စိတ်ကျရောဂါဝေဒနာ

စိတ်ကျရောဂါဝေဒနာ ဖွင့်ဟပြောပြတိုင်ပင်ပါ

ကမ္ဘာ့ကျန်းမာရေးနေ့မှာ ထုတ် ပြန်ခဲ့တဲ့ WHO ရဲ့ စစ်တမ်းများ အရ ကမ္ဘာတစ်ဝန်းမှာ စိတ်ကျဝေဒနာ ခံစားနေရသူပေါင်း သန်း ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ယင်းတွေ့ရှိချက်က နိုင်ငံတိုင်းကို စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ချဉ်း ကပ်ကုသပုံတွေကို သတိပေးလိုက် သလို အလျင်စလို ကုသပေးဖို့လည်း သတိပေးလိုက်တာပါလို့ ပြောကြား ခဲ့ပါတယ်။ ဧပရယ် ၇ ရက်နေ့မှာ ကျင်းပမဲ့ အဓိက ခေါင်းစဉ်ကတော့ ]]စိတ်ကျဝေဒနာအကြောင်း ဆွေးနွေး ကျပါစို့}} ဟူ၍ ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ စိတ်ကျဝေဒနာ ခံစားနေရတဲ့ သူတွေကို အကူအညီ ယူကြဖို့ တိုက်တွန်းလိုတာဖြစ်ပါ တယ်။၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း စိတ်ကျဝေဒနာ ခံစားနေရသူ ပေါင်း ၁၈% တိုးတက်လာခဲ့ပါတယ်။

စိတ်ကျန်းမာရေး ပြဿနာရှိသူတွေ အနေနဲ့ အထောက်အပံ့အကူအညီ တွေမရခြင်း၊ အများသူငါ ရှုံ့ချကြမည် ကို ကြောက်ရွံ့ခြင်းတို့ကြောင့်၊ စိတ် ကျန်းမာရေးပြဿနာရှိသူအများစုက ဆေးဝါးကုသမှုကို ခံယူကာ ပျော်ရွှင် ကျန်းမာသော ဘ၀ကို ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေးတွေ ဆုံးရှုံးလျက်ရှိပါ တယ်။ စိတ်ကျဝေဒနာက မိမိကိုယ်ကို သတ်သေမှုဖြစ်စေတဲ့ အဓိကပြဿနာ တစ်ခုဖြစ်ပြီး၊ နှစ်စဉ် လူထောင်ပေါင်း များစွာဟာ စိတ်ကျဝေဒနာကြောင့် မိမိကိုယ်ကို သတ်သေလျက်ရှိပါ တယ်။

လုပ်ဆောင်ဖို့ အလိုအပ်ဆုံး အဆင့်ကတော့ အမှန်ကိုမသိပဲ မလို မုန်းထား အကျိုးမရှိ ပြောဆိုခြင်း၊ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း စတာတွေကို တိုက်ထုတ်ပစ်ဖို့ပဲ ဖြစ် ပါတယ်။ အဲဒီနောက် စိတ်ကျန်းမာ ရေးပြဿနာနှင့် ဆက်စပ်သည့်အခါ တိုင်း အများက လက်ခံထားသည့် အရိပ်မဲကြီးအား ကြာရှည်မတည်မြဲ စေရန် တိုက်ထုတ်ဖို့အတွက် ယခုနှစ် စုဝေးရခြင်းဖြစ်တယ်လို့ WHO မှ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါ တယ်။ စိတ်ကျဝေဒနာ ခံစားနေရတဲ့ သူတွေအနေနဲ့ သူတို့ယုံကြည်ရတဲ့သူ တွေနဲ့ စကားပြောဆို ဖွင့်ဟတိုင်ပင် ခြင်းက ကုသမှုရဲ့ ပထမဆုံး ခြေ လှမ်းဖြစ်ပါတယ်။

စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အများကြီးဆောင်ရွက်ဖို့ လိုပါသေးတယ်။ နိုင်ငံအများစုမှာ စိတ်ကျန်းမာရေး ဝေဒနာရှင်တွေ အတွက် အထောက်အပံ့ရနိုင်ခြေ အလွန်နည်းပါတယ်။ အင်အားကြီး နိုင်ငံများတွင်ပင် စိတ်ကျဝေဒနာရှင် ၅၀% က ကုသမှုမရကြပါဘူး။ ပျမ်းမျှအားဖြင့် အစိုးရဘတ်ဂျက်ရဲ့ ၃% ခန့်သာ စိတ်ကျန်းမာရေးနယ် ပယ်တွင် အသုံးပြုလျက်ရှိပြီး ဆင်းရဲ တဲ့နိုင်ငံများတွင် ၁% ထိနည်းကာ၊ အင်အားကြီးနိုင်ငံများတွင်ပင် ၅% ခန့်သာ အများဆုံး သုံးလျက်ရှိတယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ