Shadow on ovary မျိုးဥအိမ် ကင်ဆာအရိပ်


ကျွန်မ အသက် ၄၄ နှစ်။ ၆နှစ် သားတယောက်ရှိပါတယ်။ တနေ့က Gynae နဲ့စစ်တာ Shadow ovary လို့ သံသယ ဖြစ်ပြီး cancer marker စစ်တာတော့ သွေးအဖြေတွေက ပုံမှန်ပါပဲ။ MRI တော့ ရိုက်ခိုင်းတယ်။ Ultrasound နဲ့မသိနိုင်လို့လား ဆရာ။ သိနိင်မယ်ဆိုရင် Ultrasound အရင် ရိုက်မယ် စဉ်းစားမိလို့ပါ။ MRI က ဈေးကြီးလွန်းနေလို့ပါဆရာ။

ဆရာရေးတဲ့ မျိုးဥအိမ်အကြောင်းဖတ်ဖြစ်ပါတယ်။ ဘယ်အုပ်စုက Shadow ovary နဲ့တူလဲဆရာ။ Thyroglobulin ကလဲ ၂ ဆတက်နေတယ် ဆိုလို့ ရှောင်ရန် ဆောင်ရန်လေးတွေလဲ အကြံပေးပါအုံးဆရာ။ ရင်သားက အကျိတ်ရှိတယ်ဆိုလို့ iodoral ဆေးတွေ သောက်မိပါတယ်။ ကင်ဆာ အတွက်ကောင်းတယ် ကြားလို့ cruciferous အရွက်စုံလည်း ကြိတ် သောက်ခဲ့မိပါတယ်။ ပိုဆိုးစေလားလဲ မသိလို့ ခုတော့ ရပ်ထားမိပါတယ်။

အရပ်ဆေးနည်းတွေကို မသိပါ။ ဆေးသုတေသနမရှိပါ။ အထူးကုဆရာဝန် ညွှန်တာသာသင့်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးပါရှင့်။

Shadow on ovary ultrasound လို့ခေါ်တယ်။ မျိုဥအိမ်နေရာမှာအရိပ်ကျတာလို့ဆိုလိုတယ်။ ကင်ဆာဖြစ်နိုင်တယ်။ ဆောရီး။ Thyroglobulin ဆိုတာက ကင်ဆာမတ်ကာလို့ခေါ်တယ်။ လည်ပင်းကြီးအိတ်ကနေထွက်တာ။ 33 nanograms per milliliter ထက်များတာမကောင်း။

Ovarian cancer မျိုးဥအိမ်ကင်ဆာ https://doctortintswe.blogspot.com/2015/02/ovarian-cancer.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ