Eye Allergies


အသက်ရှင်နေထိုင်မှု လူမှုဘ၀ထဲမှာတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အသုံးဝင်ဆုံးက မျက်လုံးဖြစ်ပါတယ်။ ကျန်းမာပြီး ကြည်လင် လန်းဆန်းနေတဲ့ မျက်လုံးလေးတွေက စိတ်ကြည်လင်မှုကို အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။ စိတ်အနှောင့်ယှက်ကင်းပြီး စိတ်ချမ်းသာ စေဖို့အတွက် မျက်လုံးလေးတွေကို ကာကွယ်စောင့်ရှောက်နိုင်မယ့် နည်းလမ်းလေးတွေထဲက Allergies (ဓါတ်မတည့်မှု) ဖြစ်စေမယ့် လက္ခဏာတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို လက်လှမ်းမှီသလောက် ဖော်ပြပေးလိုက်ပါတယ်။

Allergies
ကျွန်မတို့ရဲ့မျက်လုံးလေးတွေ ယားလာမယ်၊ နီလာမယ်၊ မျက်ရည် ပူတွေ ကျလာမယ်ဆိုရင်တော့ ဒါဟာ မျက်စိမှာ ဓါတ်မတည့်တာ တစ်ခုခု ဖြစ်နေပြီဆိုတာ သေချာပါတယ်။ လူအများစုကတော့ နှာခေါင်းနဲ့ ပတ်သက် တဲ့ ဓါတ်မတည့်တာတွေကို ကုသကြပေမယ့် မျက်လုံးယားတာ၊ နီတာ မျက်ရည်ကျတာတွေကိုတော့ အတော်များများ လျစ်လျူရှုမိတတ်ကြပါတယ်။
ဒီလိုရောဂါလက္ခဏာတွေက တစ်ခုတည်း၊ တစ်မျိုးတည်းလို့ထင်ရပေမယ့် နှာချေခြင်း၊ နှာတရှုံ့ရှုံ့ဖြစ်ခြင်း၊ နှာခေါင်းယားယံခြင်းတို့ကလည်း Nasal Allergies လို့ခေါ်တဲ့ နှာခေါင်းမှာဓါတ်မတည့်မှုတစ်ခုခုဖြစ်ခြင်းပဲ ဖြစ်ပါတယ်။

Eye Allergy Symptoms (မျက်စိ ဓါတ်မတည့်မှုရဲ့ လက္ခဏာများ)
၁။ မျက်စိယားယံခြင်း
၂။ မျက်စိနီရဲလာခြင်း
၃။ မျက်စိစပ်နေခြင်း (သို့) ပူနေခြင်း
၎။ မျက်ရည်ပူကျနေခြင်း

Eye Allergy Triggers (ဓါတ်မတည့်မှုတွေ ဘယ်လိုအစပျိုးလာသလဲ)

ပတ်ဝန်းကျင်နဲ့အမြဲပဲထိတွေ့နေရတဲ့ မျက်လုံးလေးတွေမို့ ဓါတ်မတည့် မှုလေးတွေဆိုတာလည်း ပတ်ဝန်းကျင်ကနေပဲ ရောက်လာတတ်တာ ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေ၊ ဖုန်မှုန့်လေးတွေ၊ မှိုလေးတွေ ကနေတဆင့်ရောက်လာတတ်ပြီး ပတ်ဝန်းကျင်အနေနဲ့ဆိုရင်တော့ မြက်ပင်လေးတွေ၊ ၀တ်မှုံလေေးတွ၊ သစ်ပင်၊ ပေါင်းပင်လေးတွေကနေ အမှုန်လေးတွေက ပျံ့လွင့်လာပြီး မျက်လုံးထဲကို ရောက်လာတတ်ပါတယ်။ အဲဒီအခါ မျက်လုံးထဲမှာ ဓါတ်မတည့်မှုလေးတွေ ဖြစ်ပေါ်လာတာပေါ့။

Eye Allergy Management and Treatment
မျက်လုံးဓါတ်မတည့်မှုလေးတွေကို ဘယ်လိုမျိုးကာကွယ်ကြမလဲ၊ ဘယ်လိုမျိုး စောင့်ရှောက်ကြမလဲ။
၁။ မိမိအိမ်ပတ်ဝန်းကျင်၊ မိမိရဲ့အမူအကျင့်တွေကို ရုတ်တရက်ပြောင်းလဲခြင်းမှ ရှောင်ရှားရပါမယ်။
၂။ အပင်ငယ်လေးတွေ ၀တ်မှုံကူးတဲ့ကာလတွေမှာ တံခါးတွေကိုသေချာပိတ်ထားသင့်ပါတယ်။ အိမ်ထဲမှာ ဒါမှမဟုတ် ကားထဲမှာဆိုရင်တော့ လေအေးပေးစက်ကိုပဲ အသုံးပြုသင့်ပါတယ်။
၃။ အမှုံအမွှားလေးတွေ မျက်စိထဲဝင်ခြင်းမှ ရှောင်ရှားနိုင်ဖို့ မျက်မှန် ဒါမှမဟုတ် နေကာမျက်မှန်ကို အသုံးပြုသင့်ပါတယ်။
၎။ ကပ်ပါးကောင်လေးတွေရဲ့အန္တရာယ်၊ မှိုအန္တရာယ်ကို ကာကွယ်ဖို့အတွက် အထူးစီမံပြုလုပ်ထားတဲ့ Mite-proof အိပ်ယာခင်းမျိုးကို အသုံးပြုသင့်ပါတယ်။
၅။ တိရစ္ဆာန်ငယ်လေးတွေကို ပွတ်သပ်ကျီစယ်ပြီးတိုင်း လက်ကိုစင်ကြယ်စွာဆေးပါ။
Control (ထိန်းချုပ်ပါ)
ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့အကြောင်းအရာတွေ များစွာထဲမှာတော့ အောက်ပါအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်သင့်ပါတယ်။ လူတိုင်းနဲ့အဆင်မပြေနိုင်တာမို့ သေချာလေ့လာဆန်းစစ်ပြီးမှ အသုံးပြုသင့်ပါတယ်။
၁။ Artificial Tears (မျက်ရည်တုများ) ကို သတိထားပြီးအသုံးပြုပါ။
၂။ Decongestant Eyedrops များကို နီရဲနေတဲ့မျက်လုံးများထဲသို့ တစ်ပါတ်ထက်ကျော်ပြီး မထည့်သင့်ပါဘူး။
၃။ Oral antihistamines တွေက မျက်လုံးကိုခြောက်သွေ့စေပြီးတော့ ရောဂါလက္ခဏာတွေကို ပိုပြီးဖြစ်စေတတ်ပါတယ်။

စိမ့်စမ်းရေ
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ