Cement ဘိလပ်မြေအလုပ်နဲ့ ကျန်းမာရေး


၁။ ဆရာရှင့် သမီးတို့စက်ရုံက Ready Mixed Concrete ဖျော်တဲ့စက်ရုံဖြစ်ပါတယ်။ စက်ရုံတွင်း concrete ဖျော်ရာတွင် အသုံးပြုရသည့် cement အမှုန်များလွှင့်နေပြီး စက်ရုံအတွင်းရှိ ဝန်ထမ်းများမှာ ၄င်းအမှုန်များ အား ရှုရိုက်နေရပါသည်။ ထို့ကြောင့် cement အမှုန်များရှုသွင်းမိလျှင်သော်လည်းကောင်း၊ cement များကိုင်တွယ်ပြီး လက်မဆေးမိပဲ အစာစားမိ လျှင်သော်လည်းကောင်း ကျန်းမာရေးနှင့် ပါတ်သက်၍ မည်သို့ထိခိုက်နိုင်ပြီး မည်သည့်ရောဂါများဖြစ် စေနိုင်သည်ကို သိချင်ပါသည်ဆရာ။ ထိုသို့သိမှသာ ဝန်ထမ်းများအား ကျန်းမာရေးနှင့်ပါတ်သက်ပြီး ပိုမိုအသိပေးနိုင်မည်ဖြစ်ပြီး PPE (Personal Protective Equipment) ဝတ်ဆင်ရာမှာရန်အတွက်လည်းပိုမိုထိထိရောက်ရောက်ပြောနိုင်မည်ဖြစ်သည့် အတွက်ကြောင့်ဖြစ်ပါသည် ။ သမီးတို့အနေဖြင့်လည်း ဝန်ထမ်းများ၏ကျန်းမာရေးနှင့်ပါတ်သက်ပြီး care ပြုလုပ်ဆောင်ရွက်ချင်ပါသည်။ ထို့ကြောင့် ၄င်းဘိလပ်မြေအမှုန်ကိုရှုရှိုက်နေရသည့် ဝန်ထမ်းများ အားလုံးအား ကျန်းမာရေး ရှုထောင့်အနေဖြင့် မည်သည့်အသီးအနှံ (သို့) မည်သည့် ဟင်းလျာကျွေးလျှင် သင့်တော်မည် အမှုန်ရှုရှိုက်မိသော်လည်း ခန္ဓာကိုယ်အတွင်းချေဖျက်နိုင်သည့် အစာစာမျိုးကို ဆရာဖြေကြားပေးပါရှင့် ဆရာ၏ဖြေကြားချက်ပေါ်မူတည်ပြီး သမီးတို့ ဝန်ထမ်းများ၏ ကျန်းမာရေး တိုးတက်အောင် ထိထိရောက်ရောက်ဆောင်ရွက်သွားမည်ဖြစ်တယ်။ သမီးတို့စက်ရုံက ဝန်ထမ်း အားလုံးကို ထမင်းကျွေးပါတယ်ဆရာ။ ဖြစ်နိုင်ရင် သမီး mail ကိုပြန်ပေးစေချင်ပါတယ်

၂။ ကျွန်တော့်အလုပ်မှာ Cement လောင်လို့ လက်တွေမှာ အနာဖြစ်တယ် ပြောတယ်။ ခဏခဏ ပြန်ဖြစ်တယ်တဲ့။ နေရာတိုင်းတော့ မဟုတ်ဘူးတဲ့။ လက်အထိ များဆုံးနေရာက လက်ညိုးနဲ့ လက်ခလယ် ပထမ အဆစ်လေးတွေမှာ ဖုသေးသေးလေးတွေ ဖြစ်ဖြစ်နေတာတဲ့။ ပင်နယ်ဆလင် စားရင် နဲနဲ သက်သာပြီး ပြန်လုပ်ရင် ပြန်ဖြစ်တယ် ပြောတယ်။ အဲဒါကို ဘယ်လို လုပ်ရမလဲ၊ ဘယ်လို ကာကွယ်ရမလဲ။

Health hazards of cement dust အင်္ဂတေရဲ့ ကျန်းမာရေးအန္တရာယ်
၂၁ ရာစုထဲရောက်ပေမဲ့ ကမ္ဘာမှာ သန်းပေါင်းများလှတဲ့ လူတွေဟာ ကျန်းမာရေး-အန္တရာယ် များတဲ့ ပါတ်ဝန်းကျင်မှာ အလုပ်လုပ်နေကြရသေးတယ်။ Fume အခိုး၊ Gases ဓါတ်ငွေ့၊ Dust အမှုံတွေကြောင့် Occupational disease လုပ်ငန်းခွင် ရောဂါတွေ ရနေကြရတယ်။

Cement dust အင်္ဂတေ-အမှုံတွေကနေ -
• Lung function impairment အဆုပ်ရဲ့အလုပ်တွေကို ထိခိုင်စေတယ်။
• Chronic obstructive lung disease နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ၊
• Restrictive lung disease အသက်ရှူကြပ်ရောဂါ၊
• Pneumoconiosis (နူမိုကော့ကိုးဆစ်) ရောဂါ၊
• Lungs အဆုပ်-ကင်ဆာ၊ Stomach အစာအိမ်-ကင်တဆာ၊ Colon အူမကြီး-ကင်ဆာတွေလဲ ရလာနိုင်တယ်။
• Systemic circulation သွေးလှည့်လမ်းကြောင်းထဲ ဝင်လာနိုင်ရင် Heart နှလုံး၊ Liver အသဲ၊ Spleen ဘေလုံး၊ Bone အရိုး၊ Muscles ကြွက်သား နဲ့ Hairs ဆံပင်တွေကို ထိခိုက်လာနိုင်သေးတယ်။

Spirometry နည်းနဲ့ Radiology ဓါတ်မှန်သုံးပြီး လေ့လာနေကြတယ်။ တိတိကျကျတော့ ထုတ်ပြန်တာ မရှိသေးပါ။ Work Safely with Concrete and Cement လုပ်ငန်းခွင် သတိပေးချက်တွေ ရှိတယ်။ Sand သဲ၊ Aggregate ကျောက် နဲ့ ရေ သုံးတာ များတယ်။ ထပ်ဖြည့်သုံးတဲ့ Alkaline compounds (Lime) ထုံးကျောက်ဟာ လူ့အရေပြားကို Corrosive လောင်စေတယ်။ Crystalline silica ကလဲ Abrasive ပြတ်ရှစေတယ်၊ အဆုပ်ကို ထိခိုက်တယ်။ Hromium ဆိုတာက (အလာဂျီ) ရစေတယ်။

ကျန်းမာရေးကို မကောင်းကျိုးသက်ရောက်မှုဟာ အချိန်ကြာလေ ဆိုးလေဖြစ်တယ်။ အရေပြား သာမကဘဲ မျက်စိထဲ ဝင်တာ၊ လေထဲကနေ ရှူရတာတွေကြောင့်ပါ ဖြစ်ရတယ်။
• Skin Contact အရေပြားထိတာကနေ Burns အပူလောင်မယ်၊ Rashes အနီပြင်တွေဖြစ်မယ်၊ Irritations နေမထိ-မခံသာ ဖြစ်မယ်။ ကြာရင် Allergic မတည့်သလို ဖြစ်လာမယ်။
• Eye Contact မျက်စိနဲ့ထိရင် Immediate ချက်ချင်းဖြစ်ဖြစ် Delayed နောက်မှဖြစ်ဖြစ် Irritation နေမထိ-မခံသာ ဖြစ်မယ်။ နာမယ်၊ နီရဲလာမယ်၊ လောင်မယ်။
• Inhalation ရှူတာကနေ Nose နှာခေါင်းနဲ့ Throat လည်ချောင်းမှာ Irritation နေမထိ-မခံသာ ဖြစ်မယ်။ ကြာရင် Silicosis အဆုပ်ရောဂါတမျိုး ဖြစ်နိုင်တယ်။

ကာကွယ်နည်းတွေ
1. Alkali resistant gloves လက်အိတ်သုံးပါ။
2. Long sleeves and pants လက်ရှည်တွေ ဝတ်ပါ။
3. Waterproof boots လည်ရှည် (ဘု) ဖိနပ်သုံးပါ။
4. Safety glasses with side shields အတူးမျက်မှန် သုံးပါ။ Contact lenses မသုံးပါနဲ့။
5. Employer-approved respiratory protection ရှူရသူတွေက အကာအကွယ်သုံးပါ။
6. Wash your hands and face before eating, drinking, smoking or using the toilet at the end of the day အစာမစားခင်၊ မသောက်ခင်၊ ဆေး-ဆေးလိပ် မသောက်ခင်၊ အိမ်သာသုံးစဉ်၊ အလုပ်ဆင်းချိန်တိုင်းမှာ ကျကျနန ဆေးကြောပါ။
7. Safe work practices and procedures လုပ်ငန်းခွင် သတ်မှတ်ချက်တွေအတိုင်း လိုက်နာပါ။ မလိုအပ်ရင် ခပ်ဝေးဝေးမှာ နေပါ။ လုပ်ငန်းခွင်ကလည်း လေများများရတာ ဖြစ်ပါစေ။
8. အမှုံထွက်သက်သာအောင် Wet down and wet cut အစိုဓါတ်သုံးပါ။
9. အင်္ဂတေနဲ့ ထိစရာလိုရင် Dry board or waterproof kneepads ကြားခံတခုခု သုံးပါ။
10. အင်္ဂတေအစို ထိမိရင် ရေဆေးလိုက်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ