ချိုင်းအဆီချ လေ့ကျင့်ခန်းများ


ချိုင်းသားနှင့် ချိုင်းရှေ့အဆီ များတက်နေပါက အကြည့်ရဆိုးစေ သဖြင့် ချိုင်းရှေ့၊ ချိုင်းသားများကို ပြေပြစ်လှပစေရန် အောက်ပါ လေ့ကျင့်ခန်းများအားဖြင့် ထိရောက် စေပါမည်။

(၁) Chest Pres
ပက်လက် အနေအထားတွင် dumbbellsလက်ကိုင်ပါ အလေးတုံး (၂) ခုကို လက်တစ်ဖက်ဆီကိုင် ၍ မျက်နှာကြက်ဆီသို့ ပင့်တင်ပါ။ လက်ကို တည့်နေအောင် ထောင်မိပါ စေ။ ဒူး (၂) ဖက်ကိုထောင်ပြီး ပူး ထားပါ။ ပြီးလျှင် လက် (၂) ဖက်ကို ဘေးတစ် ဖက်ဆီ၊ မိမိ၏ ဘေးကြမ်း ပြင်ရှိရာသို့ ဖြည်းဖြည်းနှင့်မှန်မှန် ဆွဲချပါ။ တံတောင်များကို ကြမ်း ပြင်နှင့် ထိထားပါ။ ဖြည်းဖြည်း (၁၀) မြန်မြန် (၁၀) ကြိမ်

(၂) Staggerd Push up
မှောက်လျက် အနေအထား တွင် လက် (၂) ဖက်ကို ကြမ်းပြင်တွင် ထောက် ထားပါ။ ပြီးလျှင် လက် (၂) ဖက်ဘေးကို ကွေး၍ချပါ။ ၀မ်းဗိုက် နှင့်ကြမ်းပြင်ထိစရာမလိုပါ။ ပြီးလျှင် လက်ကို ပြန်ဆန့်ပါ။ သာမန် အိပ်ထ မတင်နှင့်မတူပဲ လက်များတဖက်ကို အရှေ့ဖက်သို့ (၃) လက်မခန့် တိုး ထားရပါမည်။ (၈) ကြိမ်ပြုလုပ်ပါ။

(၃) Dumbbell flies
လေ့ကျင့်ခန်း (၁) ကဲ့သို့ ပက်လက်အနေအထားနှင့် လက် (၂) ဖက်တွင် အလေးတုံး (၁) ခုစီ ကိုင်၍ လက်များကို မျက်နှာဆီသို့ ပင့်တင်ပါ။ ဤလေ့ကျင့်ခန်း၌ ခြေ ထောက်များကို ပူးလျက် မြေပြင်နှင့် တပြေးညီ မြှောက်ထားပါ။ လက် မောင်းဖက်နေရာကို ကြမ်းပြင်နှင့် ထိအောင် ဖြည်းဖြည်းချင်းဆွဲချပါ။
ဖြည်းဖြည်း (၁၀)ကြိမ် မြန်မြန် (၁၀) ကြိမ်

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ