အမျိုးသမီးတွေ ဘလာကျင်းနေမယ့်နေ့ အောက်တိုဘာ ၁၃



ဒီကနေ့က အမျိုးသမီးများ အပေါ်အတွင်းခံ ဘလာစီယာများ မ၀တ်ဖို့ တွန်းအားပေးတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ အကြောင်းက အမျိုးသမီးများကို အဓိက ခြိမ်းခြောက်နေသော ရင်သားကင်ဆာ ကို သတိမူစေရန် ရည်ရွယ်ပြီး သတ်မှတ်ထားသော No Bra Day နေ့ ဖြစ်နေလို့ပါ ။ အောက်တိုဘာလက ရင်သားကင်ဆာ အသိပညာပေးလ ဖြစ်သလို့ အောက်တိုဘာ ၁၃ ရက်နေ့ ရောက်တိုင်း #nobraday hashtag ကမ်ပိန်းကို လူမှုကွန်ယက်တွေမှာ အမျိုးသမီးများက အသိပေး ပုံများ ၊ စားများ တင်ပြီး ရင်သားကင်ဆာ ကို အမျိုးသမီးတိုင်း သတိမူကြစေရန် ပြုလုပ်ကြပါတယ်။ No Bra Day Campaign ကို ၂၀၁၁ ခုနစ် ကတည်းက စတင် ပြုလုပ်ခဲ့ပြီး နှစ်ကြာလာသည်နဲ့အမျှ ဒီနေ့ကို ပိုမိုလူသိများလာကာ ရင်သားကင်ဆာ ရဲ့ ကြိုတင်လက္ခဏာများကို အမျိုးသမီးတိုင်း ကိုယ်တိုင်သိရှိပြီး မိမိရင်သားကို ကိုယ်တိုင် သတိမူ စမ်းသပ်စေရန် ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ ရင်သားကင်ဆာရဲ့ ကြိုတင်လက္ခဏာများကို မိမိကိုယ်တိုင် မိမိရင်သားကို ပုံမှန် စမ်းသပ်ပြီး ပြောင်းလဲမှု ကို ကြိုတင်သိရှိနိုင်သလို Mammogram ကဲ့သို့သော ရင်သားဓါတ်မှန် ရိုက်ခြင်းဖြင့်လည်း ကြိုတင်သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ကြိုတင်သိရှိပါက ၁၀၀ % နီးပါး ပျောက်ကင်းအောင်ကုသ ကာကွယ်နို်င်သောကြောင့် မိမိရင်သားကို ကိုယ်တိုင် စမ်းသပ်နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။

အဆင့် ၁

ပထမဆုံး အပေါ်အကျီ င်္ဘာလာကျင်းဖြင့် မှန်ရှေ့တွင် ပုခုံး ကို ရေပြင်ညီထားခါ ခါးထောက်ပြီး မိမိရင်သား နှစ်ဖက်လုံးကို ကြည့်ပါ ။ မိမိရင်သား နှစ်ဖက်လုံးတွင် တူညီသော အရွယ်အစား ၊ ပုံသဏ္ဍန် နှင့် အသားအရောင်များ ရှိမရှိ ကြည့်ပါ။ ရင်သားနှစ်ဖက်လုံးတွင် မြင်သာသော အဖုအလုံးအကြိတ် နဲ့ အရေပြားတွန့်ခေါက် ချိုင့်ဝင်နေသော နေရာများ ရှိမရှိ ကြည့်ပါ ။ ရင်သားနှစ်ဖက်လုံးရှိ နို့သီးခေါင်းများတွင် ချိုင့်ဝင်နေခြင်း ၊ ပုံသဏ္ဍန် မမှန်ခြင်း ၊ နီမြန်းနေခြင်း ၊ အရည်ထွက်နေခြင်း ၊ ရောင်ရမ်းနေခြင်း များရှိမရှိ သေချာကြည့်ပါ။ အထက်ပါလက္ခဏာများ ရှိလျင် ပုံမမှန်မှုများ တွေ့လျှင် ဆရာဝန်နဲ့ ချက်ခြင်း ပြသသင့်ပါတယ်

အဆင့် ၂

လက်နှစ်ဖက်ကို မြှောက်ပြီး ရင်သားကြွက်သားများ မြင့်တက်လာမှု တူညီမှု ရှိမရှိ ကြည့်ပါ

အဆင့် ၃

လက်၂ ဖက် ကို မြှောက်ထားပြီး အဆင့် ၁ အတိုင်း ရင်သားမျက်နှာပြင်များ ၊ နို့သီးခေါင်းများကို သေချာစွာကြည့်ပါ

အဆင့် ၎

လှဲလှောင်းသော အနေအထားဖြင့် ညာဘက်ရင်သားကို ဘယ်ဘက် လက်ဖြင့် လည်းကောင်း ၊ ဘယ်ဘက်ရင်သားကို ညာဘက် လက်ဖြင့် လည်းကောင်း လက်ချောင်းထိပ်လေးဖြင့် ဖြေးညင်းစွာ တစ်ဘက်ခြင်း စမ်းသပ်ရမှာဖြစ်ပါတယ်။ စမ်းသပ်တဲ့ အခါမှာ နို့သီးခေါင်းပတ်လည် ၊ ရင်သား အပေါ် ၊အောက် ၊ ဘေး ၂ ဖက် နှင့် ချိုင်းကြားအထိ တစ်ဆင့်ခြင်း ရင်သားတစ်ခုလုံး နေရာလွတ် မကျန်အောင် စမ်းသပ်ရမှာဖြစ်ပါတယ်။ စမ်းသပ်စဉ် မူမမှန်သော အထိအတွေ့ နဲ့ အလုံးအဖုများ စမ်းသပ်မိပါက ချက်ခြင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်

အဆင့် ၅

အဆင့် ၄ နီးတူ မှန်ရှေ့တွင် ထိုင်လျက် ဖြစ်စေ မတ်တပ်ရပ် ဖြစ်စေ သို့မဟုတ် ရေချိုးစဉ်ဖြစ်စေ ရင်သား တစ်ခုချင်းဆီ နှင့် ချိုင်းကြားအားလုံးကို တဆင့်ခြင်း စမ်းသပ်ရမှာဖြစ်ပါတယ်။ ရင်ဘက် နဲ့ ချိုင်းကြားတွင် မူမမှန်ပြောင်းလဲခြင်း နဲ့ အဖုအလုံး အသေးအကြီး စမ်းသပ်မိသည်ဖြစ်စေ ရှိတယ်လို့ သံသရ ရှိလျှင်ဖြစ်စေ အမြန်ဆုံ နီးစပ်ရာ ဆရာဝန်နဲ့ ပြသရမှာဖြစ်ပါတယ်။

အမျိုးသမီးများအားလုံး ရင်သားကင်ဆာကို သတိမူမိပြီး ရင်သားကင်ဆာကို ကြိုတင်သိရှိကာကွယ်နိုင်ကြပါစေ

ခန့်စိုး ( ဆေး ၁ )
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ