Heart Valve Disease နှလုံးအဆို့ရှင်ရောဂါနဲ့ ကျား-မပြဿနာ


၁။ ဆရာရှင့် နှလုံးအဆို့ရှင်မကောင်းတဲ့သူက သက်တမ်းစေ့ နေနိုင်ပါသလား။ နေနိုင်အောင်ဘယ်လို ကုသရပါသလဲ။ ကျေးဇူးပြု၍ ဖြေပေးစေချင်ပါတယ်ရှင့်။

ကျား-မ-အသက် မသိပါ။ ရောဂါရှိရင် ကုသသင့်တယ်။ ကုနေ မနေ မသိပါ။

ကျားပါ။ အသက်က ၃၈ နှစ်ပါ။ ကုသနေပါတယ်။

အခုထိ ကျား-မ မသဲကွဲပါ။ ပဌမမေးစဉ်က ရှင့်တဲ့။ နေပါစေတော့။ ပြန်မေးနေရတာ အချိန်ပိုကုန်တယ်။

အမျိုးသမီးလို့ယူဆရတဲ့ မင်းသမီးအမည်နဲ့အကောင့်ကနေ မေးတယ်။ ကျား-မ ပြောပါဆိုတော့ ကျားတဲ့။

ကျွန်တော်နဲ့ ကျား-မ မသိရတာနဲ့တော့ အတော်ဂွကျနေပြီ။ ဆရာဝန်ကိုတော့ ပွင်ပွင့်လင်းလင်း ပြောကြစေချင်ပါတယ်။

Valvular heart disease နှလုံးအဆို့ရှင်ရောဂါဆိုတာ မွေးကတည်းလဲပါလာနိုင်သလို နောက်မှလဲပျက်စီးနိုင်တယ်။ (၁) Rheumatic fever (ရူမက်တစ်) လေးဘက်နာ၊ (၂) Infectious endocarditis နှလုံးအတွင်းသားရောင်ခြင်း၊ (၃) Connective tissue disorders တွယ်ဆက် (တစ်ရှူး) ရောဂါ၊ (၄) ဆေးဝါးတွေနဲ့ ကင်ဆာဓါတ်ကင်တာတွေကြောင့် ဖြစ်စေနိုင်တယ်။

နှလုံးအဆို့ရှင်မကောင်းတာမှာ
(၁) Valvular stenosis = အဆို့ရှင်ကျဉ်းခြင်း။ အဆို့ရှင် (၄) ခုလုံးမှာဖြစ်နိုင်တယ်။ ကိုယ့်မှာဘယ်ဟာလည်းသိပါ။ tricuspid stenosis, pulmonic stenosis, mitral stenosis or aortic stenosis

(၂) Valvular insufficiency = အဆို့ရှင်မလုံတာ။ tricuspid regurgitation, pulmonary regurgitation, mitral regurgitation or aortic regurgitation

ခံစားရမှာတွေက အားယုတ်၊ အသက်ရှူမဝ၊ နှလုံးကို နားထောင်ရင် အသံမူမမှန်၊ ခြေထောက်ရောင်၊ ရင်ပတ်နာ၊ သတိလစ်တာတွေ ခံစားရမယ်။

နှလုံးအဆို့ရှင်ရောဂါများကုသခြင်း
(က) ဆေးပေးခြင်း၊ Vasodilators, Medications to lower your cholesterol, Diuretics နဲ့ Blood-thinning medications ဆေးတွေပေးမယ်။

(ခ) Balloon valvuloplasty လေဘူဘောင်းနည်း၊

(ဂ) Valve repair or replacement ခွဲစိတ်ပြုပြင်နည်း၊

လူနေမှုပုံစံပြောင်းခြင်း (ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ)
(က) ဆေးလိပ်ဖြတ်ပါ။
(ခ) သွေးတိုးကို ထိန်းနေပါ၊
(ဂ) (ကိုလက်စထော) ချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက်နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာအထိ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။
(ဃ) ဆီးချိုထိန်းနေပါ။
(င) အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုတ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။
(စ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။
(ဆ) ကိုယ်အလေးချိန် ထိန်းနေပါ။
(ဇ) စိတ်ဖိအား လျှော့နည်းသုံးပါ။
(ဈ) သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။
(ည) တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။
(စ) စိတ်ကိုတင်းပါ။ အပြုသဘောဆောင်ပါ။ ကံတရားကိုလည်းအားကိုးပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ