Cervix သားအိမ်ဝ ခေါ် သားအိမ်ခေါင်း


သားအိမ်ဝကင်ဆာဆိုတာ ခုပြောနေကြတဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ အတူတူပဲလားဆရာ။

အမျိုးသမီးမျိုးပွါးအင်္ဂါတွေဆိုတာ သားအိမ်တခု၊ သားအိမ်ပြွန်နှစ်ဖက်၊ မျိုးဥအိမ်နှစ်ခု၊ ဗဂျိုင်းနားတွေကို စုပေါင်းခေါ်တာ ဖြစ်တယ်။

ကျွန်တော်က သားအိမ်ဝလို့သာရေးတယ်။ အများက သားအိမ်ခေါင်း။ အဲတာနှစ်မျိုးလုံးက တိကျသေးတာမဟုတ်ပါ။ အင်္ဂလိပ်လိုမှာ Head ဆိုမှသာ ခေါင်းဖြစ်တယ်။ အခုဟာက Cervix နှုတ်ခမ်းလို့ပြောတာက။ တိတိကျကျအဓိပ္ပါဖွင့်ရင် Cervix ဆိုတာ အထက်က သားအိမ်နဲ့ အောက်ကဗဂျိုင်းနားကြားမှာရှိတဲ့ ဆလင်ဒါပုံ လည်ပင်းလိုနေတဲ့ အစိတ်အပိုင်းသာဖြစ်တယ်။ Cervical Spondylosis ကို လည်ပင်းကျီးပေါင်းလို့သာ ဘာသာပြန်တယ်။ သားအိမ်လည်ပင်းက ပိုမှန်တယ်။ အဲတာလည်း သိပ်မမှန်ပါ။ သားအိမ်ဝမှာ အပေါက်ပါတယ်။ လည်ပင်းပေါက်ဆိုရင် နားလည်မှာမဟုတ်။ သားအိမ်ဝလို့သာဆက်ရေးပါရစေ။

Cervix သားအိမ်ဝမှာ ၂ ပိုင်းရှိတယ်။ Endocervix သားအိမ်ကိုယ်နဲ့ဆက်နေတဲ့အပိုင်းနဲ့ ဗဂျိုင်းနားထဲမှာနေတဲ့ Ectocervix စမ်းသပ်ရင်မြင်နိုင်တဲ့အပိုင်း။ ကင်ဆာလာဖြစ်တာက ဒီနေရာမှာ။ အဲတာမှာ အလယ်ကအပေါက်ကို External os အပြင်ပေါက်ဝလို့ခေါ်တယ်။ အတွင်းမှာအပေါက်ဝတခုရှိသေးတယ်။ ရာသီသွေးဆင်းမယ်။ ၁ဝ စင်တီမီတာအထိ ကျယ်လာမှ ရိုးရိုးလမ်းကနေ ကလေးမွေးမယ်။

Cervix သားအိမ်လည်ပင်းက ၂ စင်တီမီတာ (၁ လက္မ) လောက်ရှည်တယ်။ တွယ်တက်တစ်ရှူးနဲ့ ကြွက်သားတွေနဲ့ တည်ဆောက်ထားတယ်။ Endocervical canal မှာ Columnar cells ဆဲလ်တွေရှိတယ်။ Glandular cells အမျိုးအစား ဖြစ်လို့ Mucus အချွဲထွက်တယ်။ အချွဲရည်က အပျစ်အကျဲမတူပါ။ ရင့်မှည့်နေတဲ့မျိုးဥထွက်ချိန်မှာ ကျဲလာတယ်။ ကျန်တဲ့အချိန်မှာ စေးပျစ်နေလို့ တော်တော်တန်တန်ပိုးဝင်လာမှာကို ကာကွယ်နိုင်တယ်။ Ectocervix နဲ့ vagina ဗဂျိုင်းနားမှာ Squamous cells ဆဲလ်တွေရှိတယ်။

Cervix Conditions သားအိမ်ဝရောဂါများ
• Cervical cancer သားအိမ်ဝကင်ဆာ။
• Cervical incompetence သားအိမ်ဝမလုံခြင်း။
• Cervicitis သားအိမ်ဝရောင်ခြင်း။
• Cervical dysplasia သားအိမ်ဝကင်ဆာမဖြစ်ခင်အဆင့်။
• Cervical intraepithelial neoplasia (CIN) သားအိမ်ဝကင်ဆာမဖြစ်ခင်အဆင့်။
• Cervix polyps သားအိမ်ဝအသားပိုအသီး။
• Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း။
• Human papillomavirus (HPV) infection ကြွက်နို့ဗိုင်းရပ်စကူးစက်ခြင်း။

Cervix Tests သားအိမ်ဝစစ်ဆေးနည်းများ
• Pap test သားအိမ်ဝကင်ဆာစစ်ဆေးခြင်း။
• Cervical biopsy သားအိမ်ဝအသားစရယူစစ်ဆေးခြင်း။
• Colposcopy ကရိယာထည့်စစ်ဆေးခြင်း။
• Cone biopsy သားအိမ်ဝအသားစရယူစစ်ဆေးနည်းတမျိုး။
• Computed tomography (CT scan) စီတီစကန်။
• Magnetic resonance imaging (MRI) စကန်။
• Positron emission tomography (PET) စကန်။
• HPV DNA test ဒီအင်န်အေ စစ်နည်း။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ