်စွန်းထင်းကာ သွားကို ညစ်ထေးစေပါတယ်။ အခုပြောမဲ့ အကြောင်းအရာကတော့ သွားကို သဘာဝအတိုင်း တဖြည်းဖြည်း ဖြူ ဖွေးသန့်ရှင်းလာအောင် လုပ်ပေးနိုင် တဲ့ အစားအစာတွေအကြောင်းပါ။ ဒါတွေက ဈေးနှုန်းကြီးမြင့်ခြင်းမရှိ သလို အလွယ်တကူလည်း ၀ယ်ယူ လို့ရပါတယ်။

(၁) စတော်ဘယ်ရီ
Malic acid ပါဝင်တာကြောင့် သွားကို ဖြူစေပါတယ်။ စတော်ဘယ် ရီသီးကို ထုချေပြီး ရလာတဲ့အနှစ်ကို သွားမှာ ပွတ်ပေးပါ။ ပြီးရင် ၅ မိနစ် ခန့်ထားပါ။ ပြီးနောက် ရေဆေးပြီး သွားတိုက် floss အသုံးပြုပေးနိုင်ပါ တယ်။

(၂) ပန်းသီး၊ တရုတ်နံနံ၊ မုန်လာဥနီ
လတ်ဆတ်တဲ့ အထက်ပါ သီးနှံ၊ အရွက်တွေက သွားမှာရှိတဲ့ အစွန်းထင်းတွေကို ဖယ်ရှားပေး သလို ခံတွင်းထဲမှာ တံတွေးထွက် များစေကာ ခံတွင်းကို သန့်ရှင်းစေပါ တယ်။ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီး ယားတွေကို နှိမ်နင်းနိုင်ပါတယ်။

(၃) လိမ္မော်သီး၊ နာနတ်သီး
ခံတွင်းထဲမှာ တံတွေးပိုထွက် စေကာ ခံတွင်းကို သဘာဝအတိုင်း သန့်ရှင်းစေပါတယ်။ ချဉ်တဲ့အသီး တွေ များများစားရင်တော့ သွားကျိန်း တတ်ပါတယ်။

(၄) ပေါင်မုန့်ဖုတ်ရာမှာ အသုံးပြုတဲ့ ဆော်ဒါအမှုန့်
ဆော်ဒါအမှုန့်က သွားတိုက် ဆေးမရှိတဲ့အခါမျိုးမှာ သွားကို သန့် ရှင်းစေဖို့ အသုံးပြုနိုင်သလို သွားက သွားချေးလွှာ၊ အစွန်းထင်းတွေကို လည်း ဖယ်ရှားပေးနိုင်ပါတယ်။

(၅) ဒိန်ချဉ်၊ နွားနို့၊ ဒိန်ခဲ
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ lactic acid ပါဝင်ကာ သွားပိုးစား ခြင်းမဖြစ်အောင် ကာကွယ်ပေးပါ တယ်။ လေ့လာမှုတစ်ခုအရ ၁ ပတ် ကို ဒိန်ချဉ် ၄ ကြိမ်ခန့် စားသုံးတဲ့ ကလေးငယ်တွေက ဒိန်ချဉ်မစားတဲ့ ကလေးတွေထက် သွားပိုးစားတာ ပိုနည်းတယ်လို့ ဆိုပါတယ်။ လေ့လာ သူတွေက ဒိန်ချဉ်မှာပါတဲ့ ပရိုတိန်း ဓာတ်က သွားနဲ့ ပူးပေါင်းကာ သွား ပိုးစားစေမဲ့ အက်ဆစ်တွေ တိုက်ခိုက် ခြင်းမှ ကာကွယ်ပေးတယ်လို့ ယူဆ ကြပါတယ်။ မာတဲ့ ဒိန်ခဲတွေက သွားကို ဖြူစေနိုင်စွမ်းရှိပါတယ်လို့ လည်း ဆိုပါတယ်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ