သန္ဓေမအောင်တဲ့ အမျိုးသားများအတွက် ကုထုံးသစ်


ယောကျာ်းတွေမှာ သန္ဓေ အောင်နှုန်းက အသက်အရွယ်နဲ့ လိုက်ပြီး ကျလာသလား။ အရွယ် ရောက်ပြီး အမျိုးသားတွေမှာ သုက်ပိုး တွေက အမြဲတန်း အသစ်ပြန်ဖြည့် နေသလား။ တရုတ်သုတေသီတွေက တော့ သန္ဓေမအောင်နိုင်တဲ့ အမျိုးသားတွေအတွက် သတင်း ကောင်းအဖြစ် ကုထုံးတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။ အဲဒါကတော့ သုက်ပိုး တွေထုတ်ပေးနေတဲ့ ပင်မဆဲလ်တွေရဲ့ ဇီဝရုပ် ဖြစ်စဉ်ကို လှုံ့ဆော်ပေးခြင်းက သန္ဓေမအောင်တဲ့ အမျိုးသားတွေကို ကူညီနိုင်မယ့် ကုထုံးဖြစ်တယ်ဆိုတာ ပါပဲ။

ယင်းသုတေသနကို Genes and Development ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ တရုတ်မှာရှိတဲ့ Kyoto Universilyှ မှ Takashi Shinotara က သုက်ပိုးထုတ်လုပ်ရာ မှာ တာဝန်ယူပေးတဲ့ Spermat- olgonial stem cells (SSCs) တွေကို အထူးစိတ်ဝင်စားခဲ့တဲ့ အတွက် သုတေသနတွေလုပ်ခဲ့ပါ တယ်။ Shinohara က SSCs ဆဲလ်တွေက အထူးဆဲလ်တွေဖြစ်ပါတယ်။

SSCs ပင်မဆဲလ်တစ်မျိုး ထဲကသာ ဗီဇအချက် အလက်တွေကို နောက်မျိုးဆက်စီ လက်ဆင့်ကမ်း ပေးနိုင်တဲ့ ပင်မဆဲလ်ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ Shinoharaက ၎င်းရဲ့ စမ်းသပ်မှုတွေကနေတဆင့် Myc gene လို့ခေါ်တဲ့ ပင်မဆဲလ် တွေရဲ့ အသစ်ပြန်လည်ဖြစ်ပေါ်နိုင် စွမ်းမှာ အရေးပါတဲ့ ဗီဇလေးကို glycolysis ဖြစ်စဉ်မှတဆင့် ထိန်း ချုပ်ကာ SSCs ပင်မဆဲလ်တွေကို ပြန်လည်အသစ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်တာ တွေ့ခဲ့ရပါတယ်။ Glycolysis ဖြစ်စဉ်ဆိုတာကတော့ အကြမ်းအားဖြင့် ဆဲလ်တွေအတွက် စွမ်းအင်ထုတ်လုပ်တဲ့ ဖြစ်စဉ်ဖြစ်ပါ တယ်။

သုတေသနမှာ ပုံမှန် SSCs ပင်မဆဲလ်နဲ့ Myc gene ကို ဖိနှိပ် ထားတှဲ့SSCs ပင်မဆဲလ်တို့ကို ကြွက်အုပ်စုနှစ်အုပ်စုရဲ့ ဝှေးစေ့ထဲသို့ ထိုးသွင်းခဲ့ပါတယ်။ နှစ်လအကြာမှာ တော့ ပုံမှန် SSCs ပင်မဆဲလ် ထိုးသွင်းထားတဲ့ အုပ်စုရဲ့ ဆဲလ်တွေ က သိသိသာသာကို အခြားအုပ်စု ထက် ပိုများနေတာ တွေ့ခဲ့ရပါ တယ်။ ဗီဇခွဲခြမ်းစိတ်ဖြာမှု လုပ်ကြည့် တဲ့အခါမှာလည်း Myc gene ကို ဖိနှိပ်ထားတှဲ့SSCs ပင်မဆဲလ်တွေ ထိုးသွင်းထားတဲ့ အုပ်စုမှာ သုက်ပိုး ထုတ်လုပ်မှုမှာ အရေးကြီးတဲ့ အသစ် ပြန်လည်ဖြစ်ပေါ်နိုင်စွမ်းမရှိတာကို တွေ့ရပါတယ်။ ယင်းရလဒ်ကို ကြည့် ပြီး Shinohara က ကျွန်တော်တို့တွေ ဆဲလ်သံသရာကို နှေးစေတဲ့ ဗီဇ ပြောင်းလဲမှုကို တွေ့ရှိခဲ့ပါတယ်။ တကယ်လို့များ ယင်းဖြစ်စဉ်ကို ပြောင်းပြန်လှန်ပြီး SSCs ပင်မဆဲလ် တွေရဲ့ ဇီဝဖြစ်စဉ်ကို လှုံ့ဆော်ပေး နိုင်ပါက သုက်ပိုးတွေ ပွားများမှုကို မြှင့်တင်ပေးနိုင်မှာပါ။

သုတေသနအရ glycolysisင ဖြစ်စဉ်ပျက်စီး ခြင်းက ဆဲလ်တွေမှာ လုံလောက်တဲ့ စွမ်းအင်မရစေပဲ ပင်မဆဲလ်တွေရဲ့ အသစ်ဖြစ်နိုင်စွမ်းကို လျော့ကျစေ တာပါပဲ။ ယခုတွေ့ရှိမှုက အနာဂတ် သန္ဓေအောင်စေဖို့ ကုထုံးရှာဖွေရေး သုတေသနတွေကို ကူညီနိုင်မယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ