အစားအစာများကို သတင်းစာနှင့်ထုတ်ပိုးခြင်းက အန္တရာယ်ရှိ


အိန္ဒိယနိုင်ငံ အစားအသောက် စစ်ဆေးမှုနှင့် စံစနစ်ထိန်းသိမ်းရေး အဖွဲ့(FSSAI) က အစားအသောက် တွေကို သတင်းစာတွေနဲ့ ထုတ်ပိုးတဲ့အခါ သတင်းစာမှာ ပါဝင်တဲ့ ပုံနှိပ်မှင်က ကလေး၊ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတို့ရဲ့ ခုခံအား စနစ်ကိ ထိခိုက်စေတယ်လို့ သတိပေးခဲ့ပါတယ်။ FSSAI မှ တာဝန်ရှိသူ တွေက ပုံနှိပ်စာလုံးတွေမှာ အန္တရာယ် ရှိစေနိုင်တဲ့ အရောင်ဆိုးဆေးတွေ၊ ဓာတုပေါင်းစပ်ပစ္စည်းတွေ၊ ကြာရှည် ခံပစ္စည်းတွေအပြင် ရောဂါဖြစ်စေ နိုင်တဲ့ ပိုးတွေ ပေါက်ပွားစေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ ပါဝင်ပါတယ်လို့ သတိပေးခဲ့ပါတယ်။ ဒါတင်သာမကပဲ ပြန်လည် အသုံးပြုလို့ရတယ်ဆိုတဲ့ စာရွက်တွေ၊ ကတ်ထူပုံးတွေမှာပါ အစာခြေ လမ်းကြောင်းစနစ်ကို ပြဿနာဖြစ်စေပြီး အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ phthalate လို ဓာတုပစ္စည်းတွေ ပါဝင်တတ်ပါသေးတယ်။

သက်ကြီးရွယ်အိုတွေ၊ ဆယ် ကျော်သက်တွေ ကလေးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ ခုခံအားစနစ် ချို့တဲ့နေတဲ့သူတွေမှာ ကင်ဆာနဲ့ ဆက်စပ် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်ခြေက သတင်းစာစက္ကူ လို ပုံနှိပ်စာလုံးပါ စာရွက်တွေနဲ့ ထုတ်ပိုးထားတဲ့ အစားအသောက် တွေ စားမိတဲ့အခါ ပိုဆိုးစေနိုင်ပါ တယ်။ ဒါကြောင့် အိန္ဒိယအစား အသောက် စစ်ဆေးမှုနှင့် စံစနစ် ထိန်းသိမ်းရေးအဖွဲ့က သတင်းစာ စက္ကူအား အစားအစာများ ထုတ်ပိုး ခြင်း သိမ်းဆည်းခြင်းတို့အား မပြုရန် တိုက်တွန်းထားပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ