ဆီးကျိတ်ကင်ဆာ


ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်းများစေတဲ့အချက်တွေကို သိချင်ပါတယ်။
အမျိုးသားကင်ဆာလူနာသစ်များရဲ့ လေးပုံပုံတစ်ပုံက ဆီးကျိတ်ကင်ဆာ ဖြစ်ပါတယ်။ အသက် ၅၀ ကျော်လာခြင်း၊ မျိုးရိုးထဲမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးသူရှိခြင်း၊ ဗီဇပါလာခြင်း၊ အနီရောင်အသားများ အစားများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လုပ်ငန်းခွင်မှာ ကင်ဆာဖြစ် စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့မှုရှိခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါရှိခြင်း၊ အသက် ၃၀ နှစ်အောက် အရွယ်မှာ သားကြောဖြတ်ထားခြင်း စသူတို့မှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားတတ်ပါ တယ်။

စောစောစီးစီးတွေ့ရတဲ့သတိပေး လက္ခဏာတွေရောရှိပါလား။
ဆီးကျိတ်ကင်ဆာကတော့ စောစောပိုင်းကာလတွေမှာ ဝေဒနာခံစားရလေ့မရှိပါဘူး။ ရောဂါအဆင့် မြင့်လာရင်တော့ တွေ့နိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ အဲဒါတွေကတော့ ဆီးသွားတဲ့အခါ နှေးသွားခြင်း ဒါမှမ ဟုတ် အားနည်းသွားခြင်း၊ ခဏခဏဆီးသွားရန် လိုအပ်လာခြင်း၊ ဆီးထဲမှာသွေးပါလာခြင်း၊ လိင်တံမာတောင့် ရန် အခက်အခဲရှိခြင်း စတာတွေဖြစ်လာတတ်ပါတယ်။ တင်ပါး၊ ခါးနဲ့ရင်ဘတ် ဒါမှမဟုတ် ကင်ဆာပျံ့နှံနေတဲ့ နေရာတွေကနေ နာကျင်လာတာ။ ခြေထောက်နဲ့ခြေချောင်းများထုံခြင်း  ဒါမှမဟုတ် အားနည်းလာခြင်း၊ ဆီးနဲ့ ၀မ်းမထိန်း ချုပ်နိုင်တော့ခြင်းစတာတွေ ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ ခွဲခြားဖို့ဆင်တူတဲ့ရောဂါ တစ်မျိုးရှိပါသေးတယ် အဲဒါကတော့ BPH ဆိုတာပဲဖြစ်ပါတယ်။

စောစီးစွာထောက်လှမ်းဖော်ထုတ် ရတာတွေရှိပါလား
ဆီးကျိတ်ကင်ဆာအတွက် စအိုအတွင်းလက်ချောင်းသွင်းပြီး စမ်းသပ်တာကလွယ်ကူတယ် ဆိုပေမယ့် PSA ထက်တော့ထိရောက်မှုနည်းပါတယ်။ PSA ( Prostatic Specific Antigen) လို့ ခေါ်တဲ့ သွေးထဲမှာ PSA ပမာဏတိုင်းတာတာကိုပြောတာပါ။ အသက် ၅၀ အရွယ်မှစပြီး စစ်ဆေးပေးဖို့ပါတယ်။ မိသားစုထဲမှာ ရာဇ၀င်ရှိဖူးတယ်ဆိုရင်တော့ အသက် ၄၅ နှစ်ကတည်းကစပြီး စစ်ပေးပါ။ လူနာကို အကြောင်းစုံရှင်းပြအသိပေးပြီး ဆုံးဖြတ်ချက်ချပေးဖို့ လိုအပ်ပါတယ်။

ဘယ်လိုလူနာမျိုးတွေကိုဆရာဝန်တွေဆီကို ညွှန်းပို့သင့်ပါသလဲ
ဆီးကျိတ်ကင်ဆာရောဂါအတွက် DRE လုပ်ကြည့်လို့ ပုံမမှန်တာတွေ့ရှိရင်၊ PSA ပမာဏမြင့်နေရင် ဆရာဝန်တွေဆီသို့ ချက်ချင်းညွှန်းပို့ရပါမယ်။

ကာကွယ်ရမယ့် အပိုင်းလေးတွေကိုလည်း သိချင်ပါတယ်
ဆီးကျိတ်ကင်ဆာအတွက်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင်ထိန်းသိမ်းပါ။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ပါ။ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်လာထုပ်၊ ပန်းမုန်လာ၊ ပန်းမုန်လာ စိမ်း စတာတွေစားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို ပန်းကန်လုံး၂လုံး ခွဲစာ နေ့စဉ်စားပေးပါ။

Health Guide
ဒေါက်တာ ဦးမိုးအောင်ကျော်နိုင်
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ