Volume expander သွေးထုထည်များစေတဲ့ဆေး


ဆရာ B- သွေးက ရှားပါးတာဆိုတော့ လူနာသွေးလိုတဲ့အချိန် သွေးသွင်းနိုင်ဖို့ မလွယ်ဘူးဖြစ်နိုင်တယ်။ အဲတော့ သွေးမသွင်းပဲနဲ့ သွေးအစားထိုးကုထုံးက ကောင်းပါသလား။ Blood သွေးအခြားအစားထိုး ကုသမှုရှိသလော။ Saline solution ဆားပါပျော်ရည်၊ Ringer’s solution ရင်းဂါး၏ပျော်ရည်နှင့် dextran ဒက်စထရန်ရိုးရိုးကလေးတို့ကို plasma volume expanders သွေးရည်ကြည်ထုထည်ချဲ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

အာရှတိုက်သားများရဲ့သွေးအုပ်စုလူဦးရေ
O + = 39%
O - = 1%
A + = 27%
A - = 0.5%
B + = 25%
B - = 0.4%
AB + = 7%
AB - = 0.1%

သွေးအုပ်စုတွေထဲမှာ O + ကအများဆုံးနဲ့ AB - ကအနည်းဆုံးဖြစ်တယ်။

Volume expander သွေးထုထည်များစေတဲ့ဆေးဆိုတာ အရည်ထုထည်အစားထိုးကုသနည်းတခုဖြစ်တယ်။

သွေးကုန်ဆုံးမှုဖြစ်ရင် အရင်ဆုံး ထွက်နေတဲ့သွေးကို ရပ်အောင်လုပ်ရမယ်။ ဒုတိယအဆင့်က သွေးထုထည်ပြည့်မီအောင် လုပ်ပေးရမယ်။ သွေးနည်းရင် အောက်စီဂျင်ရတာနည်းမယ်။ အောက်စီဂျင်ကိုအသုံးပြုတဲ့ ဟီမိုဂလိုဘင် ၃ ပုံ ၁ ပုံအထိ နည်းနေသူကို သွေးထုထည်များစေတဲ့ဆေးနဲ့ အသက်ဆက်စေနိုင်တယ်။ သွေးနည်းသူအတွက် သွေးသွင်းတာထက် ကောင်းတာတော့ မရှိပါ။

ဟီမိုဂလိုဘင်နည်းတာကို ခန္ဓာကိုယ်ကသိတယ်။ ချက်ချင်း နှလုံးကို အပိုအလုပ်လုပ်စေတယ်။ သွေးထုထည် ဖြည့်ပေးနိုင်ရင် ကျဲနေတဲ့သွေးကိုသာ အသုံးပြုရမယ်။ သွေးနီဥတဝက်သာကျန်ဦးတော့ ရသေးတယ်။ အောက်စီဂျင် ရတာကတော့ ၇၅% သာရှိမယ်။ သက်တောင့်သက်သာနားနေသူတဦးဟာ အောက်စီဂျင် ၂၅% ရရင်ကို ဖြစ်တယ်။ အရေးကြီးအခြေအနေမှာ လူတယောက်ဟာ ဟီမိုဂလိုဘင် 2 g/dl ရတာနဲ့ရှင်တယ်။ အဲတာဟာ ပုံမှန်ရဲ့ ၇ ပုံ ၁ ပုံသာ ရှိတယ်။ နည်းတာက မကောင်းတာအမှန်ဖြစ်ပါတယ်။

သွေးထုထည်များစေတဲ့ဆေး ၂ မျိုးရှိတယ်။ Crystalloids ခရစ်စတယ်လွိုက်နဲ့ Colloids ကိုလွိုက်တို့ဖြစ်တယ်။ Crystalloids မှာ ရေနဲ့ ဓါတ်ဆားတွေပါတယ်။ Colloids ထဲမှာ မပျော်ဝင်နိုင်တဲ့ မော်လီကျူးတွေပါတယ်။ ဥပမာ Gelatin ဂျယ်လ်တင်။ သွေးကိုတိုင်က ကိုလွိုက်ဖြစ်တယ်။

Crystalloids ဆိုတာ Normal saline ခေါ် Sodium chloride 0.9% ဖြစ်တယ်။ သွေးနဲ့ အော့စ်မောတစ်ဖိအားတူတယ်။ Normal saline (NS) ဆိုတာ 0.9% w/v of NaCl ဖြစ်တယ်။ 300 mOsm/L နီးပါးဖြစ်တယ်။

Ringer's lactate နဲ့ Ringer's acetate ကလည်းအတူတူဖြစ်တယ်။ 28 mmol/L lactate, 4 mmol/L K+ and 1.5 mmol/L Ca2+ ပါဝင်နေတယ်။

Glucose (dextrose) ဂလူးကို့စ် ခေါ် ဒက်စ်ထို့စ် ထဲမှာ D5W (5% dextrose in water) ဖြစ်တယ်။ 278 mmol/L dextrose ပါတယ်။

Colloids ကိုလွိုက်ကနေ သွေးရဲ့ အော့စ်မောတစ်ဖိအားကို ထိန်းထားပေးတယ်။ Hydroxyethyl starch နဲ့ Gelofusine တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ