ခေါင်းထိခိုက်ပြီးနောက်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၏ အကျိုးဆက်


ဲJAMA ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ဦးခေါင်း ကို ထိခိုက်ဒဏ်ရာရမှု ကြုံခဲ့ရတဲ့ ဝေဒနာရှင်တွေမှာ ခုနှစ်ရက်အတွင်း ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့သူတွေ က မလုပ်တဲ့သူတွေထက် ခေါင်းထိ ခိုက်ပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ နာတာ ရှည်လက္ခဏာတွေ ဖြစ်ပွားမှု ပိုနည်း တယ်လို့ ဆိုပါတယ်။ သုတေသနကို ကနေဒါရှိ Eastern Ontaria Research Instituleှု ရဲ့ ကလေးဆေး ရုံမှ Roger Zemek က လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ သုတေသနမှာ ကနေဒါတစ်ဝန်းရှိ ကလေးအရေး ပေါ်သုတေသနဌာန ၉ ခုမှ လတ်တ လော ဦးခေါင်းထိခိုက်ထားသူ ကလေးနဲ့ ဆယ်ကျော်သက် ၃၀၆၃ ဦး ပါဝင်ခဲ့ပါတယ်။ ကိုယ်လက်လှုပ် ရှားမှုနှုန်းနဲ့ ခေါင်းထိခိုက်ပြီးနောက် ပိုင်း နာတာရှည်လက္ခဏာတွေရဲ့ ပြင်းထန်မှုကို မေးခွန်းတွေကို အသုံး ပြုပြီး ခေါင်းထိခိုက်ပြီး ၇ ရက်နဲ့ ၂၈ ရက်တို့မှာ သတ်မှတ်ခဲ့ပါတယ်။ နောက်ဆုံး သုတေသနအဖွဲ့မှာ ပါဝင် သူ ၂၄၁၃ ဦးပါဝင်ခဲ့ပြီး ယင်းအထဲမှ ခေါင်းထိခိုက်ပြီး နာတာရှည် လက္ခဏာ (PCSS) ကို ခေါင်းထိခိုက်ပြီး နောက် ၂၈ ရက်အကြာမှာ ခံစားရသူ ၇၃၃ ဦး (၃၀%) ပါဝင်ခဲ့ပြီး၊ ကျန် ၁၆၇၇ ဦး (၇၀%) ကတော့ ခေါင်း ထိခိုက်ပြီး ၇ ရက်အတွင်း အေရိုးဗစ် လေ့ကျင့်ခန်းကဲ့သို့ လေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ၇ ရက်အတွင်း လေ့ကျင့်ခန်းလုပ်ခဲ့သူ တွေထဲမှာ ၃၁% က ဘာလက္ခဏာမှ မရှိပဲ၊ ၄၈% ကတော့ အနည်းဆုံး POSS လက္ခဏာကို ၃ ကြိမ် (သို့) ၇ ရက် နောက်ပိုင်းမှစပြီး PCSS လက္ခဏာ ပိုဆိုးလာတာ တွေ့ရပါ တယ်။
ကိုယ်လက်လှုပ်ရှားမှုမလုပ်ခဲ့ သူတွေမှာတော့ ခေါင်းထိခိုက်ပြီး နောက်ပိုင်း ၇ ရက်မှာ ၈၀% က အနည်းဆုံး PCSS လက္ခဏာကို ၃ ကြိမ် (သို့) ပိုဆိုးလာတာကို ကြုံရ တာတွေ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက လေ့ကျင့်ခန်း စော ဆီးစွာ လုပ်ဆောင်ခြင်းက PCSS လက္ခဏာဖြစ်နိုင်ခြေ ပိုမိုလျော့နည်း တယ်လို့ အကြံပြုထားပါတယ်။ ပိုပြီးကောင်းမွန်တဲ့ သုတေသနတွေ လုပ်ဖို့တော့ လိုပါသေးတယ်လို့ ဆိုထားပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ