ဆေးလိပ်သောက်ခြင်းနဲ့ မျက်စိအန္တရာယ်


အိန္ဒိယမှာ glaucoma ရေတိမ်ရောဂါဖြစ်ပွားမှုဟာ မြင့်တက် လျက်ရှိပြီး မျက်စိကုသမားတော်တွေ ကတော့ ယင်းကဲ့သို့ဖြစ်ရခြင်းရဲ့ အဓိကတရားခံက ဆေးလိပ်သောက် တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ ရေတိမ်ရောဂါ သာမက အသက်အရွယ်ကြောင့် မျက်စိအာရုံခံလွှာ ကွာကျပျက်စီး ခြင်း Age related macula degeneration (AMD) နဲ့ အခြား မျက်စိရောဂါတွေပါ ဖြစ်ပွားစေနိုင် ပါတယ်။ ဒါပေမဲ့ လူဦးရေရဲ့ ၁၀-၂၀% လောက်ကသာ ယင်း အန္တရာယ်ကို သတိထားမိကြပါတယ်။

 မျက်စိနဲ့ ပတ်သက်တဲ့ရောဂါတော် တော်များများဟာ ဘ၀နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ် သောက်တာကြောင့် ရေတိမ်၊ AMD အတွင်းတိမ်၊ ဆီးချိုသွေးချိုရောဂါ ကြောင့် မျက်စိပျက်စီးမှု (Diabetic Refinopathy)၊ မျက်စိခြောက် ရောဂါစု စတာတွေနဲ့ တိုက်ရိုက်ပတ် သက်နေပါတယ်။ ကိုယ်တိုင်မ သောက်တာတောင်မှ တဆင့်ခံ ရှူ ရှိုက်နေရသူတွေ အနေနဲ့လည်း AMD ဖြစ်နိုင်ဖို့ အခြေအနေပိုများ ပါတယ်။ ရေတိမ်ရောဂါကတော့ မျက်စိအာရုံကြောကို ပျက်စီးစေတဲ့ ရောဂါဖြစ်ပြီး၊ AMD ကတော့ အမြင်အာရုံခံလွှာရဲ့ အလယ်ဗဟိုကို ပျက်စီးစေပါတယ်။

 ခြောက်သွေ့ မျက်စိအာရုံခံလွှာ ပျက်စီးတဲ့ရောဂါ မှာတော့ မျက်ကြည်လွှာရဲ့ အလယ် ဗဟို ပျက်စီးတာဖြစ်ပြီး၊ စိုစွတ် မျက်စိအာရုံခံလွှာ ပျက်စီးတဲ့ရောဂါ မှာတော့ မျက်ကြည်လွှာအောက်ခြေ က သွေးကြောတွေ ပျက်စီးလာတဲ့ အတွက် ဖြစ်ပါတယ်။


AMD မှာ အမြင်အာရုံ ဆုံးရှုံးပုံက အလယ်ဗဟိုမြင်ကွင်းတွေ ပြတ်သားမှုမရှိပဲေ၀၀ါးလာပြီး၊ အချိန်ကြာလာတာနဲ့ အမျှ ပိုဆိုးလာ စေပါတယ်။ ဆေးလိပ်သောက်ခြင်း ကြောင့် အမြင်အာရုံဆုံးရှုံးမှုက အခြားမျက်စိရောဂါတွေလိုပဲ ဘာ လက္ခဏာမှမပြပဲ၊ သူငယ်အိမ်ကို ချဲ့ပြီး စစ်ဆေးမှုလုပ်မှသာ အမြင် အာရုံမထိခိုက်မီ တွေ့ရှိနိုင်တာပါ။ တစ်နေ့ကို ဆေးလိပ် ၁၀ လိပ်ထက် မနည်း သောက်သူတွေကို အလွန် အကျွံသောက်သူတွေလို့ သတ်မှတ် ထားပြီး ထိုသူတွေက ဆေးလိပ်မ သောက်သူတွေထက် အတွင်းတိမ်ဖြစ် နိုင်ခြေ ၃ ဆပိုများပါတယ်။ ဒါကြောင့် ပြည်သူလူထုကြားမှာ ဆေးလိပ်သောက်ခြင်းနဲ့ မျက်စိ အန္တရာယ် ဆက်စပ်ပုံ သတိထားဖို့ လိုနေပါပြီလို့ အကြံပြုခဲ့ပါတယ်။ ဆေးလိပ်သောက်ခြင်းက အဆုတ် သာမကပဲ မျက်စိပါ ထိခိုက်စေပါ တယ်။ ဆေးလိပ်ကြောင့် မျက်စိထိ ခိုက်မှုကို လျော့ကျစေတဲ့ အာဟာရ တွေကတော့ အိုမီဂါဒ ဖက်တီး အက်ဆစ်၊ ဇင့်နဲ့ ဗီတာမင် စီ၊ အီး တို့ဖြစ်ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ