အဆိပ်အတောက်တွေ ဘယ်လောက်ထိစားမိနေပြီလဲ သိချင်ပါသလား


ပင်လယ်စာတွေက ပရိုတင်းနဲ့ ဗီတာမင်တွေ <ကယ်ဝတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာအဖြစ် သတ်မှတ်ထားကြပေ မယ့် ယခုနောက်ပိုင်းမှာ ပင်လယ်ထဲ သို့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းတွေ စွန့်ပစ်မှုကြောင့် ရေညစ် ညမ်းမှု မြင့်တက်လာသည့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်လို့ သတ်မှတ်ထားတဲ့ ပင်လယ်စာတွေပင် လျှင် ကျန်းမာရေး ထိခိုက်လာစေနိုင် ပါတယ်။

ယခုအခါမှာတော့ သုတေ သနတစ်ခုကနေပြီး သင့်အနေနဲ့ တစ်ပါတ်ကို ငါးမုတ်(သို့) ဆော်လမွန် ဘယ်လောက်ထိ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ စားနိုင်မယ်ဆိုတာ တွက် ချက်ပေးနိုင်မယ့်fish calculator ကို ဖော်ထုတ်ခဲ့ကြပါ တယ်။ ပင်လယ်ထဲမှာတွေ့ရတဲ့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း တွေက ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေ ပြီး တစ်ချို့ဆိုအသက်အန္တရာယ်ထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကိရိယာသစ်ကတော့ လူတစ်ယောက် ရဲ့ ပျမ်းမျှထိတွေ့နေရတဲ့ ညစ်ညမ်း မှုပမာဏကို အချိန်တိုအတွင်း တွက်ပေးနိုင်ပြီး ကောင်းကျိုးကတော့ ရလဒ်ပေါ် မူတည်ပြီး ဆိုးကျိုးမဖြစ်မီ အစားအသောက် အကျင့်ကိုပြင်ဆင် လို့ ရနိုင်မှာဖြစ်ပါတယ်။

ယင်းသုတေ သန ကို ပေါ်တူဂီ သိပ္ပံပညာရှင်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းကိရိယာကို အသုံးပြုဖို့အတွက် အသုံးပြုသူရဲ့ အသက်၊ တစ်ပတ် အတွင်း စားခဲ့တဲ့ ငါးအမျိုးအစား၊ ပမာဏတို့ကို ဖော်ပြပေးဖို့ လိုအပ် မှာ ဖြစ်ပါတယ်။ ယင်းအချက်တွေပေါ် မူတည်ပြီးmethyl mercury အပါအ၀င် အခြားညစ်ညမ်းပစ္စည်း တွေနဲ့ ထိတွေ့နိုင်ခြေကို တွက်ချက် ပေးတာ ဖြစ်ပါတယ်။ WHO ရဲ့ ဖော်ပြချက်အရ methyl mercury က အာရုံကြောစနစ်၊ အစာခြေစနစ်နဲ့ ခုခံအားစနစ်တွေအပေါ် ဆိုးကျိုး သက်ရောက်စေပြီး အသက်အန္တ ရာယ်ထိ ရှိစေနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဥရောပသမ္မဂ္ဂရဲ့ အဆိပ်အတောက် ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားတဲ့ အထိတော့ မရောက်သေးပါဘူး။

အခြား သုတေသနတစ်ခုက သုတေသီတွေ ကတော့ ]]ဒီလို ညစ်ညမ်းပစ္စည်း တွေကို ပင်လယ်စာတွေက တစ်ဆင့် ခံစားနေရတာနဲ့ ပတ်သတ်ပြီး ပိုပြီး သုတေသနလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဥရောပအစား အစာ စစ် ဆေးရေးတာဝန်ရှိသူတွေအနေနဲ့ တိ ကျတဲ့ ပင်လယ်၊ သမုဒ္ဒရာတွေထဲမှာ ရေထုညစ်ညမ်းမှုတွေ ဘယ်လိုပင် များလာပေမယ့် ပင်လယ်စာတွေက တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားတွေအဖြစ် ရှေ့ဆုံးက ရပ်တည် နေဆဲပါပဲ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ